ဖေခင်: တည်းဖြတ်မှု မူကွဲများ

→‎လွတ်လပ်ရေးကြိုးပမ်းမှု: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎လွတ်လပ်ရေး ရပြီးခေတ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၉ -
ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ချက်ကိုစလို ဗားကီးယားနိုင်ငံ၊ ပိုလန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူ နိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် တွင် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်တွင် ဦးသျှောင် နာယကကြီး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
 
အမျိုးသားညီလာခံတွင် အနာဂတ် မြန်မာပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဗဟိုအဖွဲ့က ကျင်းပသည့် [[စာဆိုတော်နေ့]] အခမ်းအနား ၏ ဂုဏ်ပြုကန်တော့ခံ သက်ကြီး စာပေပညာရှင်ကြီး တစ်ဦးဖြစ်ခဲ့သည်။ ပြုစုခဲ့သည့် စာအုပ်စာတမ်းများမှာ ''ကိုယ်တွေ့ပင်လုံ၊ Pinlon An Inside Story ဖဆပလရွေတိဂုံညီလာခံ၊ဖဆပလ‌‌ေရွှတိဂုံညီလာခံ၊ ပင်လုံစာချုပ်မျိုးစေ့၊ ဘက်မလိုက်ဝါဒ နှင့် ဗမာပြည်'' တို့အပြင် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါး များလည်း ရေးသားခဲ့ပါသည်။ မဟာသရေစည်သူ ဦးဖေခင်(နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်)ရေးသားသည့် ''ကိုယ်တွေ့ပင်လုံ'' စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အတွင်းဝန်ဟောင်း [[နေဝင်း၊ တက္ကသိုလ်|ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)]] က ဤသို့ အမှာစာ ရေးပေး ထားပါသည်။
 
''ဦးဖေခင်ရေးသားထားသည့်အတိုင်း ပင်လုံမြို့သို့ရောက်ပြီးကာမှ အခြေအနေမသေမချာဖြစ်နေခြင်းကြောင့် ဗိုလ်ချုပ်သည် စိတ်ပျက် လာရာမှ ရန်ကုန် ပြန်တော့မည် ဆိုကာ ကျွန်တော့်အား လေယာဉ်ပျံ မှာယူခိုင်းပါသည်။ သို့သော် ဦးဖေခင်နှင့် ကျွန်တော် တိုင်ပင်ပြီး လေယာဉ် မမှာသေးဘဲ တစ်ဖက်က လူမျိုးစု ခေါင်းဆောင်များအား ကြိုးစား စည်းရုံးရင်း တစ်ဖက်ကလည်း ဗိုလ်ချုပ်အား ရန်ကုန် မပြန်ရန် ဖျောင်းဖျ ပြောဆိုခဲ့မှုကြောင့် ဗိုလ်ချုပ်သည် စိတ်ပြေပြီး မပြန်ဘဲ ပင်လုံမှာ ဆက်နေရန် ဆုံးဖြတ်ခဲ့ပါသည်။ အကယ်၍သာ ကျွန်တော်တို့က ဗိုလ်ချုပ် စိတ်ပြေရန် ဖျောင်းဖျပြောဆိုခြင်း မပြုနိုင်ပါက ယနေ့သမိုင်းဝင် [[ပင်လုံစာချုပ်]] သည် အကောင်အထည် ပေါ်လာစရာ အကြောင်းမရှိ ရုံမက မြန်မာနိုင်ငံ သမိုင်းသည်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားကာ ဗြိတိသျှ နယ်ချဲ့တို့ အကြိုက် ဖြစ်သွားမည်မှာ သေချာသည်ဟု ဆိုနိုင် ပါသည်။''<ref>{{cite book