အဒူမင်းညို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ံု +ုံ)
→‎အဒူမင်းညို: စာလုံးပေါင်း ပြင်ခဲ့သည်, ပိုနေသော စာများဖျက်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
==အဒူမင်းညို==
အဒူမင်းညိုသည် သက္ကရာဇ် ၈၁၇-၈၄၀ တွင် ရခိုင်ပြည် ယခု မြို့ဟောင်းဟုခေါ်သော [[မြောက်ဦးမြို့]]၌ နန်းတက်သော ရခိုင်ဘုရင် [[ဘစောဖြူ]]မင်း လက်ထက် ရခိုင်ပညာရှိ အမတ်ကြီး ဖြစ်သည်။ အဒူမင်းညိုဟူသော အမည်မှာ အဗ္ဗဒူဟူသော ဘွဲ့ရည်မည်နှင့် မင်းညိုဟူသော အမည်ကို တွဲလျက် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ အဗ္ဗဒူမင်းညိုမှ နောင်အခါ အဒူမင်းညိုဟူ၍ ခေါ်ဝေါ်အမည်တွင်ခဲ့သည်။ စာဆိုရှင် အမတ်ကြီး အဒူမင်းညို၏ အတ္ထုပ္ပတိကိုအတ္ထုပ္ပတ္တိကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။{{efn|စာဆိုမင်းညိုသည် တောင်သူလယ်သမား အမျိုးအနွယ် ဖြစ်ကြောင်း၊ ရခိုင်စာဆိုတော် အမတ်ပညာရှိအဖြစ် ထင်ရှားကြောင်း၊ ကုလားတန်မြစ်ဝ အရှေ့ဘက်ကို မြှောင်၍ တည်ရှိေသာ ဖရုံကာကျွန်း သုံးကျွန်းအနက် အလယ်ကျွန်းရှိ ဖဒူရွာတွင် ဖွားမြင်သည့်အတွက် ဖွားရာဇာတိကို စွဲ၍ "'''ဖဒူမင်းညို'''"ဟု ထင်ရှားကြောင်း ရခိုင်ပညာရှိ ဦးအောင်သာဦးက မိန့်ဆိုထားသည်။<ref>ဦးအောင်သာဦး တည်းဖြတ်သော "စာဆိုတော် ဖဒူမင်းညို၏ ဘစောဖြူမင်း-သမီးတော် ဧချင်း" စကားဦး</ref>}}
 
အဒူမင်းညိုသည် ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော် [[ဧချင်း]]ကိုရေးသည်။ ထို ဧချင်းကို ရခိုင်မင်းသမီး ဧချင်း ဟူ၍ပင် ခေါ်ကြလေသည်။ ထိုဧချင်းသည် ယခုတွေ့ရှိရသော ဧချင်းဟူသမျှတို့တွင် ရှေးဦးအကျဆုံး ဖြစ်လေသည်။<ref>စာ (၃၂၇)၊ မြန်မာစာ ညွှန့်ပေါင်းကျမ်း ပထမတွဲ။ ၁၉၉၁ နိုဝင်ဘာ.. စာပေဗိမာန်</ref>
စာကြောင်း ၆ -
 
မြန်မာစာပေ၌ တွေ့ရှိရသမျှသော ဧချင်းတကာတွင် အဟောင်းဆုံးဖြစ်သော ရခိုင်မင်းသမီး ဧချင်းကို စပ်ဆိုခဲ့သူမှာ ရခိုင်အမတ် အဒူမင်းညို ဖြစ်၏။
အဒူမင်းညိုသည် ဧချင်းမျိုးစေ့ကိုချခဲ့သူဟု ဆိုရပေမည်။ အင်းဝခေတ် စာဆိုကျော် သခင်ထွေးဧချင်းဆရာ ရှင်သူရဲနှင့် ခေတ်ပြိုင်စာဆိုသူလည်း ဖြစ်၏။ သို့ရာတွင် ရှင်သူရဲသည် သခင်ထွေးဧချင်းဆရာ [[ရှင်သူရဲ]]နှင့် ခေတ်ပြိုင်စာဆိုသူလည်း ဖြစ်၏။ သို့ရာတွင် ရှင်သူရဲသည် သခင်ထွေးဧချင်းကို ရခိုင်မင်းသမီးနောက် အနှစ်
၂ဝ ကျော်ကြာမှ စပ်ဆိုလေသည်။ အဒူမင်းညိုကား သက္ကရာဇ် ၈၁၇ မှ ၈၄ဝ ပြည့်နှစ်အထိ ရခိုင်ပြည် ယခုမြို့ဟောင်းခေါ်သော မြောက်ဦးမြို့၌ နန်းစံခဲ့သော ရခိုင်ဘုရင် ဘစောဖြူ၏ လက်ထက်တွင် အမတ်ပညာရှိကြီးအဖြစ် အမှုထမ်းရွက်နေသူ ဖြစ်၏။ ထိုအချိန်ကား အင်းဝနှင့် ရခိုင်သည် မင်းပြိုင်အုပ်စိုး၍ စာပြိုင်ဆိုသောအခါ ဖြစ်၏။ အဒူမင်းညိုသည် ရခိုင်အမတ်ကြီးပင် ဖြစ်လင့်ကစား မြန်မာမှုကို ကျွမ်းကျင်၍ မြန်မာစာပေကို ပြုစုနိုင်စွမ်းသူ ဖြစ်လေသည်။