ဂျွန်ရစ်ချဒ်ဟာစေ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅ -
ဒုတိယကမ္ဘာစစ်အတွင်း စစ်သတင်းထောက် ဘဝဖြင့် ဥရောပနှင့် အာရှ စစ်မြေပြင်များတွင် တာဝန်ကျသည်။ ရှေ့တန်းသတင်းဆောင်းပါးများကို Time နှင့် Life မဂ္ဂဇင်းများတွင် ရေးသည်။ မဟာမိတ်တပ်များနှင့် အတူ စီစလီကျွန်းသိမ်း တိုက်ပွဲတွင် လေယာဉ်လေးကြိမ်ပျက်ကျသည်။ လေးကြိမ်စလုံး ဒဏ်ရာရ စစ်သည်များကို သက်စွန့်ဆံဖျား ကူညီခဲ့သည့်အတွက် ရေတပ်ဝန်ကြီး၏ ဂုဏ်ပြုလက်မှတ် ရရှိခဲ့သည်။
 
ဒုတိယကမ္ဘာစစ်ကြီး အပြီး ၁၉၄၅-၄၆ ခုနှစ်များတွင် ''နယူးယောက်ကာ'' မဂ္ဂဇင်းအတွက် ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ရေးသားရန် တိုကျိုသို့ ရောက်လာခဲ့သည်။ ထိုစဉ် [[ဟီရိုရှီးမား]]တွင် ရောက်ရှိနေပြီး အသက်မသေဘဲ ကျန်ရစ်ခဲ့သူ သာသနာပြုတစ်ယောက်၏ စာတစ်ဆောင်ကို သူရရှိခဲ့သည်။ ထိုသာသနာပြုစီ လိုက်သွားပြီး ယင်းအပါအဝင် သေကံမရောက် သက်မပျောက်သူ အချို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ <ref>တင်မောင်မြင့် ရေး ဂျင်မီယင် သို့မဟုတ် လူသားအားမာန်၊ ၂၀၁၄ ခု၊ ဇူလိုင်လ၊ စာ-၅</ref>
 
ဤသို့ဖြင့် ဗုံးကြဲပြီး နှစ်လအကြာ ၁၉၄၅-ခုနှစ်၊ အောက်တိုဘာလထဲတွင် ဟီရိုရှီးမား အခန်းဆက် ဆောင်းပါး နယူးယောက်ကာ စာမျက်နှာများပေါ်တွင် ရောက်လာခဲ့သည်။
<ref>တင်မောင်မြင့် ရေး ဂျင်မီယင် သို့မဟုတ် လူသားအားမာန်၊ ၂၀၁၄ ခု၊ ဇူလိုင်လ၊ စာ-၅</ref>
 
==ကိုးကား==