ဟင်နရီ ဖို့ဒ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Henry_Ford.jpg|thumb|200px|၁၉၁၉ ခုနှစ်တွင် ရိုက်ကူးထားသည့် ဟင်နရီ ဖို့ဒ် ၏ ဓာတ်ပုံ]]
 
'''ဟင်နရီ ဖို့ဒ်''' (Henry Ford) သည် အမေရိကန် ဖို့ဒ် မော်တော်ကား ကုမ္ပဏီအား တည်ထောင်ခဲ့သူ ဖြစ်သည့်အပြင် မျက်မှောက်ခေတ် ကုန်ပစ္စည်းများ စီးပွားဖြစ် ထုတ်လုပ်ရာတွင် စွမ်းအားတိုးမြင့်ရေးအတွက် ပိုမိုလျင်ြမန်သည့်ပိုမိုလျင်မြန်သည့် စက်ပစ္စည်း စနစ်တကျ တပ်ဆင်မှု နည်းလမ်းကို (​assembly line) စတင်အသုံးပြုခဲ့သူ ဖြစ်သည်။ ဟင်နရီ ဖို့ဒ်အား မော်တော်ကား တီထွင်သူအဖြစ် မကြာခဏ ထင်မှတ်မှား တတ်ကြသည်။ သူသည် မော်တော်ကား လုပ်ငန်းကို တော်လှန်ပစ်သည့် တီထွင်အားကောင်းသူ တစ်ဦးဖြစ်သည်။
 
ဖို့ဒ်ကို ၁၈၆၃ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ် ဒေဘွန်မြို့၌ မွေးဖွားသည်။ သူသည် ကလေးဘဝတွင် မိသားစုလုပ်ငန်းတွင် လုပ်ကိုင်ပြီး အားလပ်သည့်အချိန်ပို၌ စက်ပစ္စည်းအလုပ်ရုံတွင် ဝင်ရောက်လုပ်ကိုင် တတ်သည်။ အသက် ၁၇ နှစ်အရွယ်တွင် ဖို့ဒ်သည် မိသားစုလုပ်ငန်းမှထွက်ကာ ဒက်ထရွိုက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး စက်ပစ္စည်းအလုပ်ရုံ၌ လုပ်ကိုင်ကာ အထူးသဖြင့် ရေနွေးငွေ့ဖြင့်မောင်းသည့် စက်များကို တာဝန်ယူ ကိုင်တွယ်သည်။