ဘန်ကောက်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉၆ -
| footnotes =
}}
'''ဘန်ကောက်မြို့'''သည် [[ထိုင်းနိုင်ငံ]]၏ အကြီးဆုံးဖြစ်သကဲ့သို့ မြို့တော်လည်းဖြစ်သည်။ ထိုင်းပင်လယ်ကွေ့ထဲသို့ စီးဝင်သော မဲနမ်မြစ်([[:en:Chao_Phraya_River|ချောင်ဖယားမြစ်ကျော့ဗြးယာ]]) ၏ မြစ်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်ကွေ့မှ ၁၅မိုင်ခန့် ကွာဝေးသည်။ မဲနမ်မြစ်သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်စီးပွားရေးအတွက် ပင်မသွေးကြောသဖွယ် ဖြစ်ပေရာ နိုင်ငံ၏အလယ်ပိုင်းဒေသများနှင့် ထိုမြစ်ကြောင်းတလျှောက်မှ ရောက်လာကြသော ဆန်စပါး၊ ကျွန်းသစ်၊ ကြက်ပေါင်စေး၊ သစ်စေ့၊ ငြုပ်ကောင်းစသည့် နိုင်ငံ၏ ထွက်ကုန်များကို ဘန်ကောက်မြို့၏ တဖက်ကမ်းရှိ ပင်လယ်သင်္ဘောဆိပ်ကမ်းမှတဆင့် နိုင်ငံခြားသို့ ပို့ရသည်။ ပိုး၊ ခြည်ထည်၊ စက်ကိရိယာ၊ ကုန်မာပစ္စည်းစသော သွင်းကုန်များကိုလည်း ဘန်ကောက်မြို့မှတဆင့် နိုင်ငံအရပ်ရပ်သို့ ဖြန့်ဖြူးရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်အတွက် ဘန်ကောက်မြို့မှတဆင့် ဆောင်ရွက်ပေးရလေသည်။
 
ဘန်ကောက်မြို့ကို အနောက်ဖက်မှ ဖြတ်သန်းစီးဆင်းသွားသော မဲနမ်မြစ်၏ တဖက်တချက်မှနေ၍ သွယ်တန်းဖောက်လုပ်ထားသော တူးမြောင်းများစွာတို့သည် မြို့ကိုဖြတ်သန်း စီးဆင်းလျက် ရှိကြရာ၊ ထိုတူးမြောင်းများကို မြို့တွင်း ကူးသန်းသွားလာရေးအတွက်လည်း အသုံးပြုကြသည်။ မြို့တွင်း၌ ယင်းသို့သော တူးမြောင်းများ ရှိကြသဖြင့်လည်း ဘန်ကောက်မြို့ကို “အရှေ့တိုင်း၏ဗင်းနစ်မြို့” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ထိုတူးမြောင်းများထဲတွင် ဆင်းရဲသားများ နေထိုင်ကြသော လှေအိမ်များနှင့် ရေပေါ်ဆိုင်များလည်း ရှိကြသည်။