အိန္ဒိယသမုဒ္ဒရာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
အိန္ဒိယ သမုဒ္ဒရာ သည် ကမ္ဘာ့ သမုဒ္ဒရာနှင့်စပ်သော နယ်နိမိတ် အပိုင်းအခြားများ၏ တတိယ အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့ မျက်နှာပြင်ပေါ်ရှိ ရေထု ၏ ၂၀ ရာခိုင်နှုန်း ကို ဖုံးလွှမ်းထားသည်။၎င်းကို မြောက်ဘက်တွင် တောင် အာရှ ၊ အနောက်ဘက်တွင် အာဖရိက အရှေ ့ပိုင်း ၊ အရှေ ့ဘက်တွင် အင်ဒိုချိုင်းနား ၊ ဆန်းဒါးကျွန်း နှင့် သြစ တြေးလျ နှင့်တောင်ဘက်ပိုင်းတွင်တောင်ဘက်ပိုင်းသမုဒ္ဒရာ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ အန္တာတိ ကတိုက် ဖြင့် ၀န်းရံထားခြင်းခံရသည်။ ၎င်းသည် [[အိန္ဒိယနိုင်ငံ|အိန္ဒိယ နိုင်ငံအမည်ကိုနိုင်ငံ]]အမည်ကို အစွဲပြု၍ခေါ်ဆိုသည့် တစ်ခုတည်း သော သမုဒ္ဒရာ ဖြစ်သည်။
ဆက်စပ်နေသော ကမ္ဘာတစ်ဝန်းရှိသမုဒ္ဒရာ ၏ တစ်စိတ်တဒေသဖြစ်သည့် အားလျော်စွာ၊ အိန္ဒိယသမုဒ္ဒရာသည် အတ္တလန္တိတ် [[သမုဒ္ဒရာ]] မှ အရှေ ့လောင်ဂျီတွဒ် ၂၀° တွင်ရှိပြီး Cape Agulhas (သြဂယ်ဟက်(စ်) အငူ) မှ တောင်ဘက်သို့ နှင့် [[ပစိဖိတ်သမုဒ္ဒရာ|ပစိဖိတ်]] ၏ အရှေ ့လောင်ဂျီတွဒ် ၁၄၆° ၅၅' အကွာမှ ဆင်းလာသည်။
 
==တည်နေရာနှင့်ထုထည်==
စာကြောင်း ၁၈ -
သမုဒ္ဒရာ၏ ကမ်းဦးရေတိမ်များသည် ကျဉ်းမြောင်းပြီး ပျမ်းမျှ ၂၀၀ ကီလိုမီတာ (၁၂၅ မို်င်) အကျယ်ရှိသည်။ ခြွင်းချက်အနေဖြင့် သြစတေးလျ အနောက်ဘက်ကမ်းရိုးတန်းရှိကမ်းဦးရေတိမ်အကျယ်သည် ၁,၀၀၀ ကီလို မီတာ(၆၀၀ မို်င်) ထက်ပိုသည်။ သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၃,၈၉၀ မီတာ (၁၂,၇၆၀ ပေ) ရှိသည်။ ၎င်း ၏အနက်ဆုံးနေရာသည် ရ၂၅၈ မီတာရှိပြီး Java Trench[7] (ဂျာဗားမြောင်း) တွင်ရှိသည်။ ၅၀°တောင်လတ္တီ တွဒ် ၏ မြောက်ဘက်၊ အဓိကကျသောချိုင့်ဝှမ်း၏ ၈၆ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာ အနည်အနှစ်များဖြင့် ဖုံးလွှမ်းနေပြီး၊ ၎င်း၏ တစ်ဝက်ကျော်သည် globigerina ooze (အမီးဘားကဲ့သို့ အကောင်မျောလေးများ ၏ အခွံများ) ဖြစ်ကြသည်။ ကျန်ရှိသော ၁၄ ရာခိုင်နှုန်းကို ကုန်းတွင်းပိုင်း အနည်အနှစ်များဖြင့် အလွှာအထပ်ပြု ထားသည်။ ရေခဲမြစ်များ အရည်ေ ပျော်ရာမှ အနည်ပို့ချခြင်းများသည် တောင်ဘက်ပိုင်းလတ္တီတွဒ် အစွန်အဖျား များကို စိုးမိုးထားသည်။
 
အဓိက အဟန့်အတားဖြစ်စေသည့် နေရာများတွင် Bab el Mandeb (ဘတ်(လ်)မန်ဒပ်)၊ Hormuz (ဟော်မက် (ဇ်))ရေလက်ကြား၊ Lombok (လွန်ဘွတ်(ခ်)) ရေလက်ကြား၊ Malacca (မက်လာကာ) ရေလက်ကြား၊ Palk (ပက်(ခ်)) ရေလက်ကြား တို့ပါ၀င်သည်။ ပင်လယ်များအနေဖြင့် Aden (အေဒင်) ပင်လယ်ကွေ ့၊ အန်ဒမန် ပင်လယ်၊ အာရေဘီယန်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ Great Australian Bight (အလွန်ကျယ်ပြန့်သော သြစတျေးလျအတွင်းဟိုက် ကမ်းရိုးကွေ ့)၊ Laccadive (လက္ကဒိုက်(ဗ်))ပင်လယ်၊ Mannar (မန်နာ) ပင်လယ် ကွေ ့၊ Mozambique (မိုဇမ်ဘစ်) ရေလက်ကြား၊ Oman (အိုမန်) ပင်လယ်ကွေ ့၊ ပါရှန်ပင်လယ်ကွေ ့၊ ပင်လယ်နီ နှင့် အခြား ရေအစုအဝေး လက်တက် များတို့ ပါ၀င်သည်။ ၎င်းသည် စူးအက်တူးမြောင်း မှတဆင့် [[မြေထဲပင်လယ်]] ကိုသဘာဝအလျောက်မဟုတ်ဘဲ လူတို့ဖန်တီးမှုဖြင့် ဆက်သွယ်ထားပြီး ပင်လယ်နီ မှတဆင့် အဆက်အသွယ်ပြုနိုင်သည်။
 
==ရာသီဥတု==
[[အီကွေတာ]] မြောက်ဘက်ရှိ ရာသီဥတုသည် မုတ်သုန် ရာသီဥတု သက်ရောက်ခြင်းခံရသည်။ အရှေ ့မြောက် လေကြမ်းများသည် အောက်တိုဘာမှ ဧပြီလတိုင်အောင်တိုက်ခတ်ပြီး၊ မေလမှ အောက်တိုဘာလ အထိ တောင် လေနှင့် အနောက်လေတို့လွှမ်းခြုံထားသည်။ အာရေဘီယန် ပင်လယ်တွင် အားကောင်းသောမုတ်သုန်လေ သည် အိန္ဒိယတိုက်ငယ်ဆီသို့ မိုးကိုသယ်ဆောင်လာသည်။ တောင်ကမ္ဘာခြမ်းရှိ လေများသည် ယေဘုယျအား ဖြင့် အားပျော့သော်လည်း Mauritius (မြူရီးတီးယပ်(စ်) နိုင်ငံ) အနီးရှိ နွေရာသီ မုန်တိုင်းများသည် ပြင်းထန်နိုင် သည်။ မုတ်သုန်လေပြောင်းလဲသောအခါ အာရေဘီယန် ပင်လယ် ၏ ကမ်းရိုးတန်းများနှင့်ဘင်္ဂလား ပင်လယ် အော် တို့ကို ဆိုင်ကလုံးမုန်တိုင်းများ တစ်ခါတရံ တိုက်ခိုက်သည်။ အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် အနွေး ဆုံးသော သမုဒ္ဒရာဖြစ်သည်။
 
==ရေစီးဆင်းမှု၊ ဖြန့်ဝေခြင်းနှင့် အရည်အသွေး==
စာကြောင်း ၃၄ -
မျိုးတုံးလုနီးပါးဖြစ်သော ပင်လယ်ရေသတ္တဝါမျိုးစိတ်များတွင် dugong (ကြီးမားသော ပင်လယ်ရေနေ နို့တိုက် သတ္တဝါ)၊ ပင်လယ်ဖျံ၊ လိပ်များ နှင့် ဝေလငါး များပါ၀င်သည်။
ရေနံနှင့်သင်္ဘော ညစ်ညမ်းမှု သည် အာရေဘီယန် ပင်လယ်၊ ပါရှန် ပင်လယ်ကွေ ့ နှင့် ပင်လယ်နီ တို့ကို ခြိမ်းခြောက်လျက်ရှိသည်။
 
<ref>http://en.wikipedia.org/wiki/Indian_Ocean</ref>
==ကိုးကား==
<references/>