ဆေးတက္ကသိုလ် (၁) ရန်ကုန်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၃ -
'''ဆေးတက္ကသိုလ်(၁) ရန်ကုန်''' သည် [[မြန်မာနိုင်ငံ]]ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၆၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးပညာဘွဲ့ (M.B.B.S.) အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် [[တက္ကသိုလ်]] ပရဝုဏ် ၃ ခုရှိသည်။ [[လမ်းမတော်မြို့နယ်|လမ်းမတော်]]တွင်တစ်ခု၊ [[ပြည်လမ်း]]တွင်တစ်ခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ [[ရန်ကုန်ဆေးရုံကြီး]] (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိပါသည်။
 
လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဇော်ဝေစိုး ဖြစ်ပြီး လက်ရှိ ဒုတိယပါမောက္ခချုပ် (စီမံ)မှာ ဒေါက်တာမြင့်မြင့်ငြိမ်း နှင့် လက်ရှိ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)မှာ ဒေါက်တာသိင်္ဂီမြင့်ဒေါက်တာခင်မာမြင့် ဖြစ်သည်။
 
ဆေးတက္ကသိုလ်(၁) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။
 
== သမိုင်းကြောင်း ==