ကမ္ဘာ့ကျန်းမာရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၅ -
WHO ညီလာခံကို ပုံမှန်အားဖြင့် နှစ်စဉ် မေလတွင် ကျင်းပပါသည်။ အထွေထွေညွှန်ကြားရေးမှူးကို ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည့်အပြင် ညီလာခံက အသင်းကြီး၏ ဘဏ္ဍာရေး မူဝါဒများကို ထည့်သွင်းစဉ်းစားပြီး၊ အဆိုပြုလာသော အစီအစဉ် ရသုံးမှန်းခြေငွေစာရင်းကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းတို့ပြုလုပ်သည်။ ညီလာခံသည် ကျန်းမာရေး ပညာရပ်တွင် အရည်အချင်းပြည့်မီသော အဖွဲ့ဝင် 34 ဦးကို သုံးနှစ်စီသက်တမ်းရှိသော အလုပ်အမှုဆောင်ဘုတ်အဖွဲ့သို့ ရွေးကောက်တင်မြှောက်သည်။ ဘုတ်အဖွဲ့၏ အဓိကလုပ်ငန်းများမှာ ယေဘုယျအားဖြင့် ညီလာခံကချမှတ်သော ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အကြံပေးရန်နှင့် ၎င်း၏လုပ်ငန်းများ လွယ်ကူချောမွေ့စေရန်တို့ ဖြစ်ပါသည်။
 
WHO ကို အဖွဲ့ဝင်နိုင်ငံများနှင့် အလှူရှင်များက ငွေကြေးထောက်ပံ့သည်။ မကြာသေးခင်နှစ်များက WHO ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပါ၀င်လာသည်။ လက်ရှိတွင် ထိုကဲ့သို့ အစုစပ်လုပ်ငန်းပေါင်း 80 ခန့်ကို NGOများနှင့်[http://en.wikipedia.org/wiki/NGO NGO] များနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ ဘီလ်နှင့်မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်း နှင့် ရော့ကဖဲလားဖောင်ဒေးရှင်း ကဲ့သို့သော ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်နှင့် ဒေသ အစိုးရများ၊ ဖောင်ဒေးရှင်းများနှင့် NGOများ၊ အခြား [http://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82 UN] အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အခန်းကဏ္ဍများမှလည်း WHO သို့ စေတနာအလျောက် ထည့်ဝင်ကြရာ ယခုအခါ အဖွဲ့ဝင်နိုင်ငံ 193 နိုင်ငံတို့၏ သတ်မှတ်ထည့်ဝင်ငွေ (ပေးရန်ရှိသော)ထက် ကျော်လွန်သွားပြီဖြစ်ပါသည်။