"ရေနံချောင်းမြို့" ၏ တည်းဖြတ်မှု မူကွဲများ

၃၂၄ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
(Reverted good faith edits by Ye Phyo Paing (talk): Already added. (TW))
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
'''ရေနံချောင်းမြို့''' သည်[[မြန်မာနိုင်ငံ]]၊ [[မကွေးတိုင်းဒေသကြီး]]၊ [[မကွေးခရိုင်]]၊ [[ရေနံချောင်းမြို့နယ်]]၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ ယာယီရုံး
စိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ [[ဧရာဝတီမြစ်]]အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ [[မကွေးမြို့]]အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ကွာဝေးသည်။ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး<ref name="census-2014">{{cite book|title=သန်းခေါင်စာရင်း အစီရင်ခံစာ|publisher=လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန|location=နေပြည်တော်|date=မေ ၂၀၁၅|series=၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ|volume=အတွဲ-၂|pages=၅၆|url=https://drive.google.com/file/d/0B067GBtstE5TeUlIVjRjSjVzWlk/view}}</ref> ဖြစ်သည်။ မြို့သည် မညီညာသော ကုန်းမြင့်ပေါ်တွင် တည်ရှိသောကြောင့် မြို့ထဲရှိလမ်းများမှာ အတက်အဆင်း အလွန်များလေသည်။အလွန်များသည်။
 
ရေနံချောင်းမြို့သည် မြန်မာနိုင်ငံ၌ ရေနံ အများဆုံးထွက်သော မြို့ဖြစ်၍ ရေနံလုပ်ငန်းများ ရှိသောကြောင့် မကွေးခရိုင်တွင်စည်းကားသောမြို့တစ်မြို့ အစည်ကားဆုံးမြို့ ဖြစ်လေသည်။ဖြစ်သည်။ ရေနံတွင်းများကို မြို့နှင့် သုံးမိုင်ခန့်ဝေးသော တွင်းကုန်းနှင့် ဘေးမဲ့အရပ်တို့တွင် အများဆုံးတွေ့ရသည်။ နိုင်ငံတော်အစိုးရက ရေနံချောင်း ရေနံမြေဟု စတုရန်းမိုင် ၈ဝ ခန့်ရှိသော မြေကွက်ကို သတ်မှတ်ထားသော်လည်း ရေနံမြေအစစ်မှာ စတုရန်းမိုင် သုံးမိုင်ခန့်သာ ရှိသည်။ ရေနံအများဆုံးထွက်သော ဧရိယာမှာကား ၁ ၁/၄ စတုရန်းမိုင်ခန့်သာ ရှိလေသည်။ ရေနံလုပ်ငန်းကို ကာလရှည်ကြာစွာ [[ဘီအိုစီ|ဘီအိုစီကုမ္ပဏီ]] အမှူးပြုသော နိုင်ငံခြားအရင်းရှင်
ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ လုပ်ကိုင်လာခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ဘီအိုစီကုမ္ပဏီတို့ ဖက်စပ်လုပ်ငန်းကြီးတစ်ရပ်အဖြစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် ရေနံလုပ်ငန်းဆိုင်ရာ နိုင်ငံခြားကုမ္ပဏီများ၏ ပိုင်ဆိုင်ခွင့်အရပ်ရပ်ကို တရားနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းကာ ဝယ်ယူခဲ့သဖြင့် ထိုကုမ္ပဏီများသည် ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ မြန်မာတိုင်းရင်း သားများလက်သို့ လုံးလုံးလျားလျား ပြန်လည်ရောက်ခဲ့လေသည်။
 
ရေနံများကို ယခင်က ရေနံချောင်းမှ ရန်ကုန်တစ်ဖက်ကမ်းရှိ [[သန်လျင်မြို့]]သို့ ဓာတ်ဆီချက်လုပ်ရန် ပိုက်လုံးကြီးများ ဖြင့် ပို့ပေးခဲ့လေသည်။ သို့သော် ယခုအခါ တွဲသမ္ဗန်ကြီးများ တွင် ထည့်၍ တွန်းသင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရလေသည်။ ရေနံချောင်းမြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သည့် အပြင် မကွေး၊ ချောက်မြို့များနှင့်လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားလေသည်။
 
ရေနံထွက်ရာ ဗဟိုဌာနဖြစ်သည့်အားလျော်စွာ ရေနံ လုပ်ငန်းဆိုင်ရာ အဆောက်အအုံကြီးများ၊ အစိုးရရုံးများ၊ ကျောင်းများ၊ ဆေးရုံ စသည်တို့ ရှိလေသည်။
[[File:Phuu Sar Kon,Yenangyaung.jpg|thumb|ဖူးစာကုန်း]]
ရေနံချောင်းမြို့ပေါ်တွင် ထင်ရှားသော ဘုရားစေတီများမှာ စနေနံဘုရား၊ ရွှေဘုံသာစေတီနှင့် ပင်းစက္ကလံပြစေတီပင်းစက္ကလံပစေတီ (ပင်းဘုရား)တို့ ဖြစ်လေသည်။ ထို့အပြင် ဖူးစာကုန်းခေါ် အများပြည်သူအပန်းဖြေရာနှင့် ရှုခင်းကြည့်စရာ ကမ်းပါးတစ်ခုလဲ ရှိသည်။
 
== ကိုးကား ==
အမည်မသိ အသုံးပြုသူ