"မြန်မာအက္ခရာသမိုင်း" ၏ တည်းဖြတ်မှု မူကွဲများ

၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ လ
(→‎ပျူစာ: သတ်ပုံပြင်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
== ဗြာဟ္မီမှ ဆင့်ကဲဖြစ်ထွန်းလာသော အရေးအသားများ ==
ဗြာဟ္မီအရေးအသားကို[[ဗြာဟ္မီအရေးအသား]]ကို ဘီစီ ၅ ရာစုခန့်က စတင်တွေ့ရသည်။ ၎င်းသည် ဘီစီ ၃ ရာစုအတွင်း [[အာသောက|အသောက]]မင်းလက်ထက်တွင် အိန္ဒိယတစ်ခွင်တစ်ပြင်၌ ပျံ့နှံ့ထွန်းကားခဲ့သည်။
 
အသောကမင်းတည်ထောင်သော မောရိယနိုင်ငံကြီးပျက်စီးပြီးနောက် အိန္ဒိယမြောက်ပိုင်းတွင် ကုသျှာနမင်းဆက်၊ ထို့နောက် ဂုပ္တမင်းဆက်တို့ ပေါ်ပေါက်ကြီးစိုးခဲ့သည်။ ယင်းမင်းများလက်ထက် ဗြာဟ္မီအက္ခရာသည် တစ်စတစ်စ ပုံသဏ္ဌာန်ပြောင်းလဲလာသည်။ မင်းများကိုအစွဲပြု၍ ယင်းတို့လက်ထက် အရေးအသားများကို ကုသျှာနအရေးအသား၊ ဂုပ္တအရေးအသားဟု ခေါ်တွင်ခဲ့ကြသည်။ ထိုမှတဖန် အကောက်အကွေ့များသော ကုဋိလအရေးအသား၊ နာဂစာ၊ မြို့သုံးစာဟုဆိုကြသော နာဂရီအရေးအသေား၊ ရှင်းလင်းသော သျှရဒါအရေးအသား၊ ဘင်္ဂလာဒေသတစ်ခွင်တွင်သုံးသော ဘင်္ဂါလီအရေးအသားများ ဒေသအလိုက်၊ ခေတ်အလိုက် ဆင့်ပွားဖြစ်ထွန်းလာသည်။ ယင်းအရေးအသား အက္ခရာတို့သည် ကာလဒေသအလိုက် ပုံသဏ္ဌာန်အားဖြင့် တစ်စတစ်စ ခြားနားကွဲပြား လာခဲ့ကြသည်။
၆၂၁

တည်းဖြတ်မှုများ