အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

→‎အခြေခံ ယုံကြည်မှုများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၄ -
မွတ်စလင်များသည် လူသားများ တည်ရှိနေခြင်းသည် ဘုရားသခင်အား ခယကိုးကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် ၎င်းတို့နှင့် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထက်ပင် ပို၍ နီးကပ်နေပြီး ၎င်းတို့ ဘေးဒုက္ခရောက်နေပါက တုံပြန်ဖြေကြားလိမ့်မည်ဟု ယုံကြည်ကြသည်။
 
မွတ်စလင်များသည် ဘုရားသခင်အား အများကိန်းမဲ့ပြီး နပုလ္လိင်ဖြစ်သည့် အလ္လာဟ်ဟူသော ဝေါဟာရဖြင့် ညွှန်းဆိုကြသည်။ အခြားသော နတ်ဘုရားများကိုမှု အီလာ(ʾilāh)ဟု သုံးနှုန်းကြသည်။ အာရဗ်မဟုတ်သော မွတ်စလင်များကမူ ဘုရားသခင်အား တန်ရီဟူ၍ တူရကီဘာသာစကားတွင်လည်းကောင်း၊ "ခိုဒါ" ဟူ၍ ပါးရှန်းဘာသာစကားတွင်လည်းကောင်း အသီသီးအသီးသီး သုံးနှုန်းခေါ်ဝေါ်ကြသည်။ အရဗီဝေါဟာရအာရဗီဝေါဟာရ "အလ္လာလ်"သည် "သန့်ရှင်းစင်ကြယ်သော၊ အတုမရှိသော၊ ပြိုင်ဖက်ကင်းသော" ဟူသော အနက်များပါဝင်သည်။ အင်္ဂလိပ် ဝေါဟာရ "God" နှင့် ၎င်း၏ဝေါဟာရ အနွယ်ဝင် စကားလုံးများနှင့် အဓိပ္ပါယ်ကွားခြားပါသည်။အဓိပ္ပါယ်ကွာခြားပါသည်။ ကိုးကွယ်ရာအရှင် ဟူသော အတိကျဆုံးသော အဓိပ္ပါယ်သတ်မှတ်ချက်ကို စူရာဟ် အိခ်လာဆ် (ကုရ်အာန်ကဏ္ဍ အမှတ် ၁၁၂)ရှိ အာယသ်တော်(၄)ခုက အတိအကျဖွင့်ဆိုထားပါသည်။
(၁)(အို−နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထို အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။
(၂)အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခို အားထားရာအရှင်၊ အနှိုင်းမဲ့ထာဝရအရှင်ဖြစ်တော်မူ၏။
စာကြောင်း ၂၁ -
 
=== ကောင်းကင်တမန်များ ===
ဘုရားသခင်၏ ကောင်းကင်တမန်တော်များအား ယုံကြည်ခြင်းသည်လည်း အစ္စလာမ်ဘာသာ၏ အခြခံကျသောအ‌‌ေခြခံကျသော ယုံကြည်ချက်တစ်ခုဖြစ်သည်။ ကောင်းကင်တမန်များကို အာရဗ်ဘာသာတွင် malak ဟုခေါ်ပြီး "စကားပါးသူ"(messenger)ဟု အဓိပ္ပါယ်ရသည်။ ကုရ်အာန်အရမူ ကောင်းကင်တမန်များသည် free will ကို မပိုင်ဆိုင်ပဲ ဘုရားသခင်အား တသဝေမသိမ်း လိုက်နာခယ ကိုးကွယ်လေသည်။ ကောင်းကင်တမန်များ၏ တာဝန်များမှာ ဘုရားသခင်၏ အမိန့်တော်များကို ပါးခြင်း၊ ဘုရားသခင်၏ ဂုဏ်တော်များကို ရွတ်ဆိုခြင်း၊ လူသားများ၏ ကောင်းမှု၊ မကောင်းမှုများကို ရေးမှတ်ခြင်းနှင့် လူသားများ ကွယ်လွန်ချိန်တွင် အသက်ဝိညာဉ်နုတ်ခြင်း စသည်တို့ ဖြစ်သည်။ ကုရ်အာန်ထဲတွင် ကောင်းကင်တမန်များကို "အတောင်နှစ်စုံ၊ သုံးစုံ၊ လေးစုံရှိသော စေတမန်များ" ဟု ဖော်ညွှန်းထားသည်။
 
=== ကျမ်းစာများ ===
စာကြောင်း ၃၄ -
 
=== ကြိုတင်ပြဋ္ဌာန်းထားမှု (နဖူးစာ ခေါ် Taqdir )===
အစ္စလာမ်ဘာသာတွင် ဘုရားသခင်သည် ဖြစ်ပျက်သမျှ အရာအားလုံးကို အစိုးရသိရှိလေသည်။ မွတ်စလင်များသည် ဤလောကရှိ အဆိုးအကောင်း ဖြစ်ပျက်သမျှမှန်သမျှသည် ကြိုတင်သတ်မှတ်ထားပြီး ဘုရားသခင်၏ ခွင့်ပြုချက် မရှိပဲ မဖြစ်နိုင်ဟု ယုံကြည်ကြသည်။ မွတ်စလင်ဘာသာ ပညာရှင်များ၏ အဆိုအရ ဤလောကရှိ အဖြစ်အပျက်များမှာ ကြိုတင်သတ်မှတ်ထားသော်လည်း လူသားများသည် အမှားနှင့်အမှန်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်၍ သူ၏ လုပ်ရပ်များအပေါ် တာဝန်ရှိလေသည်။ အစ္စလာမ်ဘာသာအရ ဘုရားသခင်၏ ကြိုတင်င်ပြဋ္ဌာန်းချက်များအားလုံးသည်ကြိုတင်ပြဋ္ဌာန်းချက်များအားလုံးသည် လောင်ဟေမဟ်ဖူဇ်ခေါ် ကျောက်ပြားပေါ်တွင် ရေးထွင်းထားလေသည်။
 
== မွတ်စလင်လူဦးရေ ကို ရာခိုင်နှုန်းဖြင့်ဖော်ပြခြင်း ==