မြန်မာအက္ခရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ံံ +ံ, -ိိ +ိ)
စာကြောင်း ၁၄၀ -
|}
 
ပါဠိဘာသာရေးရိုးရေးစဉ်အတိုင်း "က…ဠ" နောက်တွင် အ အက္ခရာထက်၌ နိဂ္ဂဟိတ်တင်သော (အံ) ကို ဖြည့်၍ က…ဠ၊ အံ ဟု ဗျည်း (၃၃) လုံး ရေတွက်သတ်မှတ်ကြသည်လည်း ရှိသည်။ ဤ၌ သေးသေးတင် ( ံံ ) ကိုသာ ဗျည်းဟု ဆိုလိုသည်။ ယှဉ်သော (အ) မှာ အသံရွတ်ဆိုရရုံမျှ ပြထားခြင်းဖြစ်သည်။<ref group=note>အချို့ပညာရှိများကလည်း ( ံံ ) အပြင် ဝိသဇ္ဇနီ ( း ) ပါထည့်ပြီး ဗျည်း (၃၄) လုံးဟု သတ်မှတ်လိုသည်။ အချို့ကမူ က…ဠ၊ အံ၊ အံ့၊ အံး ဟူ၍လည်းကောင်း၊ အချို့က က…ဠ၊ အံ့၊ အံ၊ အံး ဟူ၍လည်းကောင်း ဗျည်း ၃၅-လုံး သတ်မှတ်လိုသည်။ ( ံံ ) အပြင် အောက်မြစ် ( ့ ) နှင့် ဝိသဇ္ဇနီ ( း ) တို့ကို ဗျည်းအဖြစ် ဖြည့်စွက်ရေတွက် ဖော်ပြခြင်းဖြစ်သည်။</ref>
 
အ အဆုံး ဗျည်း (၃၃) လုံးမူသည် မြန်မာမှုအရ အရေးအသားစနစ်ကို အလေးပေးထား၍ အံ အဆုံး ဗျည်း (၃၃) လုံးမူမှာ စကားသံစနစ်ကို အလေးပေးထားကြောင်း တွေ့ရသည်။ အံ ( ံံ ) ဗျည်းအဆုံးထားလိုသူတို့က (အ) သည် သရမျှသာဖြစ်၍ ဗျည်းစာရင်းတွင် ပါစရာမလို၊ ( ံံ ) သာ ဗျည်းအဖြစ် ပါသင့်သည်ဟု ယူဆကြသည်။ သို့သော် (အ) သည် ရှေးပုဂံခေတ်ကပင် သရ၏ တာဝန်အပြင် ဗျည်းတစ်ခုသဖွယ် ဆောင်ရွက်လာခဲ့ကြောင်းကို ဤသို့ တွေ့ရပေသည်။
 
က အစ ဠ အဆုံး ဗျည်း (၃၂) လုံးကို သရသင်္ကေတများနှင့် ယှဉ်၍ အက္ခရာပွားနိုင်သကဲ့သို့ (အ) ကိုလည်း ယင်းသင်္ကေတအားလုံးနှင့် ယှဉ်၍ အက္ခရာပွားနိုင်သည်။ အခြား ဗျည်းများကို ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သကဲ့သို့ (အ) ကိုလည်း ဝဆွဲ၍ ဗျည်းတွဲအဖြစ် ရေးနိုင်သည်။ ဗျည်းတို့တွင် အသတ်တင်၍ ရေးနိုင်သကဲ့သို့ ပုဂံခေတ်က (အ) တွင် အသတ်တင်၍ ရေးခဲ့ကြသည်။
စာကြောင်း ၂၁၈ -
ဗျည်းအရေအတွက်နှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ရှိကြသကဲ့သို့ သရအရေအတွက်နှင့် စပ်လျဉ်း၍လည်း အယူအဆအမျိုးမျိုး ရှိခဲ့ကြသည်။ ရှေးပါဠိသဒ္ဒါကျမ်းတစ်စောင်ဖြစ်သော ကစ္စည်းသဒ္ဒါကျမ်းက အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ-သရရှစ်လုံးဟု ပြသည်။ မောဂ္ဂလလာန်ကျမ်းကမူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဧတ်၊ ဩတ်-သရ (၁ဝ) လုံးဟု ပြသည်။ ကုန်းဘောင်ခေတ် တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာကျမ်း၌မူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ-သရရှစ်လုံးတွင် အဲ၊ ဩော်၊ အို သုံးလုံးဖြည့်စွက်ပြီး မြန်မာသရ ၁၁ လုံးဟု ပြဆိုခဲ့သည်။ ယင်းပြဆိုချက်များ၌ အံ ကို မတွေ့ရချေ။ ရှေးသဒ္ဒါဆရာများက အံ ကို အခြေခံသရတစ်ခုအဖြစ် မယူကြချေ။ ၎င်းတို့က နိဂ္ဂဟိတ် ( ံ ) ကို ဗျည်းစာရင်း၌ ထည့်သွင်းကြသဖြင့် အသရတွင် နိဂ္ဂဟိတ်ဗျည်း ( ံ ) ယှဉ်သော အံ ကို အခြေခံသရတွင် မထည့်ကြခြင်းဖြစ်သည်။ မြန်မာ သင်ပုန်းကြီးကမူ အံ ကို ဗျည်းစာရင်း၌ ထည့်သွင်း မပြဆိုခဲ့ချေ။ အသတ်ဗျည်းမပါသော သရများကို ကမချသရများအဖြစ် စုစည်း ဖော်ပြသော အခါတွင်မူ အသတ်ဗျည်း ထင်ရှားမရှိသော အံ သည်လည်း ကမချ သရများတွင် အကျုံးဝင်ခဲ့လေသည်။ ဤသို့ဖြင့် သင်ပုန်းကြီးက အံ ကို သရတစ်ခုအဖြစ် ဖော်ပြခဲ့ပေသည်။
 
ပုဂံခေတ် ရှေးဦးမြန်မာအရေးအသားများတွင် အထက်ပါ သရ (၁၂) လုံးအနက်မှ အဲ၊ အော်၊ အို တို့ကို မတွေ့ရသေးပေ။ ထိုခေတ်က - ဲ အစား ါယ် ကိုလည်းကောင်း၊ ော် အစား ဝ် ကို လည်းကောင်း၊ [သာဓက။ ။ တဝ်၊ ပုဇဝ် (တော်၊ ပူဇော်)] ိိ ု အစား ိဝ်၊ ုဝ်၊ ေိဝ်၊ ိုဝ် တို့ကိုလည်းကောင်း သုံးခဲ့ကြသည်။ အဆိုပါ ပါယ်၊ ထိုဝ် စသည့် စာလုံးများတွင် ယ်၊ ဝ် များ ပါရှိနေခြင်းကြောင့် ၎င်းတို့ကို သရအဖြစ် မသတ်မှတ်ခဲ့ပေ။
 
သက္ကရာဇ် ၄၉၃-ခုနှစ်ထိုး အလောင်းစည်သူမင်း၏ ရွှေဂူကြီး ပါဠိဘာသာ ကျောက်စာတွင် ဗေဲသာခမာသ ဟု ဧဲ သရဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။ သက္ကရာဇ် ၅ဝ၉-ခုနှစ်ထိုး ငနွယ်သင်ကျောက်စာ (ပုံ-၅၉) တွင် "လဲကိုဝ်ဖျက်ဆီသသူ" ဟူ၍ အဲသရကို တွေ့ရသည်။ ဧဲ သဏ္ဌာန်သည် သက္ကတသဏ္ဌာန်ဖြစ်၍ အဲ သဏ္ဌာန်သည် မြန်မာမှုပြုထားသော သဏ္ဌာန်ဖြစ်ပေသည်။ ပါဠိတွင် အဲသရမရှိချေ။ ထိုသက္ကတ ဧဲသဏ္ဌာန်ကို စွဲ၍ ယောအတွင်းဝန်၏ လိပိဒီပိကာကျမ်း၊ လယ်တီဆရာတော်၏ သင်ပုန်းကြီးသံခိပ် စသည်တွင် သရအက္ခရာများကို ပြဆိုရာ၌ ဧဲဟု ပြဆိုခဲ့ကြသည်။ သို့သော် ဝေါဟာရတ္ထပကာသနီ ကျမ်းပြုဆရာတော်ကမူ မြန်မာမှု အဲ ကိုပင် နှစ်သက်သည်။ ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာတွင်လည်း အဲဟုပင် ပြသည်။ မြန်မာမှု၌ ေ-ဲ ရေးထုံးမရှိကြောင်းကို ဝေါဟာရတ္ထပကာသနီကျမ်းက ''သဝေတွင် နောက်ပစ်၍လည်း မြန်မာမှု၌ မထင်ရှိခဲ့'' ဟု ပြဆိုခဲ့သည်။ အဲသည် သက္ကရာဇ် ၅၀၀ ခန့်မှစ၍ မြန်မာသရတစ်ခု ဖြစ်လာခဲ့ပေသည်။