ဒုံးလွှတ်ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅ -
 
== ဒုံးအစ ==
တောင်ဘက် တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်း တစ်လှျောက်ဒေသသည်တစ်လျှောက်ဒေသသည် လူးလူမျိုးတို့အရပ် တစ်ဆယ့်ပနား ပင်ဖြစ်သည်။ လူး တစ်ဆယ့်ပနား ဆိုသည်မှာ လူးတို့ဒေသခရိုင် တစ်ဆယ့်နှစ် ခရိုင်ကို ဆိုလိုပါသည်။ လူး တစ်ဆယ့်နှစ်ပနား သည် စတုရန်း ကီလိုမီတာ ၂၅၀၀ဝ ကျယ်ပြီး လူဦးရေ ၆၂၀၀၀ဝ ရှိသည့်အနက် ၃၀% မှာ `တိုင်´ လူမျိုးများ ဖြစ်ကြသည်။
 
ထိုဒေသတွင် နေထိုင်ကြသော `တိုင်´ လူမျိုးတို့သည် မိစ္ဆာကောင်ကို အောင်ပွဲခံသည့် အနေဖြင့် နှစ်စဉ် ရေပက်ကစား ကြသည်။ ပထမနေ့တွင် လှေပြိုင်ပွဲ နှင့် ဒုံးလွှတ်ပွဲကို ကျင်းပကြသည်။ `တိုင်´တို့က လှေပြိုင်ပွဲနှင့် ဒုံးလွှတ်ပွဲကို နံနက်အချိန်တွင် ကျင်းပကြ၏။ တိုင်တို့ ဒုံးလွတ်ပွဲ ကျင်းပရာတွင် အမြင့်ဆုံးနှင့် အဝေးဆုံးပစ်လွှတ်သည့် ဒုံးကို အဓိက ထားလေသည်။ ယခုအချိန်ထိ ဒုံးကို အမြင့်ဆုံး ပစ်လွှတ်နိုင်သူ အနည်းငယ်သာ ရှိသေးသည်ဟု မှတ်သားရပေသည်။ တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်း တစ်လှျောက်တွင်တစ်လျှောက်တွင် နေထိုင်ကြသည့် `တိုင်´လူမျိုးတို့သည် ဒုံးလွှတ်ပွဲကို နှစ်စဉ် ကျင်းပကြကြောင်း သိရလေသည်။ ယိုးဒယားနိုင်ငံတွင်လည်း ယိုးဒယားရှမ်းတို့သည် ဒုံးလွှတ်သည့်အလေ့ရှိခဲ့ကြသည်။
 
ရှမ်းပြည်နယ်တွင် ဒုံးလွှတ်သည့် ဓလေ့ကို မည်သည့်ခုနှစ် သက္ကရာဇ်က စတင်ခဲ့သည်ဟု မှတ်တမ်းများ မတွေ့ရှိရပေ။ ယမ်းစိမ်းကို အသုံးပြုတတ် လာသည့် အချိန်လောက်က စတင်ခဲ့သည်ဟု ခန့်မှန်းရပေသည်။ သက်ကြီးရွယ်အိုများ မှတစ်ဆင့် မှတ်သားရသည်မှာ ဒုံးလွတ်သည့်ဓလေ့ စတင်ခဲ့သော အချိန်သည် နှစ်ပေါင်း (၃၀၀)ခန့် ကြာခဲ့ပြီဟု ဆို၏။ ဒုံးလွှတ်သည့် ဓလေ့ စတင်ခဲ့စဉ်က အဝေးသွားအောင် ပြုလုပ်နိုင်ခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်၏။
 
ပဒေသရာဇ် အုပ်စိုးစဉ်က မိုင်းကိုင်စော်ဘွားသည် ယမ်းပိဿာချိန် (၆၀)ရှိသည့် ဒုံးကို ပြုလုပ်ပြီး တောင်ကြီးမြို့တွင် လာလွှတ်ရန် ပြင်ဆင်သည်ဟု ဆို၏။ တောင်ကြီးမြို့သို့ ရောက်သောအခါ တောင်ကြီးမြို့တွင် အုပ်ချုပ်နေသည့် အင်္ဂလိပ်မင်းကြီးက “လွှတ်တာတော့ ဟုတ်ပြီ၊ ဘယ်မှာလွှတ်မှာလဲ၊ လွှတ်ဖို့နေရာ ရှိသလား´´ ဟု မေးရာ မိုင်းကိုင်စော်ဘွားက မည်သည့်ဘက်ကို ဦးတည်ရမှန်းမသိ ဖြစ်နေ၏။ အရမ်းလွှတ်လှျင်အရမ်းလွှတ်လျှင် ရွာရှိရာနေရာကို ကျပါက မီးဘေးကို စိုးရိမ်ရ၍ ယမ်းပိဿာ (၆၀)ရှိသည့် ဒုံးကို မိုင်းကိုင်သို့ ပြန်ယူကာ ပြန်လွှတ်ရသည် ဟူ၏။
 
`ဒုံး´ ကို ရှမ်းတို့က `လုဖိုင်´ ဟုခေါ်၏။ `လု´မှာ ရှမ်းဘာသာ စကားဖြစ်ပြီး `အလုံး´ဟု အဓိပ္ပါယ်ရသည်။ `ဖိုင်´မှာ `မီး´ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် `လုဖိုင်´မှာ မြန်မာလို (မီးလုံး)ဟု ဆိုနိုင်ပေသည်။ `ပွယ်လုဖိုင်´သည် မီးလုံးပွဲဟု ဆိုနိုင်သည်။ ဒုံးကို ပအို်ဝ်းတို့ကလည်း `လုဖိုင်´ဟုပင် ခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် အခြားလူမျိုး များကမူ ဒုံးကို `မီးရှူး´ဟု လည်းကောင်း၊ `မီးကျည်´ဟု လည်းကောင်း ခေါ်ကြသည်။ ဒုံးလွှတ်ပွဲကိုလည်း `မီးရှူးပွဲ´၊ `မီးပွဲ´ဟု ခေါ်ကြသည်။