ဂျူးလိယက်ဆီဇာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၂ -
ဂျူးလိယက် ဆီဇာသည်အထင်ကရရောမနိုင်ငံရေးသမားစစ်ဗိုလ်ချုပ်ကောင်ဆယ်အဖြစ်စံချိန်တင် ခုနှစ်ကြိမ်အထိ ရွေးကောက်တင်မြှောက်ခံရသူ ဂိုင်းယပ်စ်မရိုင်းယပ်စ်၏ တူတော်သူလည်းဖြစ်သည်။ <ref>Plutarch,Marius 6</ref>မရိုင်းယပ်စ်([[en|Gaius Marius]])နှင့် ဆာလာ([[en|Sulla]])တို့ပြည်တွင်းစစ်ဖြစ်၍ မရိုင်းယပ်စ်ကွယ်လွန်ကာ ဆာလာ အာဏာရလာချိန်တွင် ဆာလာက ဆီဇာကိုသာသနာ့ဘောင်မှထုတ်ကာ ဇနီးကော်နယ်လီယာနှင့် ကွာရှင်းစေသည်။ ဆီဇာက ကွာရှင်းရန်ငြင်းဆို၏။ ထို့အပြင် ဆာလာက ဆီဇာကို သတ်ရန်လည်းကြိုးစားပြန်သည်။ အကြောင်းပြချက်မှာ ဆီဇာ့ထံတွင် မရိုင်းယပ်စ်၏ စိတ်ဓာတ်များ အပြည့်ရှိနေသောကြောင့်ဟု ဆိုသည်။ ဆာလာ၏လူများက ဆီဇာကဲ့သို့ငယ်ရွယ်သူကို သတ်ရန်အကြောင်းမရှိဟု ပြောကြသောကြောင့် ချမ်းသာရာရခဲ့၏။ သို့သော် စိတ်မချရသောကြောင့် ရပ်ဝေးတွင်တိမ်းရှောင်ရသည်။<ref>Plutarch,Caesar</ref>ဆာလာအာဏာကျဆင်းလာချိန်တွင် ရောမသို့ပြန်လာကာ နိုင်ငံရေးလုပ်၏။ ဘီစီ ၅၉တွင် ပထမဆုံးအကြိမ် ကောင်ဆယ်အဖြစ် အရွေးခံရပြီး ဘီစီ ၆၀တွင် နံမည်ကျော် ရောမစစ်ဗိုလ်ချုပ် ပွန်ပီ([[en| Pompei]])၊ လူချမ်းသာ ကရက်ဆပ်စ်([[en| Crassus]])တို့နှင့်ပေါင်းကာ ပထမသုံးပွင့်ဆိုင်အဖွဲ့([[en| First Triumvirate]])ကိုဖွဲ့ကာ ရောမသမ္မတနိုင်ငံကို အုပ်ချုပ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၄)</ref> ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈မှ ၅၁)အပြီးတွင် ဂေါလ်နယ်ကို သိမ်းပိုက်သည်။ထိုအတောအတွင်း အရှေ့ဘက်စစ်ပွဲများတွင် ကရက်ဆပ်စ်ကွယ်လွန်ပြီး သုံးပွင့်ဆိုင်အဖွဲ့ပျက်ကာ ဘီစီ ၄၉တွင် ပွန်ပီနှင့်ဆီဇာ စစ်ဖြစ်ပြီး ပြည်တွင်းစစ်စ၏။ဘီစီ ၄၅တွင် ဆန့်ကျင်ဘက် အင်အားစုများကို အနိုင်ရကာ ပြည်တွင်းစစ်ပြီးဆုံး၍ ရောမတွင် ပြိုင်ဘက်မရှိသူဖြစ်လာသည်။ ဆီးနိတ်([[en| Roman Senate]])ကလည်း မတတ်သာသဖြင့် ဆီဇာအလိုကျ အာဏာရှင်အဖြစ်ခန့်အပ်သည်။ ပြက္ခဒိန်ကိုပြင်ဆင်ခြင်း၊ နယ်ဘက်အုပ်ချုပ်ရေးကို ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်ဆဲမှာပင် အာဏာကိုတဦးတည်းချုပ်ကိုင်ထားမှုကြောင့် ဆီးနိတ်အတွင်းမှ သက်ဦးဆံပိုင်အာဏာရှင်စံနစ် ဖြစ်သွားမည်ကို မလိုလားသူများက လုပ်ကြံသဖြင့် ဘီစီ ၄၄ မတ် ၁၅တွင် ကွယ်လွန်သည်။ ဆီဇာကွယ်လွန်သွားသောအခါ တူတော်သူ အော့တေးဗီးယန်းက ဆီဇာ၏အမွေခံယူပြီး ဆီဇာ၏ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သည်။ နောက်ဆုံးတွင် သြဂတ်စတက် အမည်ဖြင့် ပထမဆုံး ရောမဧကရာဇ် ဖြစ်လာကာ ရောမသမ္မတနိုင်ငံမှ ရောမဧကရာဇ် နိုင်ငံတော် ဖြစ်လာသည်။ တနည်းအားဖြင့် ဆိုသော် ဆီဇာ၏လုပ်ရပ်များက ရောမသမ္မတနိုင်ငံ ကျဆုံးခြင်းအတွက် အဓိကနေရာမှပါဝင်ခဲ့သည် ဟုဆိုရပေမည်။ <ref>ခေါတ်ဟောင်းသမိုင်း- [[my|ဒေါက်တာ သန်းထွန်း]] </ref>
 
==ငယ်ဘဝနှင့်ရောမနိုင်ငံရေးအခြေအနေ==
==ငယ်ဘဝ==
ဂျူးလိယက်ဆီဇာကို ဘီစီ ၁၀၀ခုနှစ်တွင် ရောမသူကောင်းမျိုးမိသားစုမှ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက ပညာကိုကောင်းစွာသင်ယူရသူဖြစ်ပြီး နိုင်ငံရေးတွင်လည်းပါဝင်ခဲ့သူဖြစ်သည်။ ထိုအချိန်က ရောမမှာ ဒုတိယပျူးနစ်စစ်ပွဲတွင် ကာသေ့ခ်ျကိုအောင်နိုင်၍ ကြွယ်ဝချမ်းသာလာသော်လည်း မြို့ငယ်လေးကိုသာအုပ်ချုပ်ဖူးသည့် အတွေ့အကြုံသာရှိသော ဆီးနိတ်၏ စီမံခန့်ခွဲမှုအမှားများကြောင့် လူတန်းစားကွာဟမှုကြီးလာကာ တည်ငြိမ်အေးချမ်းမှုပျက်ပြားနေချိန်ဖြစ်သည်။
ဂျူးလယပ်ဆီဇာသည် ရောမသူကောင်းမျိုးမှ ဆင်းသက်
လာသူဖြစ်၍၊ ဘီစီ ၁ဝ၂ ခုနှစ်ခန့်တွင် မွေးဖွားခဲ့၏။ ထိုခေတ်
အခါက ရောမသည် သမ္မတနိုင်ငံအဖြစ်ဖြင့်တည်ရှိခဲ့၏။
သူကောင်းမျိုးများပါဝင်သော ဆီးနိတ်အဖွဲ့က စီမံခန့်ခွဲလျက်၊
ကွန်ဆာလူကြီး ရာထူးအပ်နှင်းခံရသူက တိုင်းပြည်ကို အုပ်ချုပ်
ရ၏။ ထိုကွန်ဆာလူကြီးများသည် တန်ခိုးကြီးမားလာပြီးလျှင်
အာဏာရှင်သဖွယ် ဖြစ်လာလေသည်။ ဂျူးလယပ်ဆီဇာသည်
အထက်တန်းစားမိဘများမှ မွေးဖွားလာသူဖြစ်သော်လည်း၊
ထိုခေတ်က ရောမမြို့တွင် သူကောင်းမျိုးနှင့် ဆင်းရဲသားတို့
အာဏာလုနေကြသည့် အရေးတွင် ဆင်းရဲသားပြည်သူတို့ဖက်သို့
ယိမ်းခဲ့ လေသည်။ ထို့ကြောင့် ၁၇ နှစ်သားအရွယ်တွင် မိမိ
အတွက် ရွေးချယ်ထားသော သဌေးသမီးကို မယူဘဲ၊ ဆင်းရဲ
သား ပြည်သူ့ခေါင်းဆောင် ဆင်နာ၏ သမီး ကော်နီလီယာနှင့်
လက်ထပ်ခဲ့သည်။ သူကောင်းမျိုးတို့၏ ခေါင်းဆောင် ရောမ
အာဏာရှင် ဆာလာသည် ဆီဇာ၏ အပြုအမူကို ဒေါသထွက်၍
ဆီဇာအား ကော်နီ လီယာနှင့် ကွာရှင်းခိုင်းလေသည်။ သို့သော်
ဆီဇာသည် ဆာလာ၏ အမိန့်ကို မလိုက်နာသဖြင့်၊ ရောမမြို့မှ
ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ပြင်၊ သူ၏အိုးအိမ် ပစ္စည်းများကို
လည်း အစိုးရဘဏ္ဍာတော်အဖြစ် သိမ်းယူခြင်း ခံခဲ့ရလေသည်။
 
==နိုင်ငံရေးလှုပ်ရှားမှု၊ကွန်ဆာအရွေး‌ခံရခြင်းနှင့်သုံးပွင့်ဆိုင်အဖွဲ့==