"အလောင်းစည်သူ" ၏ တည်းဖြတ်မှု မူကွဲများ

၇၈၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
ဖြည့်စွက်
(ဖြည့်စွက်)
(ဖြည့်စွက်)
အလောင်းစည်သူမင်းကြီးသည် မြန်မာသက္ကရာဇ် ၄၇၅-၅၅၂ အေဒီ (၁၁၁၃-၁၁၆ဝ) ကာလအတွင်း ပုဂံထီးနန်းကို စိုးစံသွားခဲ့သည့် ဘုရင်ဖြစ်၍ [[ကျန်စစ်သား|ကျန်စစ်သားမင်း]]၏ မြေးတော်ဖြစ်သည်။ ပုဂံဘုရင်များအနက် နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သဖြင့် သက်တော်ရှည်ဟုလည်း အမည် တွင်သည်။ မြန်မာဘုရင်များတွင် <nowiki>''</nowiki>စည်သူ" ဘွဲ့ ကို ပထမဆုံး ခံယူခဲ့သည်ခံယူခဲ့သည့် ဘုရင်ဖြစ်လည်းဖြစ်သည်။ ယနေ့ခေတ်ပုဂံမြို့ဟောင်းရှိ [[ပုဂံခေတ်]] ဂူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုစေတီ]]တော်ကြီး၏ ဒါယကာလည်းဖြစ်၍ ထိုမင်းလက်ထက်တွင် ပုဂံစေတီ ပုထိုးများ၏ ဂူကျောင်းလက်ရာပုံစံများ ခေတ်ဦးပုံစံမှ ခေတ်လယ်ပုံစံသို့ စတင်တိုးတက်ပြောင်းလဲခဲ့သည်။ အလောင်းစည်သူမင်းကြီးသည် သူ၏ကောင်းမှု ရွှေဂူကြီးဘုရားနံရံတွင် ပုဂံခေတ်၏ အရှည်လျားဆုံး ပါဠိကျောက်စာနှစ်မျက်နှာ ဆုတောင်းစာကြီးကို ရေးထိုးထားခဲ့သည်။ ဤ ပါဠိကျောက်စာ အရေးအသားမှာ အထူးအဆင့်တန်းမြင့်မားကြောင်း<ref>သန်းထွန်း၊ ဒေါက်တာ။ ပုဂံခေတ်နိုင်ငံရေး။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။</ref> ပညာရှင်များသုံးသပ်ထားကြ၍ ယင်းအချက်သည် အလောင်းစည်သူမင်းကြီးလက်ထက်အတွင်း ဗုဒ္ဓသာသနာ အထူးစည်ပင်ထွန်းကားခဲ့ကြောင်း ဖော်ပြနေသည်။ အလောင်းစည်သူမင်းကြီးသည် သူ၏လက်ထက်တွင် နိုင်ငံအနှံ့ လှည့်လည်ကာ ကန်၊ ချောင်း၊ ဆည်မြောင်းများတူးဖော်စေခဲ့၍ လယ်၊ ယာများ တိုးချဲ့ လုပ်ကိုင်စေခဲ့သည့်အပြင် ခရိုင်၊ မြို့ပြများလည်း တည်ထောင်စေခဲ့သည်။ စီးပွားကူးသန်းရေး ပိုမိုတွင်ကျယ်စေရန် အလေး၊ အချိန်အတွယ်၊ အတိုင်းအတာများကိုလည်း တသမတ်တည်းဖြစ်စေခဲ့သည်။ နိုင်ငံနယ်နိမိတ်များတွင်လည်း ကင်းတို၊ ကင်းရှည်စောင့်ကြပ်စေခဲ့သည်။ ရောက်ရှိရာဒေသများတွင် သိမ်နှင့်ဘုရား၊ ကျောင်းနှင့်စည်းခုံ၊ ပုထိုးနှင့်ဂူ စသည်တို့ကိုလည်း များစွာတည်ထားခဲ့သည်။ ကုန်းကြောင်း၊ ရေကြောင်းခရီးများစွာသွားလာခဲ့သည့်အတွက် အလောင်းစည်သူမင်း လက်ထက်တွင် တိုင်းပြည်အတွင်း သူပုန်သူကန်များပေါ်ပေါက်ခဲ့သည်။ {{Infobox ဘုရင်
| အမည် =အလောင်းစည်သူမင်း
| ဓာတ်ပုံ =Min_Sithu_Nat.jpg
}}
== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==
အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ အလောင်းစည်သူမင်းကို [[စောလူးမင်း]] ၏သားတော် စောယွန်းနှင့် [[ကျန်စစ်သား]]၏ သမီးတော် ရွှေအိမ်သည်တို့မှ ၁၇ ဇန်နဝါရီ၊ အေဒီ ၁၁၉၀ တွင်ဖွားမြင်သည်။ <ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဝင်၊ ၉၇။</ref> ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၆ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရပါသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ခေတ်သစ်သမိုင်းဆရာများကမူ ရာဇဝင်ကျမ်းများကို ကျောက်စာများနှင့် ညှိနှိုင်းတွက်ချက်ကာ အလောင်းစည်သူမင်း၏ နန်းစံနှစ်ကာလကို မြန်မာနှစ် ၄၇၅-၅၂၂ (အေဒီ ၁၁၁၃-၁၁၆ဝ) ဟု ယူဆထားကြသည်။<ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ပ-ကြိမ်။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။ ၉၇-၁၀၉။ သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေးသမိုင်း။ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ၂၀၀၅။ ၅၁။</ref> ကျောက်စာများတွင် တွေ့ ရသော အလောင်းစည်သူမင်း၏ ဘွဲ့ အမည်မှာ ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇာ ဖြစ်၍ ဤဘွဲ့ မျိူးကို စတင်ခံယူခဲ့သူ သူ၏ အဘိုး ကျန်စစ်သားမင်း၏ ဘွဲ့ နှင့် "ပဝရ" ဟုသော နာမဝိသေသနပုဒ်သာ ထူးခြားကြောင်း တွေ့ ရသည်။ ခေတ်သစ်သမိုင်းဆရာများက အခြားနှောင်းခေတ် စည်သူဘွဲ့ ခံမင်းများနှင့် ခြားနားစေရန် စည်သူ-၁ ဟု အလောင်းစည်သူမင်းကို ခွဲခြားသုံးနှုန်းကြသည်။ <ref>သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေး၊ ၅၁.</ref> အလောင်းစည်သူမင်းသည် အေဒီ ၁၁၉၀ တွင်ဖွားမြင်သူဖြစ်ရာ ပုဂံထီးနန်းကို ဆက်ခံချိန်တွင် အသက် (၂၃) မျှသာရှိသေးသည်။
 
== အမည်ကွဲ (၇) မျိုး ==
၇၀

တည်းဖြတ်မှုများ