ဆာ့ခ်ဗဟာဒူးရွိုင်း၊ (အောင်ဆန်းသူရိယ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး Submitted some of the events. #Credit_Khant Linn Htet
စာကြောင်း ၇ -
 
မော်တော်ကားများကို မောင်းနှင်သော အရပ်သား ဒရိုင်ဘာတို့သည် မော်တော်ကားများကို ရပ်၍ ထွက်ပြေးသွားကြသည်။ တပ်သား ဆပ်ဘဟား ဒူးရွိုင်းသည် မိမိ တယောက်တည်း ကျန်ရစ်ခဲ့သော်လည်း ဇူလိုင်လ ၁၇- ရက်နေ့ နံနက် ၁၁- နာရီကစ၍ ထရပ်ကားများ ကို စောင့်ရှောက်နေသည်။ ညဉ့်အမှောင်တွင် တရုတ်ဖြူစစ်သားများက ထရပ်ကားများကို သိမ်းဆည်းရန် အကြိမ်ကြိမ် များစွာ အားထုတ်ခဲ့ကြသည်။ မိမိတယောက်တည်း ပြန်လှန်ပစ်ခတ်၍ ခုခံခဲ့သည်။
 
စွက်(က်) ဗဟာဒူးရိုင်းသည် ယခင်ကလည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။
 
သူ၏ လုပ်ရည်ကိုင်ရည်၊ ဖြတ်ထိုးဉာဏ်နှင့်ရဲစွမ်းသတ္တိသည် မြန်မာတင်မက ကမ္ဘာမှာပါစံတင်လောက်ပေသည်။ စွပ်ဗဟာဒူးရိုင်းဟုဆိုသည်နှင့် ရန်သူတစ်ရာကျော်အလောင်းများ၏အလယ်တွင် ဘရင်းဂန်းကိုင်ပြီး ကျဆုံးနေသည့် စစ်သူကြီး တစ်ဦးအဖြစ်သာမြင်ယောင်မိပါတော့သည်။ အမှန်စင်စစ်တော့ သူသည် စစ်သူကြီးတဦးမဟုတ်ခဲ့သလို အရာရှိ တစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး။ မြန်မာ့တပ်မတော်မှ သာမာန် ရဲဘော်လေးတစ်ယောက်သာ။ ဖြစ်စဉ်မှာ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင် တပ်ရင်း၏ (ဃ) တပ်ခွဲ သည် ရှမ်းပြည်တောင်ပိုင်း တာလေမှ ပန် ခီသို့ချီတက်စဉ် အင်အားအဆ မတန်များပြားသော ရန်သူတရုတ် ဖြူသောင်းကျန်းသူများ နှင့်တွေ့ဆုံ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ရန်သူမှ အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် မိမိတပ်မှ ပါ လာသည့် စစ်ကားခုနှစ် စီးပေါ်ရှိ စစ်သည် အားလုံးနီးပါး ကျဆုံးခဲ့ ရသည်။
 
ထိုအချိန်၊ ထိုအခြေအနေဝယ် အသက်ရှင် ကျန်သူတဦး မှာ စွတ်ဗဟာဒူးရိုင်းပင်ဖြစ်လေတော့သည်။ သူသာ ကျဆုံးခဲ့ ပါလျှင် တပ်မတော်ပိုင်ရိက္ခာ၊ယာဉ်၊လက်နက်များ အားလုံး ရန်သူ့လက်အတွင်းသို့ ကျရောက်မည်မှာ မလွဲဧကန် ပင်။ အင်အားခြင်း မမျှသည့် ရန်သူအား ပြန်တိုက်ခိုက်လျှင်လည်း နိုင် ရန်ရာခိုင်နှုန်း နည်းလွန်းလှသည်။ ထွက်ပြေးလျှင် အသက်ဘေးမှ လွတ်မြောက်နိုင်သော်ငြားလည်း သူ၏ ဆုံးဖြတ်ချက်က ပြတ်သား လွန်းလှသည်။ သူသေမှ တပ်ပိုင် ယာဉ်၊ ရိက္ခာ၊ လက်နက်များကို ရန်သူတို့ ရစေ့ မည်ဟု သန္နိဌာန်ချကာ ကားပေါ်တွင် ပါလာသောသေနတ်များကို အောက်သို့ ဆွဲချသည်။
 
ပြီးနောက် ထို သေနတ်များကို ရင်ဘောင် တန်းဖြန့်ခင်းပြီးနောက် ဆက်သွယ်ရေးစက်ဖြင့် နောက်တန်းသို့ အကြောင်းကြား သည် ။ ပြီးသည်နှင့် သေနတ်များဖြန့်ခင်းထား ရာနေရာ၏ တဖက်ထိပ်မှစပြီး သေနတ်ကိုပစ်လေတော့သည်။ သေနတ်ပစ်နေရင်းမှလည်း သူ၏နှုတ်မှ….. ” ဘယ်ဘက်ကပစ်ဟေ့” ဟု အော်ဟစ်ကာ ညာဘက်သို့ ပြေး ပြန်သည်။ ထို့နောက် ညာဘက်သို့ ပြေးပြန်ကာ ” ညာဘက်က ပစ်ဟေ့” ဟူ၍ ထပ်မံအော်ဟစ်ပြီး အလယ်မှ လက်ပစ်ဗုံးထပ် ပစ်လေသည်။
 
” '''မြန်မာ့တပ်မတော်ကွ မင်းတို့လူအင်အားလောက်တော့မမှုဘူး'''” သူတစ်ဦးတည်း တောင်ပြေးလိုက် ပစ်လိုက်၊ အော်လိုက်၊ မြောက် ပြေးလိုက် ပစ်လိုက်အော်လိုက်လုပ်ကာ တဖက်ရန်သူတပ်များ အား မိမိတို့ထံတွင် ရန်သူအား ခုခံတိုက်ခိုက်ရန် အင်အားရှိနေ သေးဟန်ဖြင့် စိတ်ဓါတ်ရေးရာအရပါ စစ်ကစားခဲ့လေသည်။ ရန်သူတပ်များသည်လည်း မြန်မာ့တပ်မတော်မှာ အင်အားအ မြောက်အများ ကျန်ရှိနေသေးသည်ဟု မှတ်ထင်ကာ အနီးကပ် ချေမှုန်းရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
 
နောက်တနေ့ နံနက် ၉ နာရီတွင် “ဒီ”ကုမ္ပဏီတပ်ခွဲကို ကူညီရန်ရောက်လာသော “စီ” ကုမ္ပဏီ တပ်ခွဲ ချီတက်ရောက်ရှိလာသောအခါ တပ်သားဆပ်ဘဟားဒူးရွိုင်းသည် တယောက်တည်းဖြင့် အရှေ့ဆုံးရှိ ထရပ်ကားအောက်တွင် လက်ကျန် ကျည်ဆန်ယမ်းတောင့် ၁၇- တောင့်ဖြင့် တရုတ်ဖြူ စစ်သားများကို ခုခံပစ်ခတ်နေသည်ကို တွေ့ရှိရသည်။
Line ၁၅ ⟶ ၂၅:
 
သုံးကြိမ်တိုင်တိုင် ချီတက်လာသော တရုတ်ဖြူစစ်သားများ တပ်လန်သွားအောင် အသက်ကို ပဓာန မထားပဲ ဇွတ်အတင်း ထိုးဖောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ်အတွင်း ရဲဘော် ဆပ်ဘဟားဒူးရွိုင်းတယောက် နောက်ဖက်ရှိ မိခင် တပ်စုသို့ ပြန်မရောက်လာတော့ပေ။
 
စွတ်ဗဟာဒူး ရိုင်းသည် မမော နိုင်မပန်းနိုင် ပစ်လိုက်အော်လိုက်ပြုရင်းဖြင့် တဖက်ရန်သူများအား ဆက်လက်ရင်ဆိုင် တိုက်ခိုက် နေခဲ့လေသည်။ ရန်သူမှာလည်း စွတ်ဗဟာဒူးရိုင်းအား တက်ရောက်ချေမှုန်းနိုင်ရန် ရဲစွမ်းသတ္တိ မရှိလေသော ကြောင့် အကျဆုံးများနေချိန်ဝယ် မြန်မာ့ တပ်မတော်မှ စစ်ကူများရောက်လာခဲ့ ပါတော့သည်။ သို့သော် တပ်သား စွတ်ဗဟာဒူးရိုင်းကတော့ ရန်သူတစ်ရာကျော် အလောင်းများ၏ အရှေ့တွင် ဘရင်းဂန်းသေနတ်ကို ကျစ်ကျစ်ပါ အောင်ပိုက် လျက် ထရပ်ကားကိုမှီရင်း ကျဆုံးနေခဲ့ပါပြီ။
 
၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်တွင် ရန်သူ တရုတ်ဖြူတပ်များ ဝိုင်းရံမှု မရှိတော့သည့်အတွက် ဒဏ်ရာရရှိနေသော ရဲဘော်များက ရဲဘော် ဆပ်ဘဟားဒူးရွိုင်းကို လိုက်လံ ရှာဖွေ ခဲ့ကြသည်။