အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ: တည်းဖြတ်မှု မူကွဲများ

→‎သမိုင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
စာကြောင်း ၃၉ -
၁၉ ရာစု အစောပိုင်းတွင် တိုက်ပွဲများ၌ ဒဏ်ရာရရှိသော စစ်သားများ၊ စစ်အတွင်း မတော်တဆ ဒဏ်ရာရရှိမှုများအား စောင့်ရှောက်ရန်အတွက် သူနာပြုဟူသော အဖွဲ့အစည်းဟူ၍ မည်သည့်အဖွဲ့အစည်းနှင့် နည်းလမ်းများ မျှ မရှိခဲ့ချေ။
သို့သော် ဆွစ်ဇာလန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဟန်နရီဒူးနန့်သည် ဩစထရို-ဆာဒီနီယန်း စစ်ပွဲအတွင်း ဆော့ဖာရီနို တိုက်ပွဲအား တွေ့မြင်ခဲ့ရသည်။ တိုက်ပွဲအပြီး နောက်တနေ့တွင် စစ်မြေတလင်း၌ နှစ်ဖက်စစ်သား ၄၀,၀၀၀ ခန့် သေကြေ၊ ဒဏ်ရာရရှိကြလေသည်။
ထို့နောက် ဒူးနန့်သည် ထိခိုက်ဒဏ်ရာ ရရှိထားသော ထိုစစ်သားတို့အား ဆေးဝါးအကူအညီပေးရန်အတွက် ပြင်သစ် ဧကရာဇ် နပိုလီယံ တတိယနှင့် တွေ့ဆုံကာ ထိုစဉ်က ပြင်သစ်ကိုလိုနီနယ်ဖြစ်သည့် အယ်ဂျီးရီးယားတွင် စီးပွားရေးလုပ်ငန်း အခက်အခဲများကို ဆွေးနွေးရန် အစီအစဉ်ကို ဖျက်သိမ်းကာ ထိုဒုက္ခသည် စစ်သားများအတွက် အကူအညီ အစောင့်အရှောက်များ ပေးရင်း ရက်အတော်ကြာမျှ နေထိုင်ခဲ့သည်။ ထို့ပြင် သူသည် တွေ့မြင်ခဲ့ရသော ထိုစစ်ပွဲအကြောင်းအား စာအုပ်တစ်အုပ်အဖြစ် ရေးသားပြုစုခဲ့ပြီး ထိုစာအုပ်အား ဆော့ဖာရီနို အကြောင်း မှတ်မိသ၍ (A Memory Of Solferino) ဟူ၍ အမည်ပေးထားခဲ့သည်။ ထိုစာအုပ်အား ရေးသားပြီးစီးပြီးနောက် ၁၈၆၂ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင်ငွေဖြင့် ထုတ်ဝေဖြန့်ချီခဲ့သည်။ထုတ်ဝေဖြန့်ချိခဲ့သည်။ ထိုစာအုပ်ကို ဥရောပတိုက်တစ်ခုလုံးရှိ နိုင်ငံရေးနှင့် စစ်ရေး ဆိုင်ရာ မျက်နှာကြီးပိုင်း ခေါင်းဆောင်များထံ ပို့ပေးခဲ့လေသည်။ ဤစာအုပ်သည် ဒူးနန့် မြင်တွေ့ခဲ့ရသည်များကိုသာ ဖော်ပြရန်မဟုတ် တိုက်ပွဲများတွင် ဒဏ်ရာရရှိထားသော စစ်သားများအား အကူအညီ၊ စောင့်ရှောက်မှုများ ပြုလုပ်ရန်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းရန်၊ တည်ထောင်ရန်အတွက် ပြောဆို ရေးသားထားသည်။ ဒူးနန့်သည် စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများ ကာကွယ် ကုသပေးရေး၊ ဆေးရုံများတည်ဆောက်ရေးနှင့် ဘက်မလိုက်ရေးကို အာမခံပေးနိုင်မည့် နိုင်ငံတကာ ဆိုင်ရာ သဘောတူစာချုပ် ချူပ်ဆိုရန် ဆော်ဩခဲ့သည်။ လူထုအကျိုးပြု ဂျာနီဗာ လူထုအဖွဲ့အစည်းက ဒူးနန့်၏ အကြံအစည်ကို စဉ်းစားပြီး နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းရန် ကော်မတီတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ ၅ ဦးကော်မတီကို ဖေဖော်ဝါရီလ ၉ ရက်၊ ၁၈၆၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။
 
ထိုပုဂ္ဂိုလ်များမှာ-