ရေနံချောင်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၈ -
ရေနံချောင်းမြို့ပေါ်တွင် အ‌ခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်းရှိသည်။၁၉၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော အမှတ်(၁)အခြေခံပညာအထက်ကျောင်းမှာ ၂၀၁၅ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်သည်။
အဆင့်မြင့်ပညာများသင်ကြားရန် [[ရေနံချောင်းဒီဂရီကောလိပ်]] နှင့် [[အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)]] တို့လည်းရှိသည်။
 
==ရေနံချောင်းရေနံမြေ==
ရေနံချောင်းမြို့သည် မြန်မာနိုင်ငံ၌ ရေနံ အများဆုံးထွက်သော မြို့ဖြစ်၍ ရေနံလုပ်ငန်းများ ရှိသောကြောင့် စည်းကားသောမြို့တစ်မြို့ ဖြစ်သည်။ ရေနံတွင်းများကို မြို့နှင့် သုံးမိုင်ခန့်ဝေးသော တွင်းကုန်းနှင့် ဘေးမဲ့အရပ်တို့တွင် အများဆုံးတွေ့ရသည်။ နိုင်ငံတော်အစိုးရက ရေနံချောင်း ရေနံမြေဟု စတုရန်းမိုင် ၈ဝ ခန့်ရှိသော မြေကွက်ကို သတ်မှတ်ထားသော်လည်း ရေနံမြေအစစ်မှာ စတုရန်းမိုင် သုံးမိုင်ခန့်သာ ရှိသည်။ ရေနံအများဆုံးထွက်သော ဧရိယာမှာကား ၁ ၁/၄ စတုရန်းမိုင်ခန့်သာ ရှိလေသည်။ ရေနံလုပ်ငန်းကို ကာလရှည်ကြာစွာ [[ဘီအိုစီ|ဘီအိုစီကုမ္ပဏီ]] အမှူးပြုသော နိုင်ငံခြားအရင်းရှင်
ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ လုပ်ကိုင်လာခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ဘီအိုစီကုမ္ပဏီတို့ ဖက်စပ်လုပ်ငန်းကြီးတစ်ရပ်အဖြစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် ရေနံလုပ်ငန်းဆိုင်ရာ နိုင်ငံခြားကုမ္ပဏီများ၏ ပိုင်ဆိုင်ခွင့်အရပ်ရပ်ကို တရားနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းကာ ဝယ်ယူခဲ့သဖြင့် ထိုကုမ္ပဏီများသည် ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ မြန်မာတိုင်းရင်း သားများလက်သို့ လုံးလုံးလျားလျား ပြန်လည်ရောက်ခဲ့လေသည်။
 
ရေနံများကို ယခင်က ရေနံချောင်းမှ ရန်ကုန်တစ်ဖက်ကမ်းရှိ [[သန်လျင်မြို့]]သို့ ဓာတ်ဆီချက်လုပ်ရန် ပိုက်လုံးကြီးများ ဖြင့် ပို့ပေးခဲ့လေသည်။ သို့သော် ယခုအခါ တွဲသမ္ဗန်ကြီးများ တွင် ထည့်၍ တွန်းသင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရလေသည်။ ရေနံချောင်းမြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သည့် အပြင် မကွေး၊ ချောက်မြို့များနှင့်လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားလေသည်။
 
==ထင်ရှားသောနေရာများ==