ဆီ: တည်းဖြတ်မှု မူကွဲများ

စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၅၁ -
အထူးသဖြင့် စိမ်းလန်းသောဓာတုဗေဒ (green chemistry) တွင် အော်ဂဲနစ်ဆီများသည် အခြား အရေးပါသော ဓာတုကုန်ကြမ်းများ(feedstock) ဖြစ်သည်။
 
== ကျန်းမာရေး ==
ဆီကြိုက်တတ်သော မြန်မာတို့၏ ဟင်းလျာများတွင် ဆီသည် မပါမဖြစ် ပါနေသောကြောင့် ဆီကို လိုအပ်သည်ထက် လွန်ကဲစွာ စားသုံးသောကြောင့် နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားကြရသည်။ ပိုလျှံလာသောဆီများကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ကိုယ်တွင်းကလီစာများတွင် အဆီပိုများ စုပုံလာခြင်း၊ နှလုံးသွေးကြောနှင့် သွေးကြောများတွင် အဆီခဲများ ပိတ်ဆို့ခြင်း၊ ထိုသို့သွေးကြောများ ပိတ်ဆို့ခြင်း ကြောင့် နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသည့်များပြားသော ဆိုးရွားသည့် ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။ အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့တာ စားသုံးသင့် သည့် ပမာဏမှာ ၂ဝ ဂရမ် (လက်ဖက်ရည်ဇွန်း လေးဇွန်းစာခန့်)ဖြစ် သည်။ ကလေးများတွင် အဆီလိုအပ်မှု အနည်းငယ်ပိုသည့် အတွက် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းငါးဇွန်းအထိ စားသုံးနိုင် သည်။ အသက် ၉ နှစ်အရွယ်အထက်တွင် လေးဇွန်းခွဲအထိ စားသုံး နိုင်သည်။ အဝလွန်သူများ၊ နှလုံးနှင့် သွေးကြောကျဉ်းရောဂါရှိသူများနှင့် သွေးတွင်းအဆီဓာတ် များနေသူများဖြစ်ပါ က ထိုပမာဏအောက်လျှော့၍ စားသုံးသင့်သည်။ အကြမ်း အားဖြင့် လူတစ်ဦးသည် တစ်နေ့အနည်းဆုံး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်သော ဆီကိုစားသုံးသင့်သည်။ ထို့ကြောင့်အရွယ် ရောက်ပြီးသူ တစ်ဦးအတွက် တစ်လတာအတွက် ဆီစားသုံးမှု သည် လီတာဝက် ကျော်ကျော် (ဝ ဒသမ ၆ လီတာခန့်) လိုအပ် မည်ဖြစ်သည်။<ref>https://www.moi.gov.mm/npe/?q=article/25/09/2017/id-67186</ref>
 
"https://my.wikipedia.org/wiki/ဆီ" မှ ရယူရန်