ဆမ်မာရာမြို့: တည်းဖြတ်မှု မူကွဲများ

ထပ်ဖြည့်
စာကြောင်း ၅၀ -
ဆမ်မာရာ ရှေးဟောင်းသုတေသန လေ့လာမှုအဖွဲ့မှ ဆမ်မာရာ၏ ရှေးခေတ်နာမည်များကို မှတ်သားရာတွင် ဂရိအခေါ်အဝေါအားဖြင့် ဆိုမာ၊ လက်တင်ဘာသာတွင် အေဒီ ၃၆၃ ၌ ဂျူလီယန်၏ စစ်တပ် ပြန်ဆုတ်ရာတွင် ဖော်ပြထားသော ခံတပ်အမည် ဆူမာရီ နှင့် ဆီးရီးယားမှာ ဆူမရာ အမည်ရှိ ကျေးရွာအဖြစ် ဖော်ပြထားသည်။
 
လူဦးရေ များပြားလာရသည့် အကြောင်းအချက်မှာ နာရာဝမ်တူးမြောင်း၏ မြောက်ဘက် တိုးချဲ့မှု ကာတူး အယ်လ်-ကစ်စ်ရာဝီ အား ဖွင့်လှစ်ခြင်းကြောင့် ဖြစ်ပြီး ၎င်းမှာ တိုင်းဂရစ်မြစ်မှ ရေများကို ဆမ်မာရာသို့ ဆွဲယူပေးသည်။ သမိုင်းပညာရှင် ရာကွတ် အယ်လ်-ဟာမာဝီ ကမူ ပထမခိုစရော ဘုရင် (၅၃၁-၅၇၈) လက်ထက်တွင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။ စီမံကိန်း ပြီးစီးမှုအတွက် အထိမ်းအမှတ် မျှော်စင် (ယနေ့ခေတ် ဘာ့ဂျ် အယ်လ်-ကွာအင်) ကို ဆမ်မာရာတောင်ဘက် တောင်ပိုင်းအဝင်တွင် တည်ဆောက်ခဲ့ပြီး မြောက်ဘက်အဝင် အက်-ဒါဝါ အနီးတွင်မူ ကောင်းကင်ဘုံ ပါဝင်သော နန်းတော်နှင့် တံတိုင်းကာထားသော အမဲလိုက် ဥယျာဉ်ကို တည်ဆောက်ခဲ့သည်။ (ယနေ့ခေတ် နာ အာ-ရာဆာဆီ ဖြစ်သည်။) ဖြည့်စွက်တူးမြောင်းတစ်ခု ဖြစ်သော ကာတူး အဘီ အယ်လ်ဂျန်အား အဘာဆစ် ကယ်လစ်ဘုရင် တစ်ဦး ဖြစ်သူ ဟာရွန်းအယ်လ်ရာရှစ် မှ တူးဖော်ခဲ့ပြီး စနစ်တကျစီစဉ်ထားသော မြို့တော် အခင်းအကျင်း အနေနှင့် အယ်လ်မူဘာရတ် ဟုခေါ်သော ထောင့်ကျကျ အဋ္ဌဂံပုံ ဖော်ကလုပ်ခဲ့သော်လည်း ၇၉၆ ခုနှစ်တွင် မပြီးစီးမီ ရပ်တန့်ထားခဲ့သည်။
 
===အဘာဆစ် မြို့တော်===
<br />
[[File:Dirhem of al-Muntasir, AH 247-248.jpg|thumb|left|အယ်လ်-မွန်တာဆာ၏ ဒါဟမ်ငွေကြေး ။ ဆမ်မာရာတွင် ၈၆၁/၈၆၂ အေဒီတွင် သွန်းလုပ်ခဲ့သည်။]]
အေဒီ ၈၃၆ ခုနှစ်တွင် အဘာဆစ် ကယ်လစ်ဘုရင် အယ်လ်-မူတာဆင်းမှ တိုက်ဂရစ်မြစ်၏ ကမ်းပါးတွင် မြို့တော်သစ်ကို တည်ထောင်ခဲ့သည်။ သူသည် အလွန် များပြားကျယ်ပြန့်သော နန်းတော် အဆောက်အဦးများကို ဆောက်လုပ်ခဲ့ပြီး သူ၏ အစောင့်များ နေထိုင်ရန် တန်းလျားများကို ဝိုင်းပတ် ဆောက်လုပ်ခဲ့သည်။ အစောင့်များမှာ အများအားဖြင့် အာရှ အလယ်ပိုင်းမှ ခေါ်ယူထားခြင်း ဖြစ်ပြီး တာ့ခ်လူမျိုးများနှင့် ခူရာဆာနီ လူမျိုးများ နှင့် မြောက်အာဖရိကမှ ပါဝင်သည်။ သူတို့အား အမြဲလိုလို မမ်လွတ် သို့မဟုတ် ကျွန်စစ်သားများဟု ခေါ်လေ့ ရှိသော်လည်း သူတို့၏ အဆင့်မှာ အလွန်မြင့်သည်။ အချို့သော တပ်ဗိုလ်များသည် သူကောင်းမျိုး ဘွဲ့ထူးဖြစ်သော ဆိုဒီဂန် အဖြစ် ချီးမြှင့် အပ်နှင်း ခံထားရသည်။ <ref name="Babaie">{{cite book | title=Slaves of the Shah | publisher=I.B.Tauris & Co Ltd | author=Babaie, Sussan | year=2004 | location=New York | pages=4–5 | isbn=1 86064 721 9}}</ref>
 
ထိုမြို့တော်အား အယ်လ်-မူတာဝါကေး ကယ်လစ်ဘုရင်လက်ထက်တွင် ထပ်မံတေည်ဆောက်ခဲ့ပြီး ၎င်းမှ ကြွယ်ဝခမ်းနားသော နန်းတော် အဆောက်အဦးများဖြစ်သော အယ်လ်-မူလ်တာဝတ်ကီလေယာ နှင့် ဆမ်မာရာရှိ မဟာဗလီကြီး နှင့် ၎င်း၏ ထင်ရှားသော ကြောင်လိမ်လှေကားပုံ ဗလီမျှော်စင် သို့မဟုတ် မာလ်ဝီယာ စသည်တို့ကို ဆောက်လုပ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သားဖြစ်သူ အယ်လ်မူတာ့ဇ်အတွက် သူသည် ကြီးမားသော နန်းတော် ဖြစ်သည် ဘူလ်ကူဝါရာကို ဆောက်လုပ်ခဲ့သည်။
 
ဆမ်မာရာသည် ၈၉၂ ခုနှစ်အထိ ကယ်လစ်ဘုရင်တို့ နေထိုင်ရာ နေရာဖြစ်ခဲ့ပြီး ထိုအချိန်တွင် အလ်မူတာဒစ်မှ နောက်ဆုံး ဘဂ္ဂဒက်မြို့သို့ ပြန်သွားခဲ့သည်။ မြို့တော်၏ အနေအထားမှာ ကျဆင်းလာသော်လည်း ၁၀ ရာစု အစောပိုင်း အထိ ငွေကြေးတို့ကို ထိန်းသိမ်း ထားနိုင်ခဲ့သည်။
 
==ကိုးကား==