အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

ဖြည့်စွက်
ဖြည့်စွက်
စာကြောင်း ၁ -
အလောင်းစည်သူမင်းကြီးသည် မြန်မာသက္ကရာဇ် ၄၇၅-၅၅၂ အေဒီ (၁၁၁၃-၁၁၆ဝ) ကာလအတွင်း ပုဂံထီးနန်းကို စိုးစံသွားခဲ့သည့် ဘုရင်ဖြစ်၍ [[ကျန်စစ်သား|ကျန်စစ်သားမင်း]]၏ မြေးတော်ဖြစ်သည်။ ပုဂံဘုရင်များအနက် နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သဖြင့် သက်တော်ရှည်ဟုလည်း အမည် တွင်သည်။ မြန်မာဘုရင်များတွင် <nowiki>''</nowiki>စည်သူ" ဘွဲ့ ကို ပထမဆုံး ခံယူခဲ့သည် ဘုရင်ဖြစ်လည်းဖြစ်သည်။ ယနေ့ခေတ်ပုဂံမြို့ဟောင်းရှိ [[ပုဂံခေတ်]] ဂူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုစေတီ]]တော်ကြီး၏ ဒါယကာလည်းဖြစ်၍ ထိုမင်းလက်ထက်တွင် ပုဂံစေတီ ပုထိုးများ၏ ဂူကျောင်းလက်ရာပုံစံများ စတင်တိုးတက်ပြောင်းလဲခဲ့သည်။ အလောင်းစည်သူမင်းကြီးသည် သူ၏ကောင်းမှု ရွှေဂူကြီးဘုရားနံရံတွင် ပုဂံခေတ်၏ အရှည်လျားဆုံး ပါဠိကျောက်စာနှစ်မျက်နှာ ဆုတောင်းစာကြီးကို ရေးထိုးထားခဲ့သည်။ ဤ ပါဠိကျောက်စာ အရေးအသားမှာ အထူးအဆင့်တန်းမြင့်မားကြောင်း<ref>သန်းထွန်း၊ ဒေါက်တာ။ ပုဂံခေတ်နိုင်ငံရေး။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။</ref> ပညာရှင်များသုံးသပ်ထားကြ၍ ယင်းအချက်သည် အလောင်းစည်သူမင်းကြီးလက်ထက်အတွင်း ဗုဒ္ဓသာသနာ အထူးစည်ပင်ထွန်းကားခဲ့ကြောင်း ဖော်ပြနေသည်။{{Infobox royalty|name=အလောင်းစည်သူ|title=ၐြီတြိဘု၀နာဒိတျပ၀ရဓမ္မရာဇာ|reign=၁၁၁၃-၁၁၆၀|predecessor=ကျန်စစ်သား|successor=နရသူ|birth_date=၁၇ ဇန်နဝါရီ ၁၁၉၀|consort=ရတနာပုံမိဖုရား|image=https://www.gomyanmartours.com/wp-content/uploads/2015/10/Min-Sithu-Nat.jpg}}{{cleanup}}ဘုရင်
| အမည် =အလောင်းစည်သူမင်း
 
| ဓာတ်ပုံ =Min_Sithu_Nat.jpg
| သက်တမ်း =အေဒီ ၁၁၁၃-၁၁၆၀
| နန်းသက် =၄၇
| အမည်အပြည့်အစုံ =အလောင်းစည်သူမင်း
| ငယ်မည် =
| ဘွဲ့အမည် =သီရိ တြိဘု၀နာဒိတျာပ၀ရ ဓမ္မရာဇာ
| အမည်ကွဲ =ရွှေဂူဒါယကာ၊ သက်တော်ရှည်
| နံတော် =ကြာသာပတေး
| မွေးဖွားသည့်နေ့ =၁၁၉၀
| မွေးရာဇာတိ =ပုဂံ
| ဖခမည်းတော် =စောယွမ်း
| မယ်တော် =ရွှေအိမ်သည်
| ကိုးကွယ်သည့်ဘာသာ =ဗုဒ္ဓဘာသာ
| ကြင်ရာတော် =ရတနာပုံမိဖုရား
| နန်းစံရာနေပြည်တော် =ပုဂံ
| နတ်ရွာစံသည့်နေ့ =အေဒီ ၁၁၆၀
| နတ်ရွာစံသည့်နေရာ=ရွှေဂူကြီးဘုရား
| မြှုပ်နှံရာနေရာ=
| ဆက်ခံခဲ့သောမင်း=ကျန်စစ်သားမင်း
| ဆက်ခံမည့်မင်း =နရသူ
| မင်းဆက်=ပုဂံမင်းဆက်
}}
== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==
အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ အလောင်းစည်သူမင်းကို [[စောလူးမင်း]] ၏သားတော် စောယွန်းနှင့် [[ကျန်စစ်သား]]၏ သမီးတော် ရွှေအိမ်သည်တို့မှ ၁၇ ဇန်နဝါရီ၊ အေဒီ ၁၁၉၀ တွင်ဖွားမြင်သည်။ <ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဝင်၊ ၉၇။</ref> ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၆ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရပါသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ခေတ်သစ်သမိုင်းဆရာများကမူ ရာဇဝင်ကျမ်းများကို ကျောက်စာများနှင့် ညှိနှိုင်းတွက်ချက်ကာ အလောင်းစည်သူမင်း၏ နန်းစံနှစ်ကာလကို မြန်မာနှစ် ၄၇၅-၅၂၂ (အေဒီ ၁၁၁၃-၁၁၆ဝ) ဟု ယူဆထားကြသည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ပ-ကြိမ်။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ ၉၇-၁၀၉။ သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။ ၅၁။</ref> ကျောက်စာများတွင် တွေ့ ရသော အလောင်းစည်သူမင်း၏ ဘွဲ့ အမည်မှာ ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇာ ဖြစ်၍ ခေတ်သစ်သမိုင်းဆရာများက အခြား စည်သူဘွဲ့ ခံမင်းများနှင့် ခြားနားစေရန် စည်သူ-၁ ဟု ခွဲခြားသုံးနှုန်းကြသည်။ <ref>သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေး၊ ၅၁.</ref>