မိုဟန်ဂျိုဒါရို: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၈ -
 
နှစ်ပေါင်း လေးထောင်နီးပါးခန့် စွန့်ပစ်ထားခဲ့သော အဆိုပါမြို့ကြီးကို ၁၉၁၉-ခုနှစ်တွင် အိန္ဒိယရှေးဟောင်းသုတေသနပညာရှင် ဘနာဂျီက စတင်ရှာဖွေ တွေ့ရှိခဲ့ပြီး မြို့ကြီးတစ်ခုလုံး ရုပ်လုံးပေါ်လာစေရန် နှစ်ပေါင်း ၄၀ ကြာအောင် တူးဖော်ခဲ့ရသည်။ အဆိုပါမြို့ဟောင်းကြီးကို တူးဖော်တွေ့ရှိခဲ့ရခြင်းသည် ရှေးဟောင်းသုတေသနလောကအတွက် တန်ဖိုးမဖြတ်နိုင်သည့် တွေ့ရှိချက်ကြီးတစ်ခု ဖြစ်ရုံသာမက နှစ် ၅၀၀၀-ကျော်ခန့်က လူ့အဖွဲ့အစည်း တစ်ခု၏ အလွန်အဆင့်အတန်း မြင့်မားလှသော မြို့ပြနေထိုင်မှုအကြောင်းကို ယနေ့ခေတ်လူတို့ သိခွင့်ရလိုက်ခြင်းလည်း ဖြစ်သည်။ တူးဖော်တွေ့ရှိရသော ပစ္စည်းများထဲတွင် စစ်မက်ရေးရာနှင့် ပတ်သက်သည့် အမှတ်သင်္ကေတများနှင့် စစ်လက်နက်ပစ္စည်းများ တစ်စုံတစ်ရာမှ တွေ့ရှိခြင်းမရှိသည့်အတွက် ထိုမြို့ကြီးတွင် နေထိုင်ခဲ့သူများသည် စိတ်နှလုံးနူးညံ့သိမ်မွေ့သူများ၊ စစ်ကိုမလိုလားကြဘဲ ငြိမ်းချမ်းစွာ နေထိုင်လိုသူများ ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
 
ထို့ပြင် ဘုရင်မင်းစိုးရာဇာနှင့် ဆက်နွယ်သော အရာများ၊ တော်ဝင်အသုံးအဆောင်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသည့်အတွက် ထိုမြို့တွင် သက်ဦးဆံပိုင်ဘုရင်စနစ် မရှိခဲ့ဘဲ ပြည်သူက ရွေးကောက်တင်မြှောက်သည့် ကော်မတီ တစ်ရပ်ကသာ အုပ်ချုပ်သော အစိုးရပုံစံမျိုး ရှိခဲ့မည်ဟု သုံးသပ်ကြသည်။ အဆိုပါမြို့ကြီးသည် ပျက်သွားလိုက်၊ ပြန်လည်တည်ထောင်လိုက်နှင့် တစ်နေရာထဲတွင် အကြိမ်ကြိမ်အခါခါ ပြန်လည်တည်ဆောက်ထားခဲ့သော လက္ခဏာများကို တွေ့ရသည်။ ထိုကဲ့သို့ အကြိမ်ကြိမ်အခါခါ ပြန်လည်တည်ထောင်ခဲ့ရခြင်းသည် အိန္ဒူမြစ်ဝှမ်းတွင် ရေလွှမ်းမိုးမှုများကြောင့် ဖြစ်နိုင်သည်။
<ref>မန္တလေးနေ့စဉ်သတင်းစာ၊ ၂၅.၁၁.၂၀၁၉၊ စာ-၂၄ နောက်ကျောဖုံး</ref>