ဂျိုးဇတ် စတာလင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၄၀ -
 
'''လီနင်'''မကွယ်လွန်မှီကပင် စတာလင်ကို မနှစ်မြို့ကြောင်း အထင်အရှားပြခဲ့ပြီး ရာထူးမှထုတ်ပယ်ရန်လည်း စိတ်ကူးရှိခဲ့သည်။ မိမိအားဆက်ခံရန်အတွက်
'''[[လီယွန် ထရော့စကီထရော့စကီး]]''' ကိုလိုလားသည်။ သို့သော် ၁၉၂၄-ခုနှစ်တွင် လီနင်ကွယ်လွန်သည်နှင့် ထိုအချက်များမှာ စတာလင်၏ မထီမဲ့မြင်ပြုခြင်းခံရတော့သည်။ ပါတီအာဏာကိုလည်း အတွင်းပိုင်းမှ အရာရောက်သည့် '''[[လက်ဖ်ကာ မိနက်ဖ်]]'''၊ '''[[ဂရီဂိုရီ ဇိနောဖစ်ဗ်]]''' တို့နှင့် ပူးပေါင်းပြီး သုံးဦးကော်မတီဖွဲ့ကာ ချုပ်ကိုင်ထားသည်။ နောက်အချိန်တိုအတွင်း ထရော်စကီနှင့် သူ၏နောက်လိုက်များကို ဖယ်ရှားပြီးနောက် မိနက်ဖ်နှင့် ဇိနော်ဖစ်ဗ် တို့ကိုပါ နှိပ်ကွက်သည်။ စတာလင်သည် ထိုရာထူးကို မိမိဆက်ခံနိုင်ရေးအတွက် လီနင်မကွယ်လွန်မီက ရရှိလိုက်သော ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို လက်ဝယ်ထားလျက် လီယွန်ထရော့စကီအား လီနင်ဝါဒသွေဖည်ရေးသမား ဟု ကျေညာကာ ကွန်မြူနစ်ပါတီမှ၎င်း၊ အစိုးရအဖွဲ့မှ၎င်း ထုတ်နုတ်၍ နိုင်ငံခြားသို့ နှင်လိုက်လေသည်။ ထိုသို့ ပါတီတွင်း လူကြိုက်များသူများနှင့် နောက်လိုက်များကို ရှင်းလင်းပြီးနောက်တွင် စတာလင်သည် မိမိစိတ်တိုင်းကျ လမ်းစဉ်များကို ချမှတ်အုပ်ချုပ်သည်။ ထိုမှမကြာမှီပင် ပါတီတွင်းမှ မိမိကိုထောက်ခံသူ လက်ယာယိမ်းများအား ခြေမှုန်းပြန်သည်။ ဤသို့ဆိုလျှင် ၁၉၃၄-ခုနှစ်မှစကာ စတာလင်တစ်ယောက် ဆိုဗီယက်ပြည်ထောင်စု၏ တစ်ဦးတည်းသော အာဏာရှင်ဖြစ်လာတော့သည်။
 
== အုပ်စိုးသူဘဝ ==