"အလောင်းစည်သူ" ၏ တည်းဖြတ်မှု မူကွဲများ

၆၅၅၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
ဖြည့်စွက်
(ဖြည့်စွက်)
(ဖြည့်စွက်)
အလောင်းစည်သူမင်းကြီးသည် မြန်မာသက္ကရာဇ် ၄၇၅-၅၅၂ အေဒီ (၁၁၁၃-၁၁၆ဝ) ကာလအတွင်း ပုဂံထီးနန်းကို စိုးစံသွားခဲ့သည့် ဘုရင်ဖြစ်၍ [[ကျန်စစ်သား|ကျန်စစ်သားမင်း]]၏ မြေးတော်ဖြစ်သည်။ ပုဂံဘုရင်များအနက် နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သဖြင့် သက်တော်ရှည်ဟုလည်း အမည် တွင်သည်။ မြန်မာဘုရင်များတွင် <nowiki>''</nowiki>စည်သူ" ဘွဲ့ ကို ပထမဆုံး ခံယူခဲ့သည် ဘုရင်ဖြစ်လည်းဖြစ်သည်။ ယနေ့ခေတ်ပုဂံမြို့ဟောင်းရှိ [[ပုဂံခေတ်]] ဂူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုစေတီ]]တော်ကြီး၏ ဒါယကာလည်းဖြစ်၍ ထိုမင်းလက်ထက်တွင် ပုဂံစေတီ ပုထိုးများ၏ ဂူကျောင်းလက်ရာပုံစံများ ခေတ်ဦးပုံစံမှ ခေတ်လယ်ပုံစံသို့ စတင်တိုးတက်ပြောင်းလဲခဲ့သည်။ အလောင်းစည်သူမင်းကြီးသည် သူ၏ကောင်းမှု ရွှေဂူကြီးဘုရားနံရံတွင် ပုဂံခေတ်၏ အရှည်လျားဆုံး ပါဠိကျောက်စာနှစ်မျက်နှာ ဆုတောင်းစာကြီးကို ရေးထိုးထားခဲ့သည်။ ဤ ပါဠိကျောက်စာ အရေးအသားမှာ အထူးအဆင့်တန်းမြင့်မားကြောင်း<ref>သန်းထွန်း၊ ဒေါက်တာ။ ပုဂံခေတ်နိုင်ငံရေး။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။</ref> ပညာရှင်များသုံးသပ်ထားကြ၍ ယင်းအချက်သည် အလောင်းစည်သူမင်းကြီးလက်ထက်အတွင်း ဗုဒ္ဓသာသနာ အထူးစည်ပင်ထွန်းကားခဲ့ကြောင်း ဖော်ပြနေသည်။ အလောင်းစည်သူမင်းကြီးသည် သူ၏လက်ထက်တွင် နိုင်ငံအနှံ့ လှည့်လည်ကာ ကန်၊ ချောင်း၊ ဆည်မြောင်းများတူးဖော်စေခဲ့၍ လယ်၊ ယာများ တိုးချဲ့ လုပ်ကိုင်စေခဲ့သည့်အပြင် ခရိုင်၊ မြို့ပြများလည်း တည်ထောင်စေခဲ့သည်။ စီးပွားကူးသန်းရေး ပိုမိုတွင်ကျယ်စေရန် အလေး၊ အချိန်အတွယ်၊ အတိုင်းအတာများကိုလည်း တသမတ်တည်းဖြစ်စေခဲ့သည်။ နိုင်ငံနယ်နိမိတ်များတွင်လည်း ကင်းတို၊ ကင်းရှည်စောင့်ကြပ်စေခဲ့သည်။ ရောက်ရှိရာဒေသများတွင် သိမ်နှင့်ဘုရား၊ ကျောင်းနှင့်စည်းခုံ၊ ပုထိုးနှင့်ဂူ စသည်တို့ကိုလည်း များစွာတည်ထားခဲ့သည်။{{Infobox ဘုရင်
| အမည် =အလောင်းစည်သူမင်း
| ဓာတ်ပုံ =Min_Sithu_Nat.jpg
}}
== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==
အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ အလောင်းစည်သူမင်းကို [[စောလူးမင်း]] ၏သားတော် စောယွန်းနှင့် [[ကျန်စစ်သား]]၏ သမီးတော် ရွှေအိမ်သည်တို့မှ ၁၇ ဇန်နဝါရီ၊ အေဒီ ၁၁၉၀ တွင်ဖွားမြင်သည်။ <ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဝင်၊ ၉၇။</ref> ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၆ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရပါသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ခေတ်သစ်သမိုင်းဆရာများကမူ ရာဇဝင်ကျမ်းများကို ကျောက်စာများနှင့် ညှိနှိုင်းတွက်ချက်ကာ အလောင်းစည်သူမင်း၏ နန်းစံနှစ်ကာလကို မြန်မာနှစ် ၄၇၅-၅၂၂ (အေဒီ ၁၁၁၃-၁၁၆ဝ) ဟု ယူဆထားကြသည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ပ-ကြိမ်။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ ၉၇-၁၀၉။ သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။ ၅၁။</ref> ကျောက်စာများတွင် တွေ့ ရသော အလောင်းစည်သူမင်း၏ ဘွဲ့ အမည်မှာ ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇာ ဖြစ်၍ ခေတ်သစ်သမိုင်းဆရာများက အခြား စည်သူဘွဲ့ ခံမင်းများနှင့် ခြားနားစေရန် စည်သူ-၁ ဟု ခွဲခြားသုံးနှုန်းကြသည်။ <ref>သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေး၊ ၅၁.</ref> အလောင်းစည်သူမင်းသည် အေဒီ ၁၁၉၀ တွင်ဖွားမြင်သူဖြစ်ရာ ပုဂံထီးနန်းကို ဆက်ခံချိန်တွင် အသက် (၂၃) မျှသာရှိသေးသည်။
 
== အမည်ကွဲ (၇) မျိုး ==
အလောင်းစည်သူမင်းကြီးနှင့် ပတ်သက်၍ အမည်ကွဲ (၇) မျိုးကို မဟာရာဇဝင်ကြီးတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
မင်းတရားကြီးကား အမည်ခုနစ်မျိုးဖြင့် ထင်ရှားခဲ့ကြောင်းဖြင့် မဟာရာဇဝင်ကြီး၌ ဆိုသည်။
 
# ဖွားမြင်သည်နှင့် အိမ်ရှင်စည်ကြီးမြည်သည်ကို အကြောင်းပြု၍ အချို့သော ရာဇဝင်တွင် ''လောင်းစည်သျှူ'' ဟူ၍ ရေးမှတ်ကြသည်။
 
== ထီးနန်းရရှိခြင်းနှင့်ဆောင်ရွက်ချက်များ ==
အလောင်းစည်သူအား ဖွားမြင်သောအခါ ဥကင်သတံခါးလည်း သူမဖွင့်ပဲပွင့်သည်။သူမဖွင့်ဘဲ ပွင့်သည်။ အိမ်ရှင်စည်ကြီးလည်း သူမတီးပဲ အလိုလိုမြည်သည်။ မင်းသားလည်း ဖွားသည့်နေ့မှစ၍ ပြင်းပြစွာ မဆိတ်မညံငိုသည်။ ထီးလှိုင်ရှင် မင်းကြီးလည်း မြေးတော် ငိုသောအကြောင်းကို ဟူးရားဖြူ ဟူးရားညိုတို့အား မေးတော်မူ၏။ ဟူးရားဖြူ ဟူးရားညိုတို့လည်း မြေးတော်သည် တိုင်းကားနိုင်ငံ အပိုင်းအခြားကို သိလို၍ ငိုပါသည်ဟု နားတော်လျှောက်၏။ ထိုအခါ ထီးလှိုင်ရှင် ကျန်စစ်သားမင်းလည်း နိုင်ငံအပိုင်းအခြားကို ရွှေပေတွင် ရေးစေ၍ ဖတ်လျှောက်မှ ငိုသံဆိတ်သောဟူ၏။ ထိုသို့ အံ့ဖွယ်သူရဲကို ဘိုးတော်မြင်လျှင် ''ငါ့မြေးတော်နန်းကို ငါစောင့်ခြင်းသာ ဖြစ်ပါသည်''ဟူ၍ မိန့်တော်မူပြီးသော် မြေးတော်ကို ရင်ခွင်၌ပိုက်လျက်ရာဇပလ္လင်ထက် တင်၍ သီရိဇေယျသူရဟူသော အမည်နှင့် ဘိသိက်သွန်း၍ မင်းမြှောက်တော်မူသည်။ စည်သူ ဟုသော အမည်မှာ ဇေယျသူရ မှ ပြောင်းလဲလာသော အမည်ဖြစ်သည်။
[[File:Statute of King Alaungsithu.jpg|180px|thumb|[[မန္တလေး နန်းတော်]]အတွင်းရှိ ရုပ်တု]]
 
သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ကျန်စစ်သားမင်း နတ်ရွာစံသော် မြေးတော် အလောင်းစည်သူ နန်းတက်သည်။နန်းတက်၏။ နိုင်ငံတော် ကာကွယ်ရေးကို အနော်ရထာမင်းစောနှင့် ကျန်စစ်သားမင်းတို့က ဆောင်ရွက်ခဲ့သဖြင့် အင်အား တောင့်တင်းခဲ့ပြီဖြစ်၍ အလောင်းစည်သူမင်းကြီးသည် နိုင်ငံခြား ဆက်သွယ်ရေးကို အထူးအရေးပေး ဆောင်ရွက်တော်မူရာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခရီးရောက်ခဲ့သည်။ မင်းကြီးသည် ပုသိမ် သင်္ဘောဆိပ်မှာ မလ္လာယုကျွန်းဆွယ်သို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းရှိ ကျွန်းများသို့လည်းကောင်း၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ရှိ ကမ်းရိုးတန်းဒေသများသို့ လည်းကောင်း ရေလမ်းခရီးဖြင့် သွားရောက်ခဲ့လေသည်။ ထိုနောက် ကုန်းလမ်းခရီးဖြင့် တရုတ်ပြည်သို့လည်း စွယ်တော်ပင့်ရန် ရောက်ကြောင်းနှင့် ဆိုသည်။ အိန္ဒိယနိုင်ငံ အရှေ့ကမ်းရိုးတန်းတစ်လျှောက် သွားလာစဉ် ပဋိက္ကယားကုလားမင်းက သမီးတော် ဆက်၍ မဟာမိတ် ပြုတော်မူသည်။ ဗုဒ္ဓဂယာဒေသသို့လည်း သံအမတ်များစေလွှတ်၍ သာသနာတော် အဆောက်အအုံများကို မွမ်းမံစေခဲ့သည်။ မဟာဗောဓိရှိရာ မဇ္ဈီမဒေသကျောက်စာတွင်မဇ္ဈိမ ဒေသကျောက်စာတွင် အလောင်းစည်သူကို ပျူတစ်သိန်းမင်းဟု ရေးထိုးထားသည်ကို တွေ့ရ၏။
 
မင်းတရားကြီးသည် နိုင်ငံတွင်း နိုင်ငံပ လှည့်လည်နေဖန်များသောအခါ နိုင်ငံတွင်း၌ ထကြွ လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြန်သည်။ မြန်မာနိုင်ငံ တောင်ဘက်အစွန်းဒေသဖြစ်သော တနင်္သာရီ၌ ထကြွသဖြင့် ကိုယ်တော်တိုင် ချီတက်နှိမ်နင်းရ၏။ ရခိုင်တောင်ပိုင်းမှ သက်တို့၏ဘုရင် ကတုံထကြွသည်ကိုလည်း နှိမ်နင်းရသည်။ ရခိုင်ပြည်တောင်ပိုင်း၌ မင်းရိုးဘီလူးကို သူပုန် အမတ်လုပ်ကြံ၍ ဆုံးသည်တွင် မင်းဘီးလူးသား မင်းရဲဘယ အကူအညီ ရလိုရငြားဟူ၍ ဘိုးတော် ကျန်စစ်သားမင်းကြီး လက်ထက်က လာရောက်ခစားသည်။ အခွင့်မရပေ။ မင်းရဲဘယ လွန်၍ သူ၏သား လက်ယာမင်းနန်း အလောင်းစည်သူထံ ခစားရသည်။ ထိုတွင်မှ အလောင်းစည်သူ ရခိုင်ကိုတိုက်၍ လက်ယာမင်းနန်ကို နန်းတင်ရသည်။
အလောင်းစည်သူမင်းကြီးသည် နိုင်ငံတွင်း၌ စည်းလုံးမှု ပိုမိုခိုင်မြဲစေရန် နိုင်ငံတော် အုပ်ချုပ်မှုနှင့် တရား စီရင်မှုတို့ တပြေးတည်းညီညွတ်အောင် ကိုယ်တော်တိုင် ကြီးကြပ်ကြီးရှု သည့်ပြင် အများပြည်သူ လိုက်နာကြရန် ဓမ္မသတ်ကိုလည်း စီရင်ခဲ့သည်ဟု အဆိုရှိသည်။ အလောင်းစည်သူ၏ တရားစီရင် ထုံးတို့ကို စုဆောင်း၍ အလောင်းစည်သူဖြတ်ထုံးဟု ပြုစုရေးသားထားလေသည်။ ဤနည်းဖြင့် အုပ်ချုပ်မှုရေးရာများ လွယ်ကူလာပေတော့သည်။ ထိုပြင် မြန်မာနိုင်ငံ အရပ်ရပ်သို့ ကြွတော်မူ၍ ကန်ချောင်းဆည်မြောင်းပြုပြီးသော် တောင်ယာဝေ၍ လယ်ပယ်ဖွဲ့ပြီးမှ သူရဲသူခက် ဆင်လုံးမြင်းရင်းတို့ အစာဖြစ်ကောင်းသောအရာကို အစာဖြစ်စေ၍ ထိုသို့ အစုစုသော မြေတို့ကိုပေါင်း၍ ခရိုင်မြို့ပြဖြစ်ကောင်း အရာတို့ကိုလည်း ခရိုင်မြို့ပြ ဖြစ်စေသည်။ ဤသို့ စီရင်တော်မူပြီးမှ နိုင်ငံတော် အစပ်တို့တွင် ကင်းတိုကင်းရှည်ထားတော်မူသည်။ အုပ်ချုပ်ရေး၌သာမဟုတ် ကူးသန်းရောင်းဝယ်ရေး၌လည်း နိုင်ငံတော်အလုံး၌ အသုံးအဆောင် တစ်ချက်တည်း ဖြစ်စေလို သောကြောင့် ချိန်၊ ကျပ်၊ ခွဲ၊ မတ်၊ မူး၊ ပဲတို့ကိုလည်းကောင်း၊ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်၊ စလယ်တို့ကိုလည်းကောင်း တညီတညွတ်တည်း ကိုက်ညီစေရန် မင်းမိန့်ဖြင့် ပြဋ္ဌာန်းသတ်မှတ်တော်မူသည်။ ဤနည်းဖြင့် နိုင်ငံတွင်း စီးပွားရေး ဖလှယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူစေလေသည်။ ထိုပြင် နိုင်ငံသား အားလုံးတို့အား ညီညွတ်မှုဖြင့် စည်းလုံးရေး စိတ်ဓာတ်ကို ကောင်းစွာ သွတ်သွင်းပေးရာလည်း ရောက်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၄။ ရန်ကုန်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၇၅။ ၂၇၃-၂၇၅။</ref>
 
== မိဖုရားများ၊ သားတော်သမီးတော်များနှင့် ဆွေမျိုးအဆက်နွယ်များ ==
== မိဖုရားများနှင့် သားတော်သမီးတော်များ ==
မင်းကြီးတွင် ရာဇဘိသိက်ခံ မိဖုရားလေးပါး ရှိသည်။ ရတနာပုံလည်းတစ်ပါး၊ တိလောကစန္ဒာဒေဝီလည်း တစ်ပါး၊ ရာဇကုမ္မာရီလည်းတစ်ပါး၊ တောင်ပြင်သည်လည်းတစ်ပါးပေါင်းလေးပါးတည်း။ မိဖုရား ရတနာပုံတွင် မြင်သည့် သားတော် [[မင်းရှင်စော]]ကို မင်းကြီးမျက်၍ ပြည်မှ နှင်ထုတ်သောကြောင့် ပုဂံမှ အလုံးအရင်း နှင့် ထွက်သွား၍ ယခု မန္တလေးတည်ရာ အရှေ့ဘက် ထွန်တုံးပုတက်တွင် မြို့ပြတည်ထောင်နေကာ [[အောင်ပင်လယ်ကန်]]၊ တမူဆိုးကန်တို့ကို ဆည်ခဲ့သည်။
 
မိဖုရား တိလောက စန္ဒာဒေဝီကို နောက်ဦးဆောက်ပန်းဟူသော အမည်သမုတ်သည်။ ထိုမိဖုရားမှ ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော်သမီးတော်မရှိ။ မိဖုရားတောင်ပြင်တွင် သမီးတော်နှစ်ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော်မူ၏။ အငယ်ကို ရွှေချဟူ၍ရွှေချူဟူ၍ မှည့်သည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ အမတ် ဓမ္မကျင်သမီးကိုလည်း ကိုယ်လုပ်တော်အဖြစ် ထားသည်။ ထိုကိုယ်လုပ်တော်မှ နရသူကို မြင်သည်။<ref>ဦးကုလား၊ မဟာရာဇဝင်၊ ၁၉၀-၂ဝ၄။</ref>
 
အလောင်းစည်သူမင်းကြီးတွင် စောမင်းလှအမည်ရှိသော နှမတော်တစ်ဦးရှိကြောင်းလည်း သိရသည်။ နှမတော်စောမင်းလှနှင့် ခင်ပွန်းဖြစ်သူ အိမ်သူကြီး အဘိနန္တသူတို့သည် အလောင်းစည်သူမင်းကြီးလက်ထက်တွင် ယနေ့ခေတ် ပုဂံမြို့ဟောင်း သရပါတံခါးရှေ့ တွင်တည်ရှိသော တိုင်းချွတ်ဘုရား၌ ကောင်းမှုများပြုခဲ့ကြောင်း ကျောက်စာရေးထိုးခဲ့သည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ၉၉။</ref>
 
== ကောင်းမှုတော်များ ==
မင်းတရားကြီးသည်အလောင်းစည်သူမင်းကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာမဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီပုတိုး ဂူကျောင်း စသည်တို့ကို တည်ခဲ့သည်။တည်ထားခဲ့သည်။ မင်းတရားကြီး၏ ထင်ရှားသော ကောင်းမှုတော်တို့မှာ ပုဂံတွင် ရွှေဂူကြီးဘုရား၊ [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုဘုရား၊]] အညာတွင် သရက္ခန်စေတီတော်များ၊ ကျော်လေးဆူအဝင် သီဟတောဘုရား၊ ပခုက္ကူ ရွှေဂူကြီးဘုရား၊ သီဟိုဠ်ရှင်ဘုရား၊ ဖောင်တော်ဦး ဘုရား၊ဘုရားများ၊ စစ်ကိုင်း ရှင်ဖြူ၊ ရှင်လှဘုရားရှင်လှဘုရားနှင့် မုဌောဘုရားများ စသည်တို့ဖြစ်သည်။ ရွှေဂူကြီး ဘုရားနှင့် သဗ္ဗညုဘုရားတွင် ကြေးစင်တစ်သောင်းသွန်းသော ခေါင်းလောင်းကြီးတစ်လုံးစီ သွန်းလုပ်လှူဒါန်းတော်မူ၏။သွန်းလုပ်လှူဒါန်းတော်မူခဲ့ကြောင်း သိရပေသည်။ သို့ရာတွင် ယခုအခါ၌မူ ယင်းခေါင်းလောင်းကြီး များကို မတွေ့ ရတော့ပေ။ သဗ္ဗညုဘုရားကြီး၏ အရှေ့ တောင်ဖက်တွင်မူ ကြီးမားသော ခေါင်းလောင်းတိုင် အကြွင်းအကျန်နေရာကို ယခုထိတွေ့ နိုင်ပါသေးသည်။ <ref>မဟာရာဇဝင်-ပ၊ ၁၉၉။</ref>အလောင်းစည်သူမင်းကြီးသည် မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူခဲ့သည်။<ref>မှန်နန်းရာဇဝင်တော်ကြီး-ပ၊ ၃၀၆-၃၀၇။</ref>
 
အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော်များတွင် ရွှေဂူကြီးဘုရားနှင့် သဗ္ဗညုဘုရားကြီးမှာ အထင်ရှားဆုံးဖြစ်သည်။ ကောင်းမှုတော် ရွှေဂူကြီးဘုရားကို ၁၇ မေ၊ ၁၁၃၁ ခုနှစ်တွင် စတင်တည်ထားခဲ့၍ ခုနှစ်လအကြာ ၁၇ ဒီဇင်ဘာ၊ ၁၁၃၁ တွင်ပြီးစီးခဲ့ကြောင်း သိရသည်။ ရွှေဂူကြီးဘုရားသည် နန်းတော်ဦးတွင် တည်ရှိသဖြင့် နန်းဦးဘုရားဟု၍ အမည်တွင်သည်။ ရွှေဂူကြီးတည်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ကျောက်စာနှစ်မျက်နှာရေးထိုးထားခဲ့ပြီး ဂူဘုရား၏ ဝင်ပေါက်တစ်ဖက်စီတွင် တည်ရှိသည်။ ကျောက်စာကို ပါဠိဘာသာဖြင့် ဂါထာပေါင်း ၁၀၀ ရေးသားထား၍ အဆုံးတွင်မူ ရက်စွဲမှတ်တမ်းကို သက သက္ကရာဇ်ရက်စွဲသုံး၍ သက္ကတဘာသာဖြင့် ရေးထိုးထားသည်။ ပုဂံခေတ်မှတ်တမ်းကျောက်စာများတွင် သက သက္ကရာဇ်သုံးစွဲ၍ မှတ်တမ်းတင်ခဲ့သည့် တစ်ခုတည်းသောကျောက်စာ ဖြစ်သည်။ ကျောက်စာရှိ ပါဠိဘာသာဖြင့်ရေးထိုးထားသော အကြောင်းအရာမှာ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များစွာကို ဂါထာအဖွဲ့အနွဲ့ဖြင့် သီကုံး၍ချီးကျူးကော်ရော်ထားခြင်းဖြစ်ကာ နောင်အခါတွင် မိမိလည်း သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူဖြစ်လိုကြောင်း ဆုတောင်းထားခြင်းဖြစ်သည်။ ရေးသားထားသော ပါဠိဘာသာ စီကုံးရေးဖွဲ့မှု အဆင့်အတန်းမှာ အထူးမြင့်မားကြောင်း ပညာရှင်များ ဆိုထားကြသည်။<ref>G.H. Luce, ''Old Burma-Early Bagan'', vol. 1, text (New York: New York University, 1969), 85.</ref>
 
မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူသည်။<ref>မှန်နန်းရာဇဝင်တော်ကြီး-ပ၊ ၃၀၆-၃၀၇။</ref> ထိုမင်းလက်ထက်မင်းကြီးလက်ထက်အတွင်း ရှင်အရဟံမထေရ် ပျံလွန်တော်မူ၍ စိမ်းညက်မင်းသားတော် မဟာထေရ် သာသနာဦးဆောင်အဖြစ် ဆက်ခံရသည်။ သွားလေရာရာ ရွှေထမ်းစင်ဖြင့်သွားရ၏။ သီလဝန် ဂုဏဝန်နှင့် ပြည်စုံတော်မူသော အာနန္ဒာမထေရ်၊ ဗောဓိမထေရ်တို့အားလည်း အရိုးအရွက်ရွှေသံလျင်း လှူတော်မူ၏။<ref>တွင်းသင်းမြန်မာရာဇဝင်သစ်-ပ၊ ၁၁၇။</ref>
 
== နတ်ရွာစံခြင်း ==
၇၀

တည်းဖြတ်မှုများ