ဂျွန်ရစ်ချဒ်ဟာစေ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၈ -
သူက မြင်ကွင်းတွေကို ဖြိုးခနဲ ဖျက်ခနဲ ပြပြီး သတင်းရေးခြင်းသည် တစ်မွန်းတည့်သာ ခံသည့် သတင်းစာရေးနည်းဟု ထင်သည်။ သည်နေ့သတင်းစာသည် နောက်တစ်နေ့ အမှိုက်ခြင်းထဲ ရောက်သွားတတ်ခြင်းကို သူက ရည်ညွှန်းခြင်းဖြစ်သည်။
 
စာဖတ်ပရိသတ် ရင်ထဲမှာ စွဲကျန်နေတဲ့အရာတွေက စိတ်လှုပ်ရှားမှုများ၊ ရင်တွင်းခံစားမှုများ၊ ထင်ယောင်ဝိုးဝါး အမြင်အာရုံများ၊ ယင်းတို့၏ ရုပ်ပုံလွှာများ၊ လူ့စရိုက်လက္ခဏာများသည် ရသမြောက် အဖွဲ့အနွဲ့များဖြစ်သည်ဟု သူကယုံကြည်လေသည်။ နောင်တွင် သည်ရေးဟန်အတိုင်း Trueman Kapote က In Cold Blood ကို ရေးသည်။ *(စာရေးဆရာ တင်မောင်မြင့်မှ –သွေးအေးအေး— အမည်ဖြင့် ဘာသာပြန်ခဲ့ပြီး ရာပြည့်စာအုပ်တိုက်မှ ၂၀၁၄-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။)
Trueman Kapote In Cold Blood Of Men and War A Bell for Adano Crusader for Man A Bell for Adano, Hiroshima, The Wall, The Conspiracy
 
ဟီရိုရှီးမား မတိုင်ခင် Of Men and War ဟူသည့် ဝတ္ထုတစ်ပုဒ်ထွက်သည်။ စစ်ဝတ္ထုဖြစ်သော်လည်း စစ်သတင်းထောက် တစ်ယောက်၏ အမြင်ဖြင့် မရေးဘဲ စစ်သားများ၏ ရင်တွင်းခံစားချက်များနှင့် သူတို့ရှုထောင့်မှ ရေးသည်။ ထိုဝတ္ထုသည် ဒုတိယကမ္ဘာစစ် တွင် သူကိုယ်တိုင် စစ်တိုက်ခဲ့သည့် သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ အသည်းစွဲ ဝတ္ထုဖြစ်ခဲ့သည်။
 
ရှေ့တန်း စစ်သတင်းထောက်သည် ဟီရိုရှီးမားအပြီး နောက်ပိုင်းတွင် စစ်နောက်ခံ ဝတ္ထုများ ဆက်ရေးသည်။ ယင်းတို့အထဲမှ A Bell for Adano ဖြင့် ၁၉၄၅-ခုနှစ်အတွက်
ပူလစ်ဇာဆု ချီးမြှင့်ခံခဲ့ရသည်။
 
သူ၏Crusader for Man မှာ သူ့အဖေသူငယ်ချင်း တရုတ်လူမျိုး ဂျင်မီယင်၏ အတ္ထုပ္ပတ္တိ ဖြစ်သည်။ A Bell for Adano, Hiroshima, The Wall, The Conspiracy
စသည့် ဝတ္ထုရှည်ကြီးများနည်းတူ ထင်ရှားသည့် အတ္ထုပ္ပတ္တိငယ် ဖြစ်သည်။ သူ့အားဂုဏ်ပြုသောအားဖြင့် အစိုးရက အလီနွိုင်းပြည်နယ်တွင် ဂျွန်ဟာစေ အထက်တန်းကျောင်း တစ်ကျောင်း ဖွင့်ပေးခဲ့သည်။
 
၁၉၉၃-ခု၊ မတ်လ (၂၄)ရက်နေ့တွင် ဖလော်ရီဒါပြည်နယ်၊ Key West မြို့၌ ကွယ်လွန်ခဲ့သည်။ သေဆုံးချိန်တွင် အသက် ၇၈-နှစ်ရှိပြီ ဖြစ်သည်။