အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

ဖြည့်စွက်ကိုးကား။
စာကြောင်း ၂ -
 
== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==
အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ အလောင်းစည်သူမင်းကို [[စောလူးမင်း]] ၏သားတော် စောယွန်းနှင့် [[ကျန်စစ်သား]]၏ သမီးတော် ရွှေအိမ်သည်တို့မှ ၁၇ ဇန်နဝါရီ၊ အေဒီ ၁၁၉၀ တွင်ဖွားမြင်သည်။ <ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဝင်၊ ၉၇။</ref> ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၆ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရပါသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ခေတ်သစ်သမိုင်းဆရာများကမူ ရာဇဝင်ကျမ်းများကို ကျောက်စာများနှင့် ညှိနှိုင်းတွက်ချက်ကာ အလောင်းစည်သူမင်း၏ နန်းစံနှစ်ကာလကို မြန်မာနှစ် ၄၇၅-၅၂၂ (အေဒီ ၁၁၁၃-၁၁၆ဝ) ဟု ယူဆထားကြသည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ပ-ကြိမ်။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ ၉၇-၁၀၉။ သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း။ ရန်ကုန်၊ ယုံကြည်ချက်စပေ၊ယုံကြည်ချက်စာပေ၊ ၂၀၀၅။ ၅၁။</ref> ကျောက်စာများတွင် တွေ့ ရသော အလောင်းစည်သူမင်း၏ ဘွဲ့ အမည်မှာ ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇာ ဖြစ်၍ ခေတ်သစ်သမိုင်းဆရာများက အခြား စည်သူဘွဲ့ ခံမင်းများနှင့် ခြားနားစေရန် စည်သူ-၁ ဟု ခွဲခြားသုံးနှုန်းကြသည်။ <ref>သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေး၊ ၅၁.</ref>
 
== အမည်ကွဲ (၇) မျိုး ==
စာကြောင်း ၂၅ -
မင်းတရားကြီးသည် နိုင်ငံတွင်း နိုင်ငံပ လှည့်လည်နေဖန်များသောအခါ နိုင်ငံတွင်း၌ ထကြွ လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။ မြန်မာနိုင်ငံ တောင်ဘက်အစွန်းဒေသဖြစ်သော တနင်္သာရီ၌ ထကြွသဖြင့် ကိုယ်တော်တိုင် ချီတက်နှိမ်နင်းရ၏။ ရခိုင်တောင်ပိုင်းမှ သက်တို့၏ဘုရင် ကတုံထကြွသည်ကိုလည်း နှိမ်နင်းရသည်။ ရခိုင်ပြည်တောင်ပိုင်း၌ မင်းရိုးဘီလူးကို သူပုန် အမတ်လုပ်ကြံ၍ ဆုံးသည်တွင် မင်းဘီးလူးသား မင်းရဲဘယ အကူအညီ ရလိုရငြားဟူ၍ ဘိုးတော် ကျန်စစ်သားမင်းကြီး လက်ထက်က လာရောက်ခစားသည်။ အခွင့်မရပေ။ မင်းရဲဘယ လွန်၍ သူ၏သား လက်ယာမင်းနန်း အလောင်းစည်သူထံ ခစားရသည်။ ထိုတွင်မှ အလောင်းစည်သူ ရခိုင်ကိုတိုက်၍ လက်ယာမင်းနန်ကို နန်းတင်ရသည်။
 
အလောင်းစည်သူမင်းကြီးသည် နိုင်ငံတွင်း၌ စည်းလုံးမှု ပိုမိုခိုင်မြဲစေရန် နိုင်ငံတော် အုပ်ချုပ်မှုနှင့် တရား စီရင်မှုတို့ တပြေးတည်းညီညွတ်အောင် ကိုယ်တော်တိုင် ကြီးကြပ်ကြီးရှု သည့်ပြင် အများပြည်သူ လိုက်နာကြရန် ဓမ္မသတ်ကိုလည်း စီရင်ခဲ့သည်ဟု အဆိုရှိသည်။ အလောင်းစည်သူ၏ တရားစီရင် ထုံးတို့ကို စုဆောင်း၍ အလောင်းစည်သူဖြတ်ထုံးဟု ပြုစုရေးသားထားလေသည်။ ဤနည်းဖြင့် အုပ်ချုပ်မှုရေးရာများ လွယ်ကူလာပေတော့သည်။ ထိုပြင် မြန်မာနိုင်ငံ အရပ်ရပ်သို့ ကြွတော်မူ၍ ကန်ချောင်းဆည်မြောင်းပြုပြီးသော် တောင်ယာဝေ၍ လယ်ပယ်ဖွဲ့ပြီးမှ သူရဲသူခက် ဆင်လုံးမြင်းရင်းတို့ အစာဖြစ်ကောင်းသောအရာကို အစာဖြစ်စေ၍ ထိုသို့ အစုစုသော မြေတို့ကိုပေါင်း၍ ခရိုင်မြို့ပြဖြစ်ကောင်း အရာတို့ကိုလည်း ခရိုင်မြို့ပြ ဖြစ်စေသည်။ ဤသို့ စီရင်တော်မူပြီးမှ နိုင်ငံတော် အစပ်တို့တွင် ကင်းတိုကင်းရှည်ထားတော်မူသည်။ အုပ်ချုပ်ရေး၌သာမဟုတ် ကူးသန်းရောင်းဝယ်ရေး၌လည်း နိုင်ငံတော်အလုံး၌ အသုံးအဆောင် တစ်ချက်တည်း ဖြစ်စေလို သောကြောင့် ချိန်၊ ကျပ်၊ ခွဲ၊ မတ်၊ မူး၊ ပဲတို့ကိုလည်းကောင်း၊ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်၊ စလယ်တို့ကိုလည်းကောင်း တညီတညွတ်တည်း ကိုက်ညီစေရန် မင်းမိန့်ဖြင့် ပြဋ္ဌာန်းသတ်မှတ်တော်မူသည်။ ဤနည်းဖြင့် နိုင်ငံတွင်း စီးပွားရေး ဖလှယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူစေလေသည်။ ထိုပြင် နိုင်ငံသား အားလုံးတို့အား ညီညွတ်မှုဖြင့် စည်းလုံးရေး စိတ်ဓာတ်ကို ကောင်းစွာ သွတ်သွင်းပေးရာလည်း ရောက်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၄။ ရန်ကုန်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၇၅။ ၂၇၃-၂၇၅။</ref>
 
== မိဖုရားများနှင့် သားတော်သမီးတော်များ ==
စာကြောင်း ၃၃ -
 
== ကောင်းမှုတော်များ ==
မင်းတရားကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာမဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီပုတိုး ဂူကျောင်း စသည်တို့ကို တည်ခဲ့သည်။ မင်းတရားကြီး၏ ကောင်းမှုတော်တို့ကားထင်ရှားသော ကောင်းမှုတော်တို့မှာ ပုဂံတွင် ရွှေဂူကြီးဘုရား၊ [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုဘုရားသဗ္ဗညုဘုရား၊]]၊ ရွှေဂူကြီးဘုရား၊ အညာတွင် သရက္ခန်စေတီတော်များ၊ ကျော်လေးဆူအဝင် သီဟတောဘုရားတို့သီဟတောဘုရား၊ ပခုက္ကူ ရွှေဂူကြီးဘုရား၊ သီဟိုဠ်ရှင်ဘုရား၊ ဖောင်တော်ဦး ဘုရား၊ စစ်ကိုင်း ရှင်ဖြူ၊ ရှင်လှဘုရား စသည်တို့ဖြစ်သည်။ ရွှေဂူကြီး ဘုရားနှင့် သဗ္ဗညုဘုရားတွင် ကြေးစင်တစ်သောင်းသွန်းသော ခေါင်းလောင်းကြီးတစ်လုံးစီ သွန်းလုပ်လှူဒါန်းတော်မူ၏။ <ref>မဟာရာဇဝင်-ပ၊ ဖြစ်ကြသည်။၁၉၉။</ref>
 
မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူသည်။<ref>မှန်နန်းရာဇဝင်တော်ကြီး-ပ၊ ၃၀၆-၃၀၇။</ref> ထိုမင်းလက်ထက် ရှင်အရဟံမထေရ် ပျံလွန်တော်မူ၍ ပံ့သုကူမဟာထေရ်ကစိမ်းညက်မင်းသားတော် မဟာထေရ် သာသနာဦးဆောင်အဖြစ် ဆက်ခံရသည်။ သွားလေရာရာ ရွှေထမ်းစင်ဖြင့်သွားရ၏။ သီလဝန် ဂုဏဝန်နှင့် ပြည်စုံတော်မူသော အာနန္ဒာမထေရ်၊ ဗောဓိမထေရ်တို့အားလည်း အရိုးအရွက်ရွှေသံလျင်း လှူတော်မူ၏။<ref>တွင်းသင်းမြန်မာရာဇဝင်သစ်-ပ၊ ၁၁၇။</ref>
 
== နတ်ရွာစံခြင်း ==