ပုလင်း: တည်းဖြတ်မှု မူကွဲများ

အရည် ထည့်စရာ
"Bottle" စာမျက်နှာကို ဘာသာပြန်ရင်း ဖန်တီးခဲ့သည်
(ကွဲပြားမှု မရှိ)

၀၅:၂၂၊ ၂၁ နိုဝင်ဘာ ၂၀၁၉ ရက်နေ့က မူ

ပုလင်းတစ်လုံး သည် အရည်(ရေနို့ဘီယာဝိုင်မင်၊ ဟင်းချက်ဆီ၊ ဆေးဝါး၊ အချိုရည်၊ ခေါင်းလျှော်ရည် နှင့် ဓာတုပစ္စည်းများ စသည်တို့)ကို သိုလှောင်ရန်နှင့် သယ်ယူရန် ပုံစံနှင့် အရွယ်အစားအမျိုးမျိုးရှိပြီး၊ ရေမစိမ့်သော ပစ္စည်းတစ်မျိုး (ရွှံ့စေး၊ ဖန်ပလတ်စတစ်အလူမီနီယမ်စသည်) ဖြင့် ပြုလုပ်ထားသော လည်ကျဉ်းသည့် ထည့်စရာ ဖြစ်သည်။ ပုလင်းဝတွင် အတွင်း၌ ဗူးဆို့၊ အပြင်ဘက်မှ နေ၍ ဗူးဖုံး၊ အပိတ် သို့တည်းမဟုတ် လျှပ်ကူးတံဆိပ်ကို သုံး၍ အုပ်သော "အတွင်းတံဆိပ်" ဖြင့် တံဆိပ်ခတ်နိုင်သည်။ [၁] အစောဆုံးပုလင်းအချို့သည် တရုတ် ၊ ဖိုနီးရှား ၊ ကရီတီကျွန်း နှင့် ရောမတွင် တွေ့ရှိသည်။

စုပေါင်းခန္ဓာကိုယ်, ခြယ်သနှင့် glaze ပုလင်း။ 16 ရာစုရက်စွဲပါ။
ဂန္ထဝင်ဝိုင်ပုလင်း

ဝ​ေါဟာရရင်းမြစ်

 
ဘီယာပုလင်းတစ်လုံး

၁၄ ရာစုတွင် အစောဆုံး တွေ့ရှိသည်။ အင်္ဂလိပ်စာလုံး bottle သည် ပြင်သစ်ဟောင်း စကားလုံး boteille မှလည်းကောင်း၊ အောက်တန်းလက်တင် butticula မှလည်းကောင်း၊ နှောင်းပိုင်းလက်တင် buttis ( "စည်")မှလည်းကောင်း၊ ဂရိဝ​ေါဟာရပျက် လက်တင်စာလုံး βοῦττις (bouttis) ( "ခွက်")မှလည်းကောင်း ဆင်းသက်လာခြင်း ဖြစ်သည်။ [၂] [၃]

ပုလင်းအမျိုးအစားများ

ဖန်ပုလင်း

ဝိုင်ပုလင်း

ဖန်ပုလင်း သည် ဝိုင်သမိုင်းတွင် အရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုသည်၊ အဘယ်ကြောင့်ဆိုသော်အရည်အသွေးမြင့်သော အ ဆို့ရှင်နှင့် ဖော့ဆို့ နှင့်ပေါင်းစပ်သောအခါ ၎င်းသည် ဝိုင်ကို ရေရှည် ထိန်းသိမ်းထားနိုင်ခြင်းကြောင့်ဖြစ်သည်။ ဖန်တွင် ရေရှည်သိုလှောင်ရန် လိုအပ်သော အရည်အသွေးအားလုံး ရှိသည်။ ဝိုင်ရောင်းသော ကုန်သည်က လုပ်သည်မဟုတ်ဘဲ၊ ပြန်လည်ရောင်းချသော ဆိုင်ရှင်က ဝိုင်ကို ဖန်ပုလင်းသွတ်ခြင်းကို ထိုမှ အစပြုခဲ့ကြသည်။ ထိုမတိုင်မီက စပျစ်ရည်ကို စည် (ထိုမတိုင်မှီက အမ်ဖရာ amphora ဟုခေါ်သော ကရား) ဖြင့် ရောင်းချခဲ့ဖူးပြီး ဘီယာဆိုင်၌သာ ပုလင်းထည့်သည်။ ကုန်သည်များအား ယုံကြည်စိတ်ချရသောကြောင့် ၎င်းသည် လိမ်လည်မှုနှင့် မသမာမှုများအတွက် အခွင့်အရေးများကိုမကြာခဏ ဖြစ်ပွားစေခဲ့သည်။ စပျစ်ဝိုင်ထုတ်လုပ်သည့်ဒေသများ ပြင်ပ၌ သောက်သုံးသော ဝိုင်အများစုကို တစ်နည်းနည်းဖြင့် အရောအနှောရှိမည်ဟု ယူဆကြသည်။ ထို့အပြင် ကုန်သည်အားလုံးသည် ပုလင်းအတွင်း လေဝင်ခြင်း သို့မဟုတ် ညစ်ညမ်းခြင်းကို ရှောင်ရှားရန် ဂရုစိုက်ခြင်းလည်း မရှိ။ အထူးသဖြင့် ဆိပ်ကမ်း များတွင် အချို့သောယုံကြည်စိတ်ချရသော ကုန်သည်များ၏ ဆိပ်ကမ်းဟောင်းများ၏ စည်သွတ်ခြင်းသည် ယနေ့အချိန်၌ပင် စျေးနှုန်းကြီးမြင့်လာသည်။ ဤပြဿနာများကို ရှောင်ရှားရန်၊ ဝိုင်က​ောင်း အတော်များများသည် (၁၉၇၄ ခုနှစ်မှစ၍ ဆိပ်ကမ်းအားလုံးအပါအဝင်) ထုတ်လုပ်သည့်နေရာ၌ ပုလင်းသွတ်ကြတော့သည်။

ဝိုင်အတွက် အသုံးပြုသော ပုလင်းအမျိုးမျိုး အရွယ်အစားနှင့် ပုံစံမျိုးစုံရှိပါတယ်။ အချို့သောပုံစံများမှာ-

  • ဘိုးဒေါ့"Bordeaux" - ဤပုလင်းသည် အကြမ်းအားဖြင့် ပုခုံးစောင်းကောက်ကောက်၊ နံဘေးစောင်း ဖြောင့်ဖြောင့် ဖြစ်ရာ၊ အနည်ထိုင်ရန်အသုံးဝင်ပြီး၊ သိုလှောင်ရ လွယ်ကူသည်။ အစဉ်အလာအားဖြင့် Bordeaux ဖြင့် အသုံးပြုသော်လည် းယခုအခါကမ္ဘာတစ်ဝှမ်းတွင် ၎င်းသည် အသုံးအများဆုံ းအမျိုးအစား ဖြစ်နေသည်။
  • ဘားဂန်ဒီ"Burgundy" - ဘားဂန်ဒီကရားအိုးတွင် စဉ်လာအရဆိုလျှင် ၎င်းသည် အမြင့်၏ ၂/၃ ခန့်ကိုဆလင်ဒါပုံစံ အတိုအဖြစ်သို့ ကျဉ်းမြောင်းစေပြီး ပုခုံးသားမပါချေ။
  • "ရှမ်ပိန်ခွက်" - အစဉ်အလာအားဖြင့် ရှမ်ပိန် အတွက်အသုံးပြုသည်။ ၎င်းသည် ဘားဂန်ဒီကရားအိုးနှင့်ဆင်တူသော်လည်း အောက်ခြေတွင် အတန်ငယ်ကားသော ခြေထောက်ပါသည်။ ထို့အပြင် ဖိအားကြောင့် ၎င်းသည် ပိုမိုလေးလံသည်။

လည်ထစ်ပုလင်း

 
Codd- လည်ပင်းပုလင်း

၁၈၇၂ ခုနှစ်တွင် လန်ဒန်၊ ကမ်ဘာဝဲတွင် နေထိုင်သော ဗြိတိန် အချိုရည်ထုတ်လုပ်သူ ဟိရံ ကော့ဒ်(Hiram Codd) ၏ ကာဗွန်နိတ်အချိုရည်အတွက် အထူးထွင်ထားသော ပုလင်းဒီဇိုင်းကို မူပိုင်ခွင့် တင်သည်။ လည်ထစ်ပုလင်း သည် စကျင် ကျောက် နှင့် ရာဘာ ဝါရှာကို ပုလင်းလည်ပင်းတွင် ထည့်ပိတ်၍ တီထွင် ထုတ်လုပ်ထားသည်။ ပုလင်းများကိုဇောက်ထိုးဖြည့်သွင်းရပြီး၊ ပုလင်းအတွင်းရှိ ဓာတ်ငွေ့ ဖိအားသည်စကျင်ကျောက်ကို ဝါရှာအား တွန်းကန်ထားစေသည်။ ပုလင်း၌ ပုံတွင် မြင်ရသည့်အတိုင်း၊ ပုလင်းဖွင့်ရန် က​ျောက်လုံးကို တွန်းသည့် အခန်းကလေး တခန်း ပါရှိသည်။ ၎င်းက သောက်ရန် လောင်းထည့်သည့်အခါ လည်တွင် ကျောက်စရစ် တစ်ဆို့သည်ကို တားဆီးပေးသည်။

မိတ်ဆက်ပြီးမကြာမီ၊ ၎င်းပုလင်းသည် ဥရောပအာရှ နှင့် သြစတြေးလျ နိုင်ငံများ ရှိ အချိုရည်နှင့် ဘီယာထုတ်လုပ်သည့် လုပ်ငန်းများတွင် အလွန်ရေပန်းစားလာသည်။ သို့သော် အချို့သော အရက်သောက်သူများ က ထိုပုလင်းကို အသုံးပြုခြင်းကို မကျေနပ်ကြပေ။ [၄]

ပုလင်းများကို ဆယ်စုနှစ်ပေါင်းများစွာ ပုံမှန် ထုတ်လုပ်ခဲ့သော်လည်း အသုံးပြုမှု တဖြည်းဖြည်း ကျဆင်းခဲ့သည်။ စကျင်က​ျောက်လုံးကို လိုချင်သော ကလေးငယ်များက ပုလင်းများကို ခွဲပစ်လေ့ရှိ​၍ ၎င်းပုလင်းများသည် ရှားပါးပြီး အထူးသဖြင့် ဗြိတိန်၌ စုဆောင်းပစ္စည်းများ ဖြစ်လာသည်။ ယနေ့ခါတွင် လေလံပွဲတွင် ကိုဘော့အရောင်ရှိသော (စိမ်းပျစ်ပျစ်ရောင်) လည်ထစ်ပုလင်းတလုံးကို ဗြိတိန်ပေါင် ရာနှင့်ချီ၍ ဆွဲဝယ်ကြသည်။ လည်ထစ် ဒီဇိုင်းကို ဂျပန် အချိုရည် ရာမူနဲ(Ramune) နှင့် အိန္ဒိယ အချိုရည် ဘန်တာ(Banta) များတွင် အသုံးပြုဆဲ ဖြစ်သည်။ [၅]

ပလတ်စတစ်ပုလင်း

ပလတ်စတစ်ပုလင်းများကို ရေ ၊ အချိုရည် ၊ စက်ဆီ၊ ဟင်းချက်ဆီ၊ ဆေးဝါး၊ ခေါင်းလျှော်ရည်၊ နို့နှင့် မှင်စသည့် အရည်များကို သိုလှောင်ရန် ပုံမှန်အားဖြင့် အသုံးပြုသည်။ အရွယ်အစားမှာ နမူနာပုလင်းငယ်များ မှသည် အလွန်ကြီးမားသော ကားဘွမ်(Carboys)များအထိ ဖြစ်သည်။ ဖန်ပုလင်းများထက် ပလတ်စတစ်ပုလင်းများ၏ အဓိကအားသာချက်မှာ ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးတွင် ထုတ်လုပ်မှုစရိတ်နည်းခြင်းအပြင်၊ ပျက်စီးခြင်းကိုခံနိုင်ရည်ရှိသောကြောင့် ဖြစ်လေသည်။ သို့သော်ငြားလည်း၊ ပလပ်စတစ်လေထုညစ်ညမ်းမှု အပေါ် သူတို့၏ပါဝင်မှုသည် များစွာ စဉ်းစားရမည့် ကိစ္စ ဖြစ်သည်။

အလူမီနီယမ်ပုလင်း

အလူမီနီယမ်ပုလင်းသည် အလူမီနီယမ်ဖြင့် ပြုလုပ်ထားသော ပုလင်း ဖြစ်သည်။ အချို့နိုင်ငံများတွင် ၎င်းကို သံဗူးဟုလည် းခေါ်သည်။ ၎င်းသည် ဘီယာ၊ အချိုရည်၊ ဝိုင်နှင့်အခြားအရည်များကို ထည့်ထားရန်၊ အလူမီနီယမ်ဖြင့်လုံးဝ ပြုလုပ်ထားသော ပုလင်းဖြစ်သည်။

ရေပူပုလင်း

ရေပူပုလင်းတစ်လုံးသည် ရေပူကို ဖြည့်ထားသော ပုလင်းဖြစ်ကာ အနွေးဓာတ်ရရန် အသုံးပြုသည်။ ၎င်းကိုများသောအားဖြင့်ရော်ဘာဖြင့် ပြုလုပ်သော်လည်း၊ အခြားအမျိုးမျိုးသောကုန်ကြမ်းများဖြင့် ပြုလုပ်နိုင်သည်၊ သို့သော်သမိုင်းကြောင်းအရသတ္တု၊ ဖန်၊ မြေထည် သို့မဟုတ် သစ်သားဖြင့် ပြုလုပ်တတ်ကြသည်။

ပြခန်း

အထွေထွေ

ပုလင်းများကို SPI ပြန်လည်အသုံးပြုခြင်းကုဒ် အရမကြာခဏ ပြန်လည်အသုံးပြုသည် ။

ကြည့်ရှုပါ

မှတ်စုများ

  1. Soroka၊ W (2008)။ Glossary of Packaging Terminology။ IoPP။ p. 21။ ISBN 978-1-930268-27-2
  2. Bottle, Online Etymology Dictionary
  3. βοῦττις, Henry George Liddell, Robert Scott, A Greek-English Lexicon, on Perseus
  4. UK word origins
  5. "Banter about Banta"။ 

ကိုးကား

  • Soroka, W, "ထုပ်ပိုးခြင်းနည်းပညာ၏အခြေခံများ", IoPP, 2002, ISBN 1-930268-25-4
  • Yam, KL, "ထုပ်ပိုးခြင်းနည်းပညာစွယ်စုံကျမ်း"၊ John Wiley & Sons, 2009, ISBN 978-0-470-08704-6