ဂိုဘင်ဒ် ဆင်းဂ်: တည်းဖြတ်မှု မူကွဲများ

"ဂိုဘင်ဒ် ဆင်းဂ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၆:၅၇၊ ၆ ဒီဇင်ဘာ ၂၀၁၉ ရက်နေ့က မူ

ဂိုဘင်ဒ် ဆင်းဂ်ကို ၁၆၆၆-ခုနှစ်၌ အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ပတ္တနာမြို့တွင် မွေးဖွားသည်။ ဂိုဘင်ဒ် ဆင်းဂ်သည် နဝမမြ​ောက် ဂုရု ဒန်းဂ် ဗဟာဒူး၏သားဖြစ်သည်။ ဂုရုဂိုဘင်ဒ် ဆင်းဂ် သည် ကောင်းစွာပညာသင်ကြားခဲ့ရသော ပညာတတ်ကြီးတစ်ယောက်ဖြစ်သည်။ ကိုယ်ခံပညာကို ကောင်းစွာ လေ့ကျင့်တတ်မြောက်ထားသည်။ သူသည် အလွန်ရက်ရောပြီး ကြင်နာတတ်သော သဘာဝလည်း ရှိသည်။ ဆစ်ခ်များက သူ့အား စံပြလူသားတစ်ယောက်အဖြစ် သဘောထားကြသည်။ ၁၆၉၉-ခုနှစ်က အနန်ပါ၌ ကျင်းပသော ဘေစကီပွဲတော်သို့ ဆစ်ခ်များ စုရုံးရောက်ရှိလာကြသည်။ ဂုရုဂိုဘင်ဒ် ဆင်းဂ်က သူတို့၏ ယုံကြည်မှုအတွက် သူတို့၏အသက်ကို စွန့်လွှတ်ဖို့အသင့်ရှိနေသော ဆစ်ခ် (၅)ဦး တောင်းဆိုသည်။ လူငါးယောက် ဘော်လံတီယာ လုပ်ကြသည်။ ဆန္ဒအလျောက် ထွက်လာကြသည်။ သို့သော် သူတို့အား ဂုရုဂိုဘင်ဒ် ဆင်းဂ်က သူတို့ကို ချီးမြှင့်မှု ပုံစံသစ်တစ်ခုဖြင့် ခါလ်ဆာ (Khalsa) အဖွဲ့ထဲသို့ သွတ်သွင်းလိုက်သည်။ *(ခါလ်ဆာအဖွဲ့မှာ အရာခပ်သိမ်း၌ ဂုရုကြီး၏ စကားကို နာခံပါမည်ဟု သစ္စာပြုထားသော ညီအစ်ကိုသဖွယ် ရဲဘော်အဖွဲ့ဖြစ်သည်။) နောက်ထပ် လူအမြောက်အများကို ထိုအဖွဲ့ထဲသို့ သွတ်သွင်းပေးလိုက်သည်။ ref>ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိ အဘိဓာန် (ဒုတိယတွဲ) မောင်မောင်ထွန်း ပြန်ဆိုပြုစုသည်။ ၂၀၁၅ (ပထမအကြိမ်)၊ စာ-၃၈၁</ref>

ကိုးကား