ကုန်းဘောင်မင်းဆက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၆၀ -
# သီပေါအရှင် ထီးနန်းနှင့်ပလ်လင် ဆယ့်တစ်ဆက်အုပ်စိုးတင့် မုဆိုးဘုရင်စခန်းမို့လေး။
 
ကုန်းဘောင်မင်းဆက်တစ်ခုလုံးကို ခြုံ၍ကြည့်လိုက်လျှင် ဝမ်းသာစရာ၊ အားရစရာအချက်များ လည်းပါဝင်သည်။ ဝမ်းသာစရာအကြောင်းများလည်း ပါဝင်သည်။ ကုန်းဘောင်းမင်းဆက် ၌ မင်း (၁၁)ပါးရှိရာ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ်ပါဝင်သလို မင်းသာမာန်၊ မင်းညံ့များလည်း ပါဝင်သည်။ ကုန်းဘောင်မင်းဆက် ၌ ထင်ရှား၍ မြန်မာတို့ ဂုဏ်ယူဝင့်ကြွားလောက်သော မင်းများမှာအလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင်၊ ဗဒုံမင်း (ဘိုးတော်ဘုရား)နှင့်ပဥ္စမသင်္ဂါယနတင်နှင့်ပဉ္စမသင်္ဂါယနတင် မင်းတုန်းမင်းတရားကြီးတို့ ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံးအထိ တိုးချဲ့စည်းရုံးနိုင်ခဲ့သည်။ သာသနာရေးကို အထူးဂရုစိုက်၍ ပြုစုခဲ့ကြသည်။ ကုသိုလ်ကောင်းမှူများ ပြုလုပ်ခဲ့ကြသည့်အပြင် သားကြီးငါးကြီးစားသောက်မှု ၊ အရက်သေစာသောက်စားမှုတို့ကို တားမြစ်ခဲ့သည်။
 
ယင်းခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိ နှင့်စာဆိုတော်များ အများအပြား ပေါ်ထွန်းခဲ့သည်။ မဇ္ဈိမဒေသမှ ယူဆောင်လာသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ မြင်ကွန်းတောင်ပေါ်ကျောင်းဆရာတော် ဓမ္မဝိလာသ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ ဦးထွန်းညို၊ ရှင်တေဇောသာရ ၊ အတွင်းဝန် ဝဏ္ဏဓမ္မကျော်ထင်၊ ခေမာစာရမထေရ် ၊ အမတ်ရာဇဗလ ၊ ကျုံးဝန်ဘုမ္မဇေယျသင်္ကြန်၊ အမတ်လက်ဝဲဘိနန္သူ ၊ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန် အစရှိသော ဓမ္မသတ်ဆရာကြီးများ၊ ကျမ်းပြုပုဂ္ဂိုလ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ဦးတိုး၊ ကျည်းကန်ရှင်ကြီး ၊ ဝက်မစွတ် ၊ နဝဒေး၊ မင်းကြီးကတော် ခင်ဆုံ ၊ စာဆိုတော်ဦးမင်း ၊ ဖိုးသူတော်ဦးမင်း ၊ အနောက်နန်းမတော် မမြလေး ၊ လှိုင်ထိပ်ခေါင်တင် အစရှိသော စာဆိုတော်များ ၊ ဦးကြင်ဥ ၊ ဦးပုည အစရှိသော ပြဇာတ်ရေးဆရာများ ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင် တေးထပ်၊ လေးဆစ်သဖြန် ၊ ဘောလယ် ၊ ယိုးဒယား ၊ ပတ်ပျိုး ၊ သီချင်းကြီးများ စသည်တို့ မြန်မာစာပေတွင် သစ်ဆန်းပေါ်ထွက်လာသည်။