တောင်ငူခေတ်: တည်းဖြတ်မှု မူကွဲများ

သတ်ပုံပြင်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
တောင်ငူခေတ၏ စာဆိုရှင်နှင့် စာပေများအကြောင်းထည့်သွင်းခဲ့ပါသည်။
စာကြောင်း ၉၀ -
}}
 
တောင်ငူခေတ်သည် တောင်ငူတွင်ထီးနန်းစိုက်ထူသော (၁၅)ရာစုနှောင်းပိုင်းမှ တောင်ငူခေတ်ပျက်သုန်းသော (၁၆)ရာစုနှောင်းပိုင်းကာလ ဖြစ်သည်။
တောင်ငူခေတ်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့်သတ်မှတ်လျှင် လေ့လာရန် ပိုမိုအဆင်ပြေမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ ဘုရင့်နောင်တို့ကို မွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့်နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်း ဖြစ်ပြန်သည်။ ထို့ပြင် နောက်ခေတ်တစ်ဖြစ်သည့် [[ညောင်ရမ်းခေတ် ]]တွင်လည်း ပါဝင်ပတ်သက်မှု ရှိနေကြသောကြောင့် ဖြစ်သည်။
 
==စာပေ==
တောင်ငူခေတ်သည် နိုင်ငံတည်ဆောက်သော ခေတ်ဖြစ်သည်နှင့်အညီ ဇာတိမာန်တက်ကြွဖွယ် စာပေများထွန်းကားကြောင်းတွေ့ရသည်။ တောင်ငူခေတ်သည် စစ်မက်ထူပြောသောကာလဖြစ်ရာ စစ်မက်ရေးရာများကို အားပြုရေးဖွဲ့သော စာပေများထွန်းကားလာပါသည်။ တောင်ငူခေတ်တွင်[[အင်းဝခေတ်]]ကဲ့သို့ ရဟန်းစာဆိုများစွာမရှိဘဲ လူပုဂ္ဂိုလ်စာဆိုတို့သာများလာသည်။
တောင်ငူခေတ်၌ စာကားပြေကဏ္ဍတွင်ထင်ရှားသော ကျမ်းမှာ မွန်ဝန်ကြီးဗညားဒလ မွန်ဘာသာမှ မြန်မာပြန်သော ရာဇဓိရာဇ်အရေးတော်ပုံကျမ်းဖြစ်သည်။ ထိုအရေးတော်ပုံကျမ်းကို ဟံသာဝတီဘုရင်ရာဇဓိရာဇ်နှင့် အင်းဝဘုရင်မင်းခေါင်တို့ အင်အားပြိုင်သော စစ်ပွဲများကို နောက်ခံပြုလျက် ထိုမင်းနှစ်ပါး အပါအဝင် အမတ်တိန်၊ ဗြတ်ဇ၊ ဗျည်းနွဲ့ ၊ လဂွန်းအိမ်၊ အဲမွန်ဒယာ၊ သမိန်ဗရမ်းစသော သူရဲကောင်းများ၏ သွင်ပြင်အမူအရာများကို ပန်းချီကားတစ်ချပ်သဖွယ် သရုပ်ဖော်ရေးဖွဲ့ထားသည်။
 
==စာဆိုရှင်များ==
တောင်ငူခေတ်တွင် ထင်ရှားသော စာဆိုရှင်ကြီးများမှာ [[နဝဒေးကြီး]]၊ [[နတ်ရှင်နောင်]](ရတုဘုရင် နတ်ရှင်နောင်)၊ [[ရှင်ထွေးနာသိမ်]] အစရှိသော လူပုဂ္ဂိုလ်စာဆိုရှင်များ၊ အသက်ငယ်သောစာဆိုရှင်များ များပြားလာသည်နှင့်အမျှ မိမိဆန္ဒကိုဖော်ထုတ်သော စာပေများလည်း များပြားလာသည်ကို တွေ့ရသည်။
 
== အကိုးအကား ==