ချစ်ကောင်း(ဗိုလ်မှူး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
→‎ပြည်သူ့အာဏာ ဂျာနယ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၃ -
ထို့နောက် ကန္နီစာချုပ်အရ ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံ စစ်တပ် (ဘားမားရိုင်ဖယ်) အဖြစ် ပြောင်းလဲဖွဲ့ စည်းသောအခါ ဗိုလ်မှူးချစ်ကောင်းသည် တပ်မတော်တွင် အမှုမထမ်းတော့ဘဲ ကွန်မြူနစ်ပါတီ၏ ကြွေးကြော်သံ အာဘော်ဖြစ်သော ပြည်သူ့အာဏာ ဂျာနယ် ထုတ်ဝေရေး အတွက် ကိုဗဟိန်းနှင့် အတူ စိုင်းပြင်းခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြည်သူ့အာဏာ ဂျာနယ် စတင် ထုတ်ဝေနိုင်ခဲ့သည်။
 
၁၉၄၆ ခုနှစ်၊ မေလတွင် အင်းစိန်ခရိုင်၊ ထန်းတပင်မြို့၌ လူထုတန်းစီ လှည့်လည် အင်အားပြပွဲကို ပုလိပ်များက သေနတ်နှင့်ပစ်ရာ လယ်သမားကြီး လေးဦး ထိမှန် သေဆုံးခဲ့ရသောကြောင့် 'ထန်းတပင် သေနတ်ပစ်မှုကြီး' အုံ့ကြွ ဖြစ်ပေါ်လာသည်။ ဗိုလ်မှူးချစ်ကောင်းသည် အဆိုပါ သေနတ်ပစ်မှုကြီးနှင့် ပတ်သက်၍ ပြည်သူ့အာဏာဂျာနယ်မှနေ၍ ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားခဲ့သည်။ ထို့ပြင် ရမည်းအသင်းရမည်းသင်း အရှေ့ဘက်တွင် ရှိသော နန်းစွဲရွာတောင်ပေါ်မှ ရေကို ရမည်းအသင်းအထိရမည်းသင်းအထိ ဖောက်ယူနိုင်ရေး စီမံကိန်းတွင် ဒေသဆိုင်ရာပါတီ အဖွဲ့အစည်းပေါင်းစုံနှင့် ပူးပေါင်း၍ တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။
 
==တောခို==