တွင်းထွက်ပစ္စည်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:တွင်းထွက်များ using HotCat
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
 
စာကြောင်း ၁ -
[[File:Different minerals.jpg|right|300px|thumb|တွင်းထွက်ပစ္စည်း အမျိုးမျိုး]]
 
ကမ္ဘာမြေကြီး၏ မြေလွှာတွင် ကျောက်အမျိုးမျိုး ပါဝင်ကြသည်။ ထိုကျော်ကအမျိုးမျိုးတို့သည်ထိုကျောက်အမျိုးမျိုးတို့သည် ခနိဇ (ဝါ) တွင်းထွက်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည်။ ကျောက်တွင် တွင်းထွက်ပစ္စည်း တစ်မျိုးတည်းသာ ပါဝင်သည်လည်း ရှိသည်။ နှစ်မျိုးမက ပါဝင်သည်လည်း ရှိသည်။ သဘာဝအလျောက် ပေါ်ပေါက်သော ဆားကျောက်များတွင် သိပ္ပံနည်းအရ ဆိုဒီယမ် ကလိုရိုက်ခေါ် ဆားဓာတ်ချည်း သက်သက်ပါသည်။ ဂျစ်ပဆမ်ခေါ် ကျောက်တွင် ကယ်လဆီယမ် ဆာလဖိတ်ဓာတ်ချည်း သက်သက်ပါသည်။ သို့ရာတွင် ဂရက်ဖိုက်ကျောက်၌မူကား လချေး၊ ဖဲလစပါး (စဉ့်ကျောက်တစ်မျိုး) ဟူသော ပစ္စည်းတို့ ပါဝင်ကြသည်။ ဤကဲ့သို့သော မြေလွှာရှိ ကျောက်အမျိုးမျိုးတို့ကို ဖန်တီးပေးသော ပစ္စည်းတို့သည် တွင်းထွက်ပစ္စည်းများ ဖြစ်ကြသည်။
 
တွင်းထွက်ပစ္စည်းတွင် [[ဒြပ်စင်]]အများ ပါဝင်သော်လည်း၊ ဓာတ်သဘောအရ [[ဒြပ်ပေါင်း]]များအဖြစ် ပေါင်းစပ်သောကြောင့် ယင်းတို့ကို ထုချေခွဲစိတ်ရုံဖြင့် လွယ်ကူစွာ ခွဲထုတ်ရန် မဖြစ်နိုင်ချေ။ ရေနှင့် ပြဒါးမှလွဲလျှင် သဘာဝအလျောက် တွေ့ရသော တွင်းထွက်ပစ္စည်းမှန်သမျှကို အခဲအဖြစ်သာ တွေ့ကြရသည်။ ကျောက်မီးသွေးသည် အလွန်ရှေးကျသောခေတ်က ပေါက်ရောက်ခဲ့သည့် သစ်ပင်များ၏ အကြွင်းအကျန်ဖြစ်၍ တွင်းထွက်ပစ္စည်း အစစ်မဟုတ်ချေ။ သို့သော် တွင်းထွက်ပစစည်းနည်းတူ ဖြစ်ပေါ်လာခြင်း၊ တွင်းထွက်ပစ္စည်း၏ ဂုဏ်အင်္ဂါများရှိခြင်းကြောင့် ယေဘုယျအားဖြင့် တွင်းထွက်ပစ္စည်းအနေနှင့်ပင် ယူဆထားကြသည်။