ကာဂျစ္စတန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၄၇ -
}}
 
'''ကာဂျစ္စတန်နိုင်ငံကာဂျစ်စတန်နိုင်ငံ''' (တရားဝင်အမည်အားဖြင့် ကာဂျစ်သမ္မတနိုင်ငံ) အား ယခင်က ကာဂျစ်ဇီးယားဟု ခေါ်ဝေါ်ခဲ့ကာ [[အလယ်အာရှ|အာရှ အလယ်ပိုင်း]]တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။<ref>{{cite web|url=http://www.bbc.co.uk/news/world-asia-16187957 |title=BBC News – Kyrgyzstan profile – Leaders |publisher=Bbc.co.uk |date=14 December 2011 |accessdate=26 March 2013}}</ref>[[ကုန်းတွင်းပိတ်နိုင်ငံ]] ဖြစ်ပြီး တောင်ကုန်းထူထပ်ကာ မြောက်ဘက်တွင် [[ကာဇက်စတန်နိုင်ငံ]]၊ အနောက်ဘက်တွင် [[ဥဇဘက်ကစ္စတန်နိုင်ငံ]]၊ အနောက်တောင်ဘက်တွင် [[တာဂျစ်ကစ္စတန်နိုင်ငံ]] နှင့် အရှေ့ဘက်တွင် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] တို့က ဝိုင်းရံထားသည်။ အကြီးဆုံးမြို့နှင့် မြို့တော်မှာ ဘီရှကက်မြို့ဖြစ်သည်။
 
ကာဂျစ္စတန်နိုင်ငံ၏ သမိုင်းကြောင်းမှာ နှစ်ပေါင်း ၂၀၀၀ ကျော်မျှ ရှည်လျားပြီး အမျိုးမျိုးသော ယဉ်ကျေးမှုများနှင့် အင်ပိုင်ယာများ လွှမ်းခြုံ အုပ်မိုး တည်ရှိခဲ့ရာနိုင်ငံ ဖြစ်သည်။ ပထဝီ အနေအထားအားဖြင့် တောင်ကုန်းများ ထူထပ်စွာ တည်ရှိသော မြေမျက်နှာသွင်ပြင်ကြောင့် တသီးတခြား တည်ရှိကာ ၎င်း၏ ရှေးကျသော ယဉ်ကျေးမှုကို ထိန်းသိမ်းရန် တနည်းတဖုံ ကူညီရာ ရောက်ခဲ့သော်လည်း ကာဂျစ္စတန်နိုင်ငံသည် သမိုင်းကြောင်းအရ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီး အချို့၏ ဆုံစည်းရာ နေရာ ဖြစ်ခဲ့ပြီး [[ပိုးသားလမ်းမကြီး]] ၏ အစိတ်အပိုင်းနှင့် အခြားသော စီးပွားရေး နှင့် ယဉ်ကျေးမှု ပေါင်းဆုံရာ လမ်းကြောင်းများ၏ တစိတ်တဒေသ ဖြစ်ခဲ့သည်။ ကာဂျစ္စတန် နိုင်ငံသည် အခြားနိုင်ငံများ၏ လွှမ်းမိုးမှုကို အစဉ်သဖြင့် ခံခဲ့ရပြီး ၁၉၉၁ ခုနှစ် [[ဆိုဗီယက် ပြည်ထောင်စု]] ပြိုကွဲပြီးချိန်တွင်မှ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။
စာကြောင်း ၅၄ -
 
ကာဂျစ် လူမျိုးများသည် ၅.၇ သန်းများသော နိုင်ငံလူဦးရေ၏ အများစု ဖြစ်ပြီး သိသာစွာ များပြားသော လူနည်းစု လူမျိုးများဖြစ်သော ဥဇဘက် လူမျိုးများနှင့် ရုရှားလူမျိုးများမှ ဒုတိယအများဆုံး ဖြစ်သည်။ ရုံးသုံး ဘာသာစကား ဖြစ်သော ကာဂျစ် ဘာသာစကားမှာ အခြားသော တာ့ခ်ဘာသာစကားများနှင့် နီးစပ်စွာ ဆက်နွယ်နေသည်။ ရုရှားတို့၏ လွှမ်းမိုးခဲ့မှုကြောင့် ရုရှားဘာသာစကားကို ကျယ်ပြန့်စွာ အသုံးပြုဆဲပင် ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၆၄ ရာခိုင်နှုန်းမှာ ဂိုဏ်းဂဏစွဲ မရှိသော မွတ်ဆလင် ဘာသာဝင်များ ဖြစ်ကြသည်။<ref>"Chapter 1: Religious Affiliation". The World's Muslims: Unity and Diversity. Pew Research Center's Religion & Public Life Project. 9 August 2012. Retrieved 4 September 2013</ref> ကာဂျစ် ယဉ်ကျေးမှုသည် တာ့ခ် ယဉ်ကျေးမှုတွင် အခြေခံသော်လည်း ပါရှန်း၊ မွန်ဂိုလီးယား နှင့် ရုရှားတို့၏ လွှမ်းမိုးမှုများကို တွေ့နိုင်သည်။
 
 
==အမည်မှည့်ခေါ်ခြင်း==