အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

No edit summary
နန်းစံနှစ်။
စာကြောင်း ၁ -
{{cleanup}}အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၆ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရပါသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ခေတ်သစ်သမိုင်းဆရာများကမူ ရာဇဝင်ကျမ်းများကို ကျောက်စာများနှင့် ညှိနှိုင်းတွက်ချက်ကာ အလောင်းစည်သူမင်း၏ နန်းစံနှစ်ကာလကို မြန်မာနှစ် ၄၇၅-၅၂၂ (အေဒီ ၁၁၁၃-၁၁၆ဝ) ဟု ယူဆထားကြသည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ပ-ကြိမ်။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ ၉၇-၁၀၉။ သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း။ ရန်ကုန်၊ ယုံကြည်ချက်စပေ၊ ၂၀၀၅။ ၅၁။</ref>[[File:Min Sithu Nat.jpg|thumb|မင်းစည်သူ နတ်]]
{{cleanup}}
 
အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၆ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရပါသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ခေတ်သစ်သမိုင်းဆရာများကမူ ရာဇဝင်ကျမ်းများကို ကျောက်စာများနှင့် ညှိနှိုင်းတွက်ချက်ကာ အလောင်းစည်သူမင်း၏ နန်းစံနှစ်ကာလကို မြန်မာနှစ် ၄၇၅-၅၂၂ (အေဒီ ၁၁၁၃-၁၁၆ဝ) ဟု ယူဆထားကြသည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ပ-ကြိမ်။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ ၉၇-၁၀၉။ သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း။ ရန်ကုန်၊ ယုံကြည်ချက်စပေ၊ ၂၀၀၅။ ၅၁။</ref>[[File:Min Sithu Nat.jpg|thumb|မင်းစည်သူ နတ်]]
အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် [[ရာဇကုမာရ]] မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ ဘွဲ့အမည်မှာ''' ဂြီ့ဘုဝနာဒိတျာ ပဝရဓမ္မရာဇာ''' ဖြစ်သည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ်အထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇဝင်များ၌ ရေးသားဖေါ်ပြကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ၊ ကျန်စစ်သားတို့ကဲ့သို့ ဆောင်ရွက်ခဲ့သည်။ အလောင်းစည်သူဖြတ်ထုံးများဟု ဓမ္မသတ်ကျမ်း တစ်စောင်ပေါ်ခဲ့ပြီး ပြည်တွင်းကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့အား၎င်း တစ်နိုင်ငံလုံး တညီတညွတ်တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့သည်ဟု မြန်မာရာဇဝင်များ၌ ရေးသားထားသည်။ နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။ မြန်မာရာဇဝင်များ၏ ရေးသားထားချက်အရ မြန်မာဂီတနှင့် တူရိယာများသည် အလောင်းစည်သူမင်း လက်ထက် တွင်ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။