ဂျွန်ရစ်ချဒ်ဟာစေ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၂ -
 
ထို့နောက် မကြာမတင်အတွင်း နယူးယောက်ကာမှ သူ့ကို –ဟီရိုရှီးမား— စာအုပ်ရေးဖို့ တာဝန်ပေးတော့သည်။ တစ်ကမ္ဘာလုံး သိမ့်သိမ့်တုန်သွားအောင် ကြောက်မက်ဖွယ်ကောင်းသည့် သည်အဖြစ်ဆိုးကြီးကို အသေးစိတ်ရေးဖို့ သေတွင်းမှ ရှင်ကျန်လွတ်မြောက်လာသူတွေ များနိုင်သမျှ များများဗျူးပြီး ပြည့်ပြည့်စုံစုံရေးဖို့ သူ့ကိုတိုက်တွန်းသည်။ ဤသို့ဖြင့် ဂျွန်ဟာစေသည် ၁၉၄၆-ခု၊ မေလတွင် ဂျပန်သို့ တစ်ခေါက်ပြန်ရောက်သွားသည်။ သုံးပတ်လုံးလုံး သုတေသနလုပ်သည်။ သေရွာပြန်တွေနှင့် တွေ့ဆုံမေးမြန်းသည်။ ဇွန်လထဲတွင် ပြန်လာပြီး ဟီရိုရှီးမား ကို စရေးသည်။ *(ဟီရိုရှီးမား ကို ဆရာဦးဝင်းတင်က လူ့ငရဲဟူသည့်အမည်ဖြင့် ဘာသာပြန်ခဲ့သည်။)
အဓိကအားဖြင့် ဂျာမန်ဘုန်းတော်ကြီးတစ်ပါး၊ မုဆိုးမ အပ်ချုပ်သူတစ်ဦး၊ ဆရာဝန် နှစ်ယောက်၊ ဓမ္မဆရာတစ်ယောက်နှင့် စက်ရုံအလုပ်သမတစ်ယောက်တို့ အကြောင်းဖြစ်သည်။
 
<ref>တင်မောင်မြင့် ရေး ဂျင်မီယင် သို့မဟုတ် လူသားအားမာန်၊ ၂၀၁၄ ခု၊ ဇူလိုင်လ၊ စာ-၅</ref>