နု၊ ဦး ဆရာကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ိိ +ိ)
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
ဆရာကြီးဦးနုသည် မြန်မာနိုင်ငံတော်ကို တတိယအကြိမ်တည်ထောင်တော်မူခဲ့သော အလောင်းမင်းတရားကြီး၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် ဖခမည်းတော်၏ ရွှေနန်းစည်းစိမ်ကို ဆက်ခံစိုးစံစဉ် မြန်မာသက္ကရာဇ် ၁၁၄၂-ခုတွင် ရတနာသိင်္ဃမင်းနေပြည်တော်ကြီးတွင် ဖွားမြင်ခဲ့သည်။
ဆရာကြီးဦးနု၏ မွေးသက္ကရာဇ်ကို မည်ကဲ့သို့ သိရှိရသနည်းဟူမူ ဆရာကြီးဦးနု ပြုစုရေးသားခဲ့သော သုံးခဏ်းကျမ်းအပြီးတွင် ကျမ်းပြီးသက္ကရာဇ် ၁၁၅၆-ခုဟူ၍ ပြဆိုထားပေသည် ဆရာကြီး ဦးနု မိမိအသက် ၃၂- နှစ်ရှိသောအခါ သုံးခဏ်းကျမ်း ပြုစုကြောင်း သုံးခဏ်းအစ စာမျက်နှာတွင် ရေးသားထားလေသည် ထိုကြောင့် ကျမ်းပြီးသက္ကရာဇ် နှင့်တွက်စစ်သည်ရှိသော် ဆရာကြီး၏ မွေးသက္ကရာဇ်ကိုရှိပေသည်မွေးသက္ကရာဇ်ကိုရရှိပေသည် ဟစ်ဂျရီသက္ကရာဇ်အားဖြင့် ၁၁၇၈ ခုဖွားဖြစ်ပေသည်။
ဆရာကြီးဦးနု၏ ငယ်နာမည်ကား မုဟမ္မဒ်ကာစင်မ် ဟူ၏ ဆရာကြီးသည်ကျမ်းပြုတိုင်း ကျမ်းပြုသူ၏ အမည်နာမကို အထူးသိစေရန် စကားဝှက်များဖြင့်ရေးသားလေ့ရှိ၏ သုံးဆယ့် ငါးခဏ်းကျမ်းအဆုံးတွင် ရေးသားထားသည်မှာ စာပြုသူမှာခြောက်စစွာ၊ မ-မှာ ဆွဲအစ်လှျင်၊ဆွဲအစ်လျှင်၊ င-ကိုသတိ္ထဆွဲပြီးမှ၊နကိုသတ္ထိဆွဲပြီးမှ၊န-မှာလေးအောက်တွင်၊သည်တွင် နာမ၊ပုံသေကျ၊တွေးယူပေရှင်၊ဟူ၍၎င်းခြောက်ခဏ်း ကျမ်းအဆုံးတွင်လည်း ရေးသားသည်မှာ ဤစာပြုသူ၊ လွယ်တကူ၊ တွေးယူသိစရာ၊ သဝေအစ၊ မ-ကိုချ၊င-တွင်အစုံပါ၊ နကိုအချောင်းငင်၍ပေါင်း၊ စာကောင်းပြုဆရာ ဟူ၍၎င်းင်း ပညတ်ခွဲတန်း ဆယ်ခြောက်ပိုဒ် ကျမ်းအဆုံးတွင်လည်း ကွျန်နာမကား၊ကျွန်နာမကား၊ အစခြောက်တည်၊ ရေးသည်-မမှာ၊ အစ်ဆွဲကာပင်၊ င-တွင်သတ်တ၊ ဆွဲမှတသွယ်၊ နငယ်ကိုမှာ၊လေးဆွဲပါလော့သည်ကားနာမ၊ ပုံသေကြ၏။ ဟူ၍ အသီးသီး တွေ့ရှိရပေသည်။
ဆရာကြီးဦးနု၏ ဘိုးဘွား မိဘတို့သည် အင်းဝဇာတိဖြစ်ပေသည် ထိုကြောင့်ဆရာကြီး ဦးနုသည် မြန်မာမွတ်စလင်မ်အဆက်အနွယ်လေးရပ်ဖြစ်သော အင်းဝဆက်၊ သုံးထောင့်ငါးရာဆက်၊ ရခိုင်ဆက်၊ ကသည်းဆက်ဟူ၍ရှိရာ ဆရာကြီးဦးနု၏အဆက် အနွယ်သည် အင်းဝဆက်ဖြစ်ပေသည်။
သက်သေသာဓက အထောက်အထားကို ပြဆိုရလှျင်ပြဆိုရလျှင် ဆရာကြီးဦးနုပြုစုသော ဆယ့်ငါးခဏ်းကျမ်း နိဂုံးတွင် မိမိ၏အဆက်အနွယ်ကိုစာရှုသူတို့ သိစေရန်ရေးသားထားသည် လှျောက်ဟံဆိုဘွယ်၊လျှောက်ဟံဆိုဘွယ်၊ အကြောင်းဝယ်ကား၊မွေးမယ်မိဘ၊ဘိုးဘေးစသည်အင်းဝဇာတိ၊ ဖြစ်ဘိမှန်စွာ ကွနု်ပ်မှာကား၊ကွန်ုပ်မှာကား၊ ရတနာ သိင်္ဃ၊ ပြည်မကုန်းဘောင်၊ တည်ထောင်သာသနာ၊ ထွန်းသောခါဝယ်၊ ရာဇာဋ္ဌါနီ ဖြစ်ပြီးမှန်ငြား၊ ရွှေဘိုသားရှင့်၊...
ထို့ကြောင့် ဆရာကြီး ဦးနုသည်အဆက်အနွယ်အားဖြင့် အင်းဝဆက်ကဖြစ်၍ ဇာတိအားဖြင့် ရတနာသိင်္ဃ၊ ရွှေဘိုမြို့ပေတည်း။
ဆရာကြီးဦးနု၏ မိဘတို့သည် မြန်မာသက္ကရာဇ် ၁၁၁၃ - ခုနှစ်တွင် ဟံသာဝတီ မွန်ဘုရင်က အဝမြို့တော်ကြီးကိုတိုက်ခိုက်ရာ အဝမြို့တော်ကြီး ပျက်သည်တွင် ဦးအောင်ဇေယျသည် မုဆိုးဖို အရပ်မှ ခြားနား၍ တထီးတနန်း တည်ထောင်ရာတွင် မြန်မာတို့သည် ဦးအောင်ဇေယျ ၏ဘုန်းတော်ရိပ်ကို ခိုလှုံရန်ဝင်လာကြလေသည်၊ ထိုသို့ ဝင်လာသူများ အထဲတွင် ဆရာကြီး ဦးနု၏ မိဘတို့သည်လည်း အင်းဝပျက်၍ ပြည်ရွှေဘိုသို့ တိမ်းရှောင်ကြပေလိမ့်မည်။ ထိုကြောင့်ဆရာကြီးဦးနုသည်အလောင်းမင်းတရားကြီးဦးအောင်ဇေယျ နတ်ရွာစံပြီးနောက် နှစ်နှစ်မြောက်တွင် ရွှေဘိုမြို့တော်တွင် မွေးဘွားရခြင်းဖြစ်တန်ရာသည်။