ရေနံချောင်းမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၆ -
'''ရေနံချောင်းမြို့''' သည်[[မြန်မာနိုင်ငံ]]၊ [[မကွေးတိုင်းဒေသကြီး]]၊ [[မကွေးခရိုင်]]၊ [[ရေနံချောင်းမြို့နယ်]]၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ ယာယီရုံး
စိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ [[ဧရာဝတီမြစ်]]အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ [[မကွေးမြို့]]အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး<ref name="census-2014">{{cite book|title=သန်းခေါင်စာရင်း အစီရင်ခံစာ|publisher=လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန|location=နေပြည်တော်|date=မေ ၂၀၁၅|series=၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ|volume=အတွဲ-၂|pages=၅၆|url=https://drive.google.com/file/d/0B067GBtstE5TeUlIVjRjSjVzWlk/view}}</ref> ဖြစ်သည်။ မြို့သည် မညီညာသော ကုန်းမြင့်ပေါ်တွင် တည်ရှိသောကြောင့် မြို့ထဲရှိလမ်းများမှာ အတက်အဆင်း အလွန်များသည်။
 
==သမိုင်းကြောင်း==
ရေနံချောင်းမြို့နယ်သည် ရာဇဝင်ကျောက်စာသမိုင်းအရမဇ္ဈိမဒေသပါဋလိပုတ်မင်းနှင့် မြန်မာနိုင်ငံ သရေခေတ္တရာပြည် ဒွတ္တပေါမင်းလက်ထက်က ရေနံချောင်းမြို့ကို ဆိပ်သာကွန်းထောက်မြို့ဟု ခေါ်တွင်ခဲ့ပြီး
ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင် ရေနံ့သာမြို့ဟု ခေါ်တွင်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇.၈.၁၉၇၃)ရက်စွဲပါ စာအမှတ်၊ ၂/ ၁၄၂ /အထဥဖြင့် ရေနံချောင်းမြို့ဟု ဖွဲ့စည်းထားရှိခဲ့ပါသည်။
 
==တည်နေရာ၊အကျယ်အဝန်း နှင့် နယ်နိမိတ်==
 
ရေနံချောင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်ရှိ၍ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၈မိနစ် မှ ၂၀ဒီဂရီ ၃၈မိနစ်အတွင်း အရှေ့လောင်ဂျီတွဒ်
၉၀ဒီဂရီ ၄၇မိနစ်မှ ၉၅ဒီဂရီ ၁၃မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၃၈၈.၈၉) စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့(၂၄)မိုင်ရှိပြီး တောင်မှမြောက်သို့(၂၂)မိုင် ရှည်လျားပါသည်။
ရေနံချောင်းမြို့နယ်၏ အရှေ့ဘက်တွင်မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မကွေးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင်မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။ရေနံချောင်းမြို့နယ်သည် တောင်ကုန်းတောင်ထွတ်၊ ချိုင့်ဝှမ်းပေါများ‌သောမြို့နယ်တစ်ခုဖြစ်သည်။ ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်သည်မြောက်မှတောင်သို့ လည်းကောင်း၊ ပင်းချောင်းသည် အရှေ့မှအနောက်သို့လည်းကောင်း စီးဆင်းလျှက်ရှိပါသည်။
 
==မြို့ဖွဲ့စည်းပုံ==