ရာမာယဏ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး misspelled names
စာကြောင်း ၁ -
[[File:Indischer Maler von 1780 001.jpg‎|thumb]]
'''ရာမာယဏ''' (သသင်္ကရိုက်ဟိန္ဒီ: रामायण) သည် သက္ကတ ဘာသာဖြင့်ရေးသားခဲ့သော စွန့်စားခန်း ကဗျာရှည်ကြီးဖြစ်ပြီး ဘီစီ ၄၀၀ နှင့် ၂၀၀ ကြားတွင်ပြန်လည် ပေါင်းစည်း တည်းဖြတ် ထားသည်ဟု ယူဆရသည်။ ရာမာယဏဆိုသည်မှာ "ရာမ"နှင့် "အယာဏ" ဟူသော စကားလုံး နှစ်လုံးကို ပေါင်းစည်း ထားခြင်းဖြစ်ပြီး "ရာမ၏ခရီး" ဟုအဓိပ္ပာယ် ရသည်။ အစဉ်အလာမှတ်တမ်းများ အရရေးသားစီရင် ခဲ့သူမှာ ပညာရှိကြီး [[ဝမ္မီကိရသေ့ကြီး]] Valmiki ဖြစ်သည်ဟု ယုံကြည်ကြပြီး [[ဟိန္ဒူဘာသာ]]၏ အရေးပါလှသော ကျမ်းဂန်တစ်ခုဖြစ်သည်။ ဝမ္မီကိရသေ့ကြီး၏ ရာမယဏသည် ကမ္ဘာပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျှက်ရှိသော ရာမယဏ ဇာတ်လမ်းများ၏ မူရင်းလည်းဖြစ်သည်။
 
ရာမာယဏအား အပိုဒ်ပေါင်း နှစ်သောင်းလေးထောင်၊ အခန်းကဏ္ဍပေါင်း ငါးရာနှင့် ကျမ်းခုနှစ်ကျမ်းတို့ဖြင့် ဖွဲ့စည်းထားပြီး ၃၂ လုံးစပ် ဟန်ဖြင့် ရေးဖွဲ့ထားသည်။ ရာမာယဏသည် အိန္ဒိယ စာပေယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအား များစွာလွှမ်းမိုးရုံ သာမက မဟာဗြရတ္တ ကဲ့သို့ပင် ဟိန္ဒူဂုရုကြီးများ၏ သွန်သင်ဆုံးမမှု ဓမ္မအား ညွှန်ပြသည့် ဘာသာရေး ကျမ်းတစ်စောင်လည်းဖြစ်သည်။ ဤဇာတ်လမ်းပါ ဇာတ်ကောင်များ ဖြစ်သော ရာမ၊ လက္ခဏာ၊လက္ခဏ၊ သီတာ၊ ဟနူမာန်ဟာနုမာန် စသည်တို့မှာ စံပြ သားယောက်ျား၊ စံပြလင်ယောက်ျား၊ စံပြဘုရင်၊ စံပြဇနီး၊ စံပြနောက်လိုက်၊ စံပြအမှုထမ်း စသည့် ဂုဏ်ပုဒ်များ ဖေါ်ကျူးလျှက်ရှိပြီး အိန္ဒိယ လူ့အဖွဲ့အစည်း အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျှက်ရှိသည်။
 
ရာမာယဏသည် တမီလ်၊ ဟင်ဒီ၊ဟိန္ဒီ၊ ဘင်္ဂါလီ စသည့် ခေတ်သုံး စာပေတိုင်အောင် ဩဇာလွမ်းမိုး သည်သာမက အရှေ့တောင်အာရှသို့ပါ အေဒီ ၈ ရာစုခန့်တွင် ရောက်ရှိ ပြန့်နှံခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများ၏ စာပေ၊ ဂီတ၊ အက၊ ရုပ်သေး၊ ပန်းချီ၊ ပန်းပု အစရှိသည့် အနုပညာရပ်များတွင် ရာမာယဏကို အထင်အရှားတွေ့ နိုင်သည်။ ကမ္ဘောဒီယား၏ကမ္ဘောဒီးယား၏ (Reamker)၊ ထိုင်း၏ (Ramakien)၊ မြန်မာ၏ ရာမဇာတ်တော်ကြီး၊ မလေးရှား၏ (Hikayat Seri Rama)၊ လာအို၏ (Phra Lak Phra Ram)၊ အင်ဒိုနီးရှား ဘာလီကျွန်းနှင့် ဂျာဗားကျွန်းတို့၏ ရာမာယဏ၊ မွန်တို့၏ (Loik Samoing Ram) တို့မှာ ဘာသာ၊ ယဉ်ကျေးမှုဓလေ့ အသီးသီး ဖြင့် ပြန်လည် ဖန်တီးအသက်သွင်း ထားခြင်းဖြစ်သည်။
 
==နှိုင်းယှဉ်ချက်==
စာကြောင်း ၂၉ -
 
ဒသရထဘုရင်ကြီးသည် ဇရာဒုဗ္ဗလအရွယ်သို့ ရောက်လာပြီ ဖြစ်သည်နှင့် တစ်နေ့တွင် သားတော်ရာမမင်းသားအား ထီးမွေနန်းမွေခံအဖြစ် ကျေညာရန် စီစဉ်လေသည်။ သို့သော် ကေကေယီ မိဖုရားသည် မိမိ၏သားတော် ဘရတသာလျှင် မင်းဖြစ်သည်ကို မြင်လိုသောကြောင့် တစ်ရံခါက မိမိအား ဒသရထမင်းကြီး ပေးအပ်ထားသည့် ဆုနှစ်ရပ်ကို တောင်းခံလေသည်။ ထိုနှစ်ဆုမှ ဘရတမင်းသားကို အရိုက်အရာဆက်ခံ စေရန်နှင့် ရာမမင်းသားကို ပြည်တော်မှ ၁၄ နှစ်ကြာ နှင်ထုတ် ရန်တို့ ဖြစ်လေသည်။ အခြားဆုများ တောင်းခံရန် ဘုရင်ကြီးက အမျိုးမျိုး ပန်ကြားသော်လည်း မရသဖြင့် ရာမမင်းသားအားခေါ်၍ အကျိုးအကြောင်း ပြောပြရာ ရာမမင်းသားသည် သားတော် အလိမ်မာဖြစ်သည်အားလျော်စွာ မိမိ၏သဘောအလျောက် ကြင်ယာတော် သီတာမင်းသမီး၊ ညီတော်
လက္ခဏာတို့နှင့်အတူလက္ခဏတို့နှင့်အတူ ဒဏ္ဍကတောသို့ အေးချမ်းစွာပင် ထွက်ခွာသွားလေသည်။ ခမည်းတော်မင်းကြီးလည်း စိတ္တဇဖြင့် နတ်ရွာစံလေသည်။ ဘရတမင်းသားသည်လည်း မိမိ၏နောင်တော်ကို ကျော်လွန်၍ ဘုရင်မလုပ်လိုသောကြောင့် နောင်တော်အား လိုက်ရှာရာ၊ ဒဏ္ဍတောတွင် တွေ့ရှိ၍ နေပြည်တော်သို့ ပြန်လည် လိုက်ပါရန် ခေါ်ဆောင်လေသည်။ ရာမမင်းသားလည်း ညီတော်ဘရတ၏ သဘောထားကြီးမားပုံကို သိရှိရသော်လည်း မိမိ၏ကတိအတိုင်း ခမည်းတော်၏ ဩဇာကို နာခံလိုသောကြောင့် နေပြည်တော်သို့ ပြန်မလိုက်ဘဲ ခြေနင်းကိုသာ ပေးအပ်လိုက်လေသည်။ ဘရတမင်းသားလည်း ရွှေခြေနင်းကို ယူကာ ရာဇပလ္လင်ထက်တွင် တင်၍ နောင်တော်၏ ကိုယ်စားတိုင်းပြည်ကို အုပ်ချုပ်လေသည်။
 
ဒဏ္ဍက တောတွင်းဝယ် ရာမမင်းသည် ကြင်ယာတော်၊ ညီတော်တို့နှင့်အတူ နေထိုင်စဉ် ဘီလူးတို့၏ဘေးမှ ကြောက်လန့်နေကြသူတို့ ခိုဝင်လာကြရာ ရာမမင်းသည် ဘီလူးတို့၏ ရန်ကို တွန်းလှန်ရလေသည်။ သုပ္ပနခါ ဘီလူးမသည် ရာမမင်းကို မြင်လျှင် တပ်မက်ကြောင်း ထုတ်ဖော်သော်လည်း ရာမမင်းသားက လက်မခံသဖြင့် စိတ်နာ၍ မောင်တော်ခရဘီလူးကိုခေါ်၍ စစ်သည်တို့ဖြင့် တိုက်ခိုက်လေသည်။သို့သော် ခရဘီလူးနှင့်တကွ စစ်သည်တော်တို့သည် ရာမမင်းသား၏ လက်ချက်
ဖြင့် ပျက်စီးကြသည်ရှိသော် သုပ္ပနခါဘီလူးမသည် သီဟိုဠ်ကျွန်းသို့ကူး၍ မောင်တော်ဘီလူးမင်း [[ရာဝဏ]] (ဒဿဂီရိဒသဂီရိ)ထံ တိုင်တန်းလေသည်။ ရာဝဏဘီလူးမင်းလည်း အမျက်ကြီးစွာဖြင့် ဂလဲ့စားစေချေရန် လိုက်လာပြီးနောက် မိမိ၏ နောက်ပါတစ်ဦးအား ရွှေသမင်အဖြစ် ဖန်ဆင်းကာ သီတာမင်းသမီးအား မြှူစေလေသည်။ မင်းသမီးလည်း ရွှေသမင်ကို လိုချင်၍ မောင်တော်အား ပူဆာရာ ရာမမင်းသားသည် ညီတော်နှင့်အတူ သမင်ဖမ်း ထွက်ရလေသည်။ ထိုအခိုက် ရာဝဏသည် ရသေ့ယောင်ဆောင်၍ သီတာအား ရထားပျံပေါ်တင်ကာ ကောင်းကင်ခရီးဖြင့် ခိုးပြေးလေသည်။ သီဟိုဠ်သို့ ရောက်လျှင် ရာဝဏသည် သီတာ၏ မေတ္တာကို တောင်းခံသော်လည်း မရသဖြင့် အကျဉ်းချထားလေသည်။ ရာမမင်းသား ညီနောင်တို့လည်း ရွှေသမင်ကို လိုက်၍မရဘဲ ပြန်လာသည်တွင် သီတာမင်းသမီးအား မမြင်သဖြင့် မင်းသမီးအား အရှာထွက်ပြန်လေသည်။ လမ်းတွင် ခေါင်းပြတ်ဘီလူးတစ်ကောင်နှင့် တွေ့ရှိလေရာ သုဂ္ဂီဝ(သုဂြိတ်)
မည်သော မျောက်မင်းနှင့် မိတ်ဖွဲ့၍ ရှာရန် ထိုဘီလူးက အကြံပေးလေသည်။
 
ရာမသည် သုဂ္ဂီဝနှင့် တွေ့သောအခါ သုဂ္ဂီဝက မိမိမှာ ကြင်ယာနှင့်တကွ ထီးနန်းကိုပါ ညီဖြစ်သူဗာလီ၏ လုယက်ခြင်း ခံရကြောင်း ပြောပြကာ မဟာမိတ်ဖွဲ့လေသည်။ ထို့နောက် ရာမသည် ဗာလီအား တိုက်ခိုက်ပြီးသော် သုဂ္ဂီဝအား နန်းပြန် အပ်လေသည်။ သုဂ္ဂီဝတွင်ရှိသော မျောက်အမတ်များအနက်
ဉာဏ်အရှိဆုံးနှင့် စိတ်အချရဆုံးသောသူကား ဟနုမာပေတည်း။ဟာနုမာန်ပေတည်း။ ထို့ကြောင့် သီတာမင်းသမီးကို ရှာဖွေရာ၌ ဟနုမာအားဟာနုမာန်အား ရာမမင်းသားက လွှဲအပ်လေသည်။ ဟနုမာလည်းဟာနုမာန်လည်း သီတာမင်းသမီး ရှိရာ အရပ်ကို သတင်းရရှိသဖြင့် မျောက်ဗိုလ်ပါတို့နှင့်အတူ လင်္ကာကျွန်းသို့ကူးရန် ကြိုးစားလေတော့သည်။
 
ဟနုမာသည်ဟာနုမာန်သည် မဟိန္ဒတောင်သို့ တက်၍ ဝေဟင်ခရီးဖြင့် လေးရက်တိုင်တိုင် ခက်ခက်ခဲခဲ ကူးခဲ့သည့် နောက်တွင် လင်္ကာကျွန်းသို့ ရောက်ရှိလေသည်။ ထို့နောက် မြို့တော်ကို အကဲခတ် ပြီးလျှင် မိမိ၏အရွယ်ပမာဏကို သေးငယ်အောင် ဖန်ဆင်းကာ မြို့တော်တွင်းသို့ ဝင်လေသည်။ ရာဝဏ၏နန်းတော်၊ ရထားပျံ၊
မောင်းမမိဿံတို့၏ အဆောင်များ စသည်တို့သို့ တိတ်တဆိတ် လှည့်လည်စုံစမ်းပြီးနောက် သီတာမင်းသမီးအား တောအုပ်တစ်ခုအတွင်းဝယ် တွေ့ရှိလေသည်။ မင်းသမီးအား အကျိုးအကြောင်းပြောပြပြီးသော် ဟနုမာသည်ဟာနုမာန်သည် ရာမရှိရာသို့ ပြန်လာကာ သီတာမင်းသမီးအား တွေ့ရှိရပြီ ဖြစ်ကြောင်းကို လျှောက်
ထား၍ သီတာမင်းသမီး၏ စကားလက်ဆောင်ကို ပါးလေသည်။
 
ရာမလည်း သီတာမင်းသမီးအားပြန်လည်ရယူရန် ကြိုးစားလေတော့သည်။ သုဂ္ဂီဝက လင်္ကာကျွန်းသို့ တံတားသွယ်ပေးလျှင်ပင် မျောက်စစ်တပ်ကြီး ချီတက်လာလေသည်။ ထိုအခါ ရာဝဏ၏ ညီတော်ဗီဘီသနက သီတာအား ရာမမင်း၏လက်သို့ ပြန်လည်အပ်နှင်းရန် အကြံပေးလေသည်။ သို့သော်လည်း
ရာဝဏက မလိုက်နာရုံမက စော်ကားမှုပြုသည်ရှိသော် ဗိဘီသနသည် ရာမင်းမင်းဘက်သို့ရာမမင်းဘက်သို့ ခိုဝင်လေသည်။ ထို့နောက် စစ်ပွဲကြီးများ ဖြစ်ပွားလေတော့သည်။ ရာဝဏ၏သားတော်သည် လက္ခဏ၏လက်ချက်ဖြင့်၎င်း၊ ရာဝဏကိုယ်တိုင်မှာမူ ရာမမင်း၏ လက်ချက်ဖြင့်၎င်း အသက်ဆုံးရှုံးပြီးနောက် ရာမမင်းအဖို့
အောင်ပွဲရရှိလေသည်။ သို့သော် ရာမမင်းသည် သီတာမိဖုရားအား သင်္ကာမကင်းဖြစ်၍ ကြင်ယာတော်အဖြစ် ပြန်လည်သိမ်းပိုက်ခြင်း မပြုသဖြင့် မီးပုံအတွင်း ခုန်ဆင်းလေသည်။
 
စာကြောင်း ၇၇ -
ဖြစ်ကြောင်း ပြောပြလေသည်။ ရာမမင်းလည်း မကြာမီ
တိုင်းပြည်အား သားတော်များအား လွှဲအပ်ကာ နတ်ရွာ စံလွန်
လျှင် ဗိဿဏိုးနတ်ဗိဿနိုးနတ် ဖြစ်လာပြန်တော့သည်။
 
==ပါဠိပိဋကတ်တော်လာ ဇာတကကျမ်း==