ပင်နီဆီလင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။
spam
 
စာကြောင်း ၂ -
'''ပင်နီဆီလင်''' (Penicillin) သည် [[ဘက်တီးရီးယား]] ကူးစက်မှုကြောင့် ဖြစ်ပွားသည့် ရောဂါများကို ကုသသည့် ပဋိဇီဝ ဆေး တစ်မျိုးဖြစ်သည်။ ပင်နီဆီလင်ကို စကော့တစ်ရှ် လူမျိုး သိပ္ပံပညာရှင် [[အလက်ဇန္ဒား ဖလင်းမင်း]] က ၁၉၂၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ သို့သော်လည်း ၁၉၄၀ ပြည့်နှစ် နောက်ပိုင်းမှသာ စီးပွားဖြစ် ထုတ်လုပ်လာသည်။ ပင်နီဆီလင်ကို [[ဆစ်ဖလစ်ရောဂါ]]၊ [[အာသီးရောင်ရောဂါ]]၊ [[ဦးနှောက်အမြှေးရောင်ရောဂါ]]၊ နမိုးနီးယားခေါ် [[အဆုတ်ရောင်ရောဂါ]]နှင့် အခြားရောဂါများကို ကုသရာတွင် အသုံးပြုလေ့ရှိသည်။ [[ဒုတိယ ကမ္ဘာစစ်]] ကာလအတွင်း အသုံးများခဲ့သည်။
 
Alexander Fleming က ဓာတ်ခွဲခန်းအတွင်းရှိ ဘက်တီးရီးယား မွှေးမြူသည့် petri dish ထဲတွင် မှိုတက်နေကြောင်း တွေ့ရှိခဲ့သည်။ မှိုတက်သည့်နေရာတွင် ဘက်တီးရီးယားများ ကြီးထွားခြင်း မရှိကြောင်းတွေ့ရှိရာမှ ထိုဖမ်းဂတ်စ်မှို (Fungus) များသည် ပိုးမွှားများကို သေစေကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ဩစတြေးလျသား သိပ္ပံပညာရှင် Howard Walter Florey က ပင်နီဆီလင်မှိုများကို ဆေးဝါးအဖြစ် ထုတ်လုပ်ခဲ့သည်။<ref>[https://trungtamthuoc.com/n/khang-sinh-nhom-penicillin-thong-tin-can-biet-n812.html Kháng sinh nhóm penicillin<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref>
 
အချို့လူများမှာ ပင်နီဆီလင်နှင့် မတည့်ကြပေ။ ထိုလူများ ပင်နီဆီလင်ထိုးမိလျှင် အရေပြား၌ မိတ်ကဲ့သို့ အနီကွက်များ ထခြင်း၊ အော့ချင်အန်ချင်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်သည်။ ပိုဆိုးလျှင် ကိုယ်ပူခြင်း၊ အော့အန်ခြင်း သို့မဟုတ် အလွန်အမင်း ယားယံခြင်းတို့ ဖြစ်လေ့ရှိသည်။