မြောက်ယဉ်စွန်းတန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[Image:World map with tropic of cancer.svg|350px|thumb|မြောက်ယဉ်စွန်းတန်းအား ပြသထားသည့် ကမ္ဘာ့မြေပုံ]]
 
'''မြောက်ယဉ်စွန်းတန်း'''သည် [[ကမ္ဘာဂြိုဟ်|ကမ္ဘာမြေကြီး]]၏ မျက်နှာပြင်ပေါ်သို့ နေအလင်းတန်း တည့်တည့်မတ်မတ် ကျရောက်သည့် မြောက်ဖက်ဆုံး နေရာကို မှတ်သားထားသည့် လတ္တီတွဒ်မျဉ်း ဖြစ်သည်။ ဤအဖြစ်အပျက်သည် မြောက်ကမ္ဘာခြမ်း နေဘက်သို့ အဆုံးစွန် တိမ်းစောင်းသည့် နွေယဉ်စွန်းချိန်တွင် တစ်နှစ်တစ်ကြိမ် ဖြစ်ပွားသည်။ ကမ္ဘာ့မြေပုံပေါ်တွင် အဓိက သတ်မှတ်ထားသည့် လတ္တီတွဒ်မျဉ်းကြောင်း ၅ ကြောင်းအနက် တစ်ကြောင်း အပါအဝင်ဖြစ်သည်။ မြောက်ယဉ်စွန်းတန်းသည် ၀° (သုညဒီဂရီ) အဖြစ် သတ်မှတ်ထားသည့် [[အီကွေတာ]]မျဉ်း၏ မြောက်ဖက် ၂၃° ၂၆′ ၁၆″ တွင် တည်ရှိသည်။ ဝန်ရိုးစွန်းမှာ ၉၀° ဖြစ်သည်။ တောင်ကမ္ဘာခြမ်းတွင် အလားတူ အကွာအဝေး၌ [[တောင်ယဉ်စွန်းတန်း]] တည်ရှိသည်။
 
[[မြန်မာနိုင်ငံ]]၌ မြောက်ယဉ်စွန်းတန်းသည် [[ချင်းပြည်နယ်]]၊ [[စစ်ကိုင်းတိုင်း]]၊ [[မန္တလေးတိုင်း]]နှင့် [[ရှမ်းပြည်နယ်]]တို့ကို ဖြတ်သန်းသွားသည်။