ချယ်၊ ဆရာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၅ -
}}
 
ဆရာချယ်ကို အဘဦးပု၊ အမိဒေါ်ဂွမ်းပုံတို့က ၁၉၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာ၌ ဖွားမြင်သည်။ ဆရာချယ်သည် ၁၉၃၂ ခုနှစ်တွင် ရေဦးမြို့မူလတန်း ဆရာ ဖြစ်သင်တန်းကျောင်းမှ ဆရာဖြစ်စာမေးပွဲအောင်မြင်ပြီး ရွှေဘိုမြို့နယ် ကန်သာကုန်းကျေးရွာ ဆရာဦးညွန့်၏ကျောင်းတွင် လက်ထောက်ဆရာအဖြစ် တာဝန် ထမ်းဆောင်သည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား စုစည်းကာ တို့ဗမာအစည်းအရုံးနှင့် လက်တွဲလျက် အင်္ဂလိပ် နယ်ချဲ့ ဆန့်ကျင်ရေးကို ဆောင်ရွက်သည်။ ဖက်ဆစ်တိုက်ဖျက် ရေးကာလတွင် အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံးခွဲ၏ အစုအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ရင်း ဗိုလ်မှူးဗထူးဦးစီးသော ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ A.F.O ရွှေဘိုခရိုင်တွင်လူရွှေဘိုခရိုင်တွင် ထုစည်းရုံးရေးမှူးနှင့်လူထုစည်းရုံးရေးမှူးနှင့် ထောက်လှမ်းရေးမှူးအဖြစ်ပါဝင်ဆောင်ရွက် သည်။ ဖ.ဆ.ပ.လ အဖွဲ့ချုပ်၏ရွှေဘိုခရိုင်ဖ.ဆ.ပ.လ အဖွဲ့တည်ထောင်ရာတွင်ပါဝင်သည်။ ရွှေဘိုခရိုင် ကျောင်းဆရာ များအဖွဲ့ချုပ်၊ ရွှေဘိုမြို့မကျောင်းဆရာများအသင်း၊ ရွှေဘိုခရိုင် တောင်သူလယ်သမား အစည်းအရုံးတို့ကို တည်ထောင်ဆောင် ရွက်သည်။ အလုပ်သမားအစည်းအရုံး များအဖွဲ့ချုပ် (ဗမာနိုင်ငံ) တွင် အတွင်းရေးမှူး တာဝန်အထိဆောင်ရွက်ခဲ့သည်။ ထို့ပြင်ဗမာ နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်ကွန်ဂရက် (ဗ.မ.က) စတင် တည်ထောင်ရာတွင် ပါဝင်ပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ခုနှစ်အထိ ဗ.မ.က ဌာနချုပ် ပြည်လုံးကွျတ်ညီလာခံများတွင်ပြည်လုံးကျွတ်ညီလာခံများတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် နှစ်စဉ်တာဝန်ပေးအပ်ခြင်း ခံရသည်။ ဆရာချယ်သည် ဖ.ဆ.ပ.လ အစိုးရလက်ထက်၁၉၅၆ ခုနှစ်တွင် ရမည်းသင်းတောင်ပိုင်း လွှတ်တော်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံရသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် ဗဟိုကုန်သွယ်ရေး၌ အဖွဲ့ဝင်အဖြစ် ၁ဝ နှစ်ခန့်ဆောင်ရွက်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ ဝင်အဖြစ်ပါဝင်သည်။အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ ရန်ကုန်တိုင်း ကြားဖြတ်ရွေးချယ်တင်မြှောက် ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ခွဲကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိ ယပြည်သူ့လွှတ်တော်နှင့်ဒုတိယပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပရေး ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်သည်။ တတိယအကြိမ် ပြည်သူ့ လွှတ်တော်နှင့်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက် ပွဲတွင်ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။ စတုတ္ထအကြိမ်ပြည်သူ့ လွှတ်တော်က ဆရာချယ်အားပါတီစုံဒီမို ကရေစီဆရာချယ်အားပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ဝင် အဖြစ်တာဝန် ပေးအပ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှူတည် ဆောက်ရေးအဖွဲ့နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှူတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် အဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့ရာ ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။
 
ဆရာချယ်သည် စာရေးဆရာတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာ စစ်မဖြစ်မီက ‘‘ရွှေဉာဏ်ချယ် ” ကလောင် အမည်ဖြင့်ဝတ္ထုတိုများ ရေးသားသည်၊ ၁၉၃၉ ခုနှစ်တွင် ဗမာ မွတ်စလင်တို့၏ ရှေး ဟောင်းရှေးဟောင်း အတ္ထုပ္ပတ္တိ စာအုပ်၊ စစ်ပြီးခေတ်တွင်တရုတ်ပြည်မှတိုင်းစစ်ပြီးခေတ်တွင် ပြည်၏တရုတ်ပြည်မှတိုင်းပြည်၏ အရှင်သခင်များ စာအုပ်၊ ၁၉၅၆ ခုနှစ်တွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သမားသမဂ္ဂ ဥပဒေဘာသာပြန်စာအုပ်၊ ၁၉၅၇ ခုနှစ်တွင် ကမ္ဘာ့အလုပ်သမားသမဂ္ဂ သမိုင်းစာအုပ်၊ ၁၉၉ဝ ပြည့်နှစ်တွင် တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးသို့ စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေသည်။
 
ဆရာချယ်သည် နိုင်ငံတော်ကပေးအပ်သည့်တာဝန်များ ကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ကချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ကို ရရှိသည်။နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရရှိသော ဆရာချယ်သည် ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ကွယ်လွန်သည်။