"အလောင်းစည်သူ" ၏ တည်းဖြတ်မှု မူကွဲများ

၁၀ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အလောင်းစည်သူမင်းကြီးသည် နိုင်ငံတွင်း၌ စည်းလုံးမှု ပိုမိုခိုင်မြဲစေရန် နိုင်ငံတော် အုပ်ချုပ်မှုနှင့် တရား စီရင်မှုတို့ တပြေးတည်းညီညွတ်အောင် ကိုယ်တော်တိုင် ကြီးကြပ်ကြီးရှု သည့်ပြင် အများပြည်သူ လိုက်နာကြရန် ဓမ္မသတ်ကိုလည်း စီရင်ခဲ့သည်ဟု အဆိုရှိသည်။ အလောင်းစည်သူ၏ တရားစီရင် ထုံးတို့ကို စုဆောင်း၍ အလောင်းစည်သူဖြတ်ထုံးဟု ပြုစုရေးသားထားလေသည်။ ဤနည်းဖြင့် အုပ်ချုပ်မှုရေးရာများ လွယ်ကူလာပေတော့သည်။ ထိုပြင် မြန်မာနိုင်ငံ အရပ်ရပ်သို့ ကြွတော်မူ၍ ကန်ချောင်းဆည်မြောင်းပြုပြီးသော် တောင်ယာဝေ၍ လယ်ပယ်ဖွဲ့ပြီးမှ သူရဲသူခက် ဆင်လုံးမြင်းရင်းတို့ အစာဖြစ်ကောင်းသောအရာကို အစာဖြစ်စေ၍ ထိုသို့ အစုစုသော မြေတို့ကိုပေါင်း၍ ခရိုင်မြို့ပြဖြစ်ကောင်း အရာတို့ကိုလည်း ခရိုင်မြို့ပြ ဖြစ်စေသည်။ ဤသို့ စီရင်တော်မူပြီးမှ နိုင်ငံတော် အစပ်တို့တွင် ကင်းတိုကင်းရှည်ထားတော်မူသည်။ အုပ်ချုပ်ရေး၌သာမဟုတ် ကူးသန်းရောင်းဝယ်ရေး၌လည်း နိုင်ငံတော်အလုံး၌ အသုံးအဆောင် တစ်ချက်တည်း ဖြစ်စေလို သောကြောင့် ချိန်၊ ကျပ်၊ ခွဲ၊ မတ်၊ မူး၊ ပဲတို့ကိုလည်းကောင်း၊ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်၊ စလယ်တို့ကိုလည်းကောင်း တညီတညွတ်တည်း ကိုက်ညီစေရန် မင်းမိန့်ဖြင့် ပြဋ္ဌာန်းသတ်မှတ်တော်မူသည်။ ဤနည်းဖြင့် နိုင်ငံတွင်း စီးပွားရေး ဖလှယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူစေလေသည်။ ထိုပြင် နိုင်ငံသား အားလုံးတို့အား ညီညွတ်မှုဖြင့် စည်းလုံးရေး စိတ်ဓာတ်ကို ကောင်းစွာ သွတ်သွင်းပေးရာလည်း ရောက်လေသည်။
 
== မိဖုရားများနှင့် သားတော်သမီးတော်များ ==
မင်းတရားကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာမဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီပုတိုး ဂူကျောင်း စသည်တို့ကို တည်ခဲ့သည်။ မင်းတရားကြီး၏ ကောင်းမှုတော်တို့ကား ပုဂံတွင် [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုဘုရား]]၊ အညာတွင် ကျော်လေးဆူအဝင် သီဟတောဘုရားတို့ ဖြစ်ကြသည်။
မင်းကြီးတွင် ရာဇဘိသိက်ခံ မိဖုရားလေးပါး ရှိသည်။ ရတနာပုံလည်းတစ်ပါး၊ တိလောကစန္ဒာဒေဝီလည်း တစ်ပါး၊ ရာဇကုမ္မာရီလည်းတစ်ပါး၊ တောင်ပြင်သည်လည်းတစ်ပါးပေါင်းလေးပါးတည်း။ မိဖုရား ရတနာပုံတွင် မြင်သည့် သားတော် [[မင်းရှင်စော]]ကို မင်းကြီးမျက်၍ ပြည်မှ နှင်ထုတ်သောကြောင့် ပုဂံမှ အလုံးအရင်း နှင့် ထွက်သွား၍ ယခု မန္တလေးတည်ရာ အရှေ့ဘက် ထွန်တုံးပုတက်တွင် မြို့ပြတည်ထောင်နေကာ [[အောင်ပင်လယ်ကန်]]၊ တမူဆိုးကန်တို့ကို ဆည်ခဲ့သည်။
 
မိဖုရား တိလောက စန္ဒာဒေဝီကို နောက်ဦးဆောက်ပန်းဟူသော အမည်သမုတ်သည်။ ထိုမိဖုရားမှ ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော်သမီးတော်မရှိ။ မိဖုရားတောင်ပြင်တွင် သမီးတော်နှစ်ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော်မူ၏။ အငယ်ကို ရွှေချဟူ၍ မှည့်သည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ အမတ် ဓမ္မကျင်သမီးကိုလည်း ကိုယ်လုပ်တော်အဖြစ် ထားသည်။ ထိုကိုယ်လုပ်တော်မှ နရသူကို မြင်သည်။<ref>ဦးကုလား၊ မဟာရာဇဝင်၊ ၁၉၀-၂ဝ၄။</ref>
မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူသည်။ ထိုမင်းလက်ထက် ရှင်အရဟံမထေရ် ပျံလွန်တော်မူ၍ ပံ့သုကူမဟာထေရ်က သာသနာဦးဆောင်အဖြစ် ဆက်ခံရသည်။
 
== ကောင်းမှုတော်များ ==
အလောင်းစည်သူမင်းကြီးသည် တိုင်းကားနိုင်ငံတော်ကို အဘက်ဘက်မှ ပြုစုတော်မူပြီးနောက် စည်းစိမ်တော် အနှစ် ၇ဝ၊ သက်တော် ၈၅ နှစ်တွင် သားတော်အလတ် နရသူလုပ်ကြံ၍ နတ်ရွာစံတော်မူသည်။
မင်းတရားကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာမဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီပုတိုး ဂူကျောင်း စသည်တို့ကို တည်ခဲ့သည်။ မင်းတရားကြီး၏ ကောင်းမှုတော်တို့ကား ပုဂံတွင် [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုဘုရား]]၊ ရွှေဂူကြီးဘုရား၊ အညာတွင် ကျော်လေးဆူအဝင် သီဟတောဘုရားတို့ ဖြစ်ကြသည်။
 
မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူသည်။ ထိုမင်းလက်ထက် ရှင်အရဟံမထေရ် ပျံလွန်တော်မူ၍ ပံ့သုကူမဟာထေရ်က သာသနာဦးဆောင်အဖြစ် ဆက်ခံရသည်။
မင်းကြီးတွင် ရာဇဘိသိက်ခံ မိဖုရားလေးပါး ရှိသည်။ ရတနာပုံလည်းတစ်ပါး၊ တိလောကစန္ဒာဒေဝီလည်း တစ်ပါး၊ ရာဇကုမ္မာရီလည်းတစ်ပါး၊ တောင်ပြင်သည်လည်းတစ်ပါးပေါင်းလေးပါးတည်း။ မိဖုရား ရတနာပုံတွင် မြင်သည့် သားတော် [[မင်းရှင်စော]]ကို မင်းကြီးမျက်၍ ပြည်မှ နှင်ထုတ်သောကြောင့် ပုဂံမှ အလုံးအရင်း နှင့် ထွက်သွား၍ ယခု မန္တလေးတည်ရာ အရှေ့ဘက် ထွန်တုံးပုတက်တွင် မြို့ပြတည်ထောင်နေကာ [[အောင်ပင်လယ်ကန်]]၊ တမူဆိုးကန်တို့ကို ဆည်ခဲ့သည်။
 
မိဖုရား တိလောက စန္ဒာဒေဝီကို နောက်ဦးဆောက်ပန်းဟူသော အမည်သမုတ်သည်။ ထိုမိဖုရားမှ ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော်သမီးတော်မရှိ။ မိဖုရားတောင်ပြင်တွင် သမီးတော်နှစ်ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော်မူ၏။ အငယ်ကို ရွှေချဟူ၍ မှည့်သည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ အမတ် ဓမ္မကျင်သမီးကိုလည်း ကိုယ်လုပ်တော်အဖြစ် ထားသည်။ ထိုကိုယ်လုပ်တော်မှ နရသူကို မြင်သည်။<ref>ဦးကုလား၊ မဟာရာဇဝင်၊ ၁၉၀-၂ဝ၄။</ref>
 
== နတ်ရွာစံခြင်း ==
အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။ မင်းကြီးက သားတော်ငယ် [[နရသူ]]ကို ပြည်ထဲအမူကို စီရင်စေသည်။ နရသူမယ်တော်ကား [[ကျန်စစ်သား]]၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။ အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် အနှစ် (၇၀) တိုင်တိုင် သာသနာတော်မြတ် အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို သားတော် နရသူက နန်းတော်မှချ၍ ရွှေဂူဘုရားတွင် ထားလေသည်။ မင်းကြီးလည်း သတိရတော်မူသောအခါ `ငါ့နန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ ကိုယ်လုပ်တော်တို့လည်း `နန်းတော်မဟုတ် ကောင်းမူတော်´ဟု လျှောက်ကြလေသည်။ မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ ခေါင်းအုံးဖြင့်အဝတ်ပုဆိုးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။ နတ်ရွာစံချိန်တွင်အလောင်းစည်သူမင်းကြီး၏ သက်တော် ၈၅ နှစ်ဖြစ်၍ စည်းစိမ် နှစ် (၇ဝ) ဖြစ်သည်။<ref>မဟာရာဇဝင်-ပ၊ ၂ဝ၃-၂ဝ၄။</ref>
[[ဖိုင်:Min Sithu Nat.jpg|thumb]]
 
၇၀

တည်းဖြတ်မှုများ