"ဆာမူရိုင်း" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၂ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
အရေးမကြီး
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်))
ဆာမူရိုင်းစစ်သူရဲတို့သည် မိမိတို့ဘာသာ "စစ်သူရဲလမ်းစဉ်" သို့မဟုတ် ဘူရှီဒိုကို လိုက်နာကျင့်သုံးသူများအဖြစ် ခံယူလေ့ရှိသည်။ ဂျပန်အဘိဓာန်တွင် ဘူရှီဒိုဟူသော စကားလုံးကို ရှိုဂတ်ကုကန် ကိုကုဂို ဒိုင်းဂျိတန် (Shogakukan Kokugo Daijiten) ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပြီး "မူရိုမာချီ(Muromachi) သို့ ချူဆေးခေတ်(chusei) တွင် စစ်သူရဲများအကြား ပျံ့နှံ့နေသော သီးသန့် ယုံကြည်ယူဆချက်(ronri)" ဟု အဓိပ္ပာယ်ရသည်။ အစကနဦးထဲကပင် ဆာမူရိုင်းတို့သည် သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုအမူနှင့် လမ်းစဉ်ဟု ယုံကြည်ကြသည်။
 
ဥပမာအားဖြင့် ကာတို ကိယိုမာဆာ(၁၅၆၂-၁၆၁၁) သည် ဆန်ဂေါ့ကုခေတ်မှ အာဏာအရှိဆုံး နှင့် အထင်ရှားဆုံး ပဒေသရာဇ်တစ်ယောက်ဖြစ်သည်။ သူသည် ဂျပန်၏ အဓိက ဂိုဏ်းများကို ကိုရီးယားကို ကျူးကျော်စဉ် (၁၅၉၂-၁၅၉၈) အတွင် အမိန့်ပေးစေခိုင်းခဲ့သည်။ လက်စွဲစာအုပ်ထဲတွင် သူက မည်သည့်အဆင့် ရှိသည့် ဆာမူရိုင်းမဆို စစ်သူရဲတို့၏ဘဝတွင် တစ်ခုတည်းသော တာဝန်မှာ ဓားတိုဓားရှည်များကို ဆွဲ၍ သေဆုံးရန်ဟု သူ၏နောက်လိုက်များကို ပြောခဲ့သည်။ သူက နောက်လိုက်များကို ဂန္တဝင်စစ်ပညာများဂန္ထဝင်စစ်ပညာများ အထူးသဖြင့် သစ္စာစောင့်သိမှုနှင့် သားကောင်းပီသမှုနှင့် ပတ်သက်သော အရာများကို အစွမ်းကုန်ကြိုးစားအားထုတ်၍ သင်ကြားရန် အမိန့်ပေးခဲ့သည်။ သူသည်
<blockquote>"အကယ်၍ လူတစ်ယောက်သည် ဘူရှီဒိုလမ်းစဉ်ကို နေ့စဉ်စူးစမ်းမှုမရှိပါက သူအနေနှင့် ရဲဝံ့၍ ယောကျ်ားပီသသော သေဆုံးခြင်းမျိုးဖြင့် သေဆုံးရန် ခဲယဉ်းသည်။ ထိုအတွက်ကြောင့် စစ်သူရဲတစ်ယောက်၏ အလုပ်ကို စိတ်အတွင်း၌ စွဲစွဲမြဲမြဲနှလုံးသွင်းထားရန် မရှိမဖြစ်လိုအပ်သည်။"</blockquote> ဆိုသောဆိုရိုးစကားနှင့် ပတ်သက်၍ လူသိများသည်။