နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၇ -
==တန်းတူညီမျှမှု အခွင့်အရေးများ==
 
နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်းကို ခွင့်ပြုပါက ၎င်းသည် ထုံးစံအတိုင်း ရွေးချယ်ခွင့် ရှိသည်။ လူဖြူ [[ဩစတြေးလျနိုင်ငံ|သြစတြေးလျ]] ပေါ်လစီကဲ့သို့ လူမျိုးရေးဆိုင်ရာ ရွေးချယ်ခြင်းသည် တစ်ဖြည်းဖြည်း ကွယ်ပျောက်လာသည်။ သို့သော် များသောအားဖြင့် ပညာတတ်သော၊ တတ်ကျွမ်းသော ကြွယ်ဝသော သူများကို ဦးစားပေးသည်။ ဝင်ငွေနည်းပါးသော နိုင်ငံများမှ ဆင်းရဲသော လူများအပါအဝင် အခွင့်အရေးနည်းသောသူများမှာ ချမ်းသာသော နိုင်ငံများက ပေးသော တရားဝင်ဖြစ်ပြီး အကာအကွယ်လည်းပေးသည့် လာရောက်နေထိုင်ရာ အခွင့်အရေးများကို မရရှိနိုင်ပါ။ ဤတန်းတူညီမျှမှု မရှိခြင်းကိုလည်း ဒီမိုကရေစီစနစ်(အနည်းဆုံး အယူအဆဆိုင်ရာတွင်) ကျင့်သုံးသော နိုင်ငံများတွင် အသုံးပြုသည့် တန်းတူညီမျှမှု အခွင့်အရေးများဆိုင်ရာ စည်းမျဉ်းများနှင့် ကွဲလွဲမှုအဖြစ် အဝေဖန်ခံရသည်။ ကျွမ်းကျင်မှုမရှိသော သူများအတွက် တံခါးပိတ်ရခြင်းအကြောင်းရင်းမှာ မှတ်တမ်းမရှိဘဲ နိုင်ငံတွင်း လာရောက်နေထိုင်ကြခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ ဤပေါ်လစီ၏ ဆန့်ကျင်ဖက်သဘာဝသည်လည်း - ကျွမ်းကျင်မှုမရှိသော လာရောက်နေထိုင်သူများ၏ လုပ်အားကို ခေါင်းပုံဖြတ်ခံရပြီး ဆိုးကျိုးများ ဖြစ်စေသည့် အတွက် - လူမျိုးစုဆိုင်ရာ အငြင်းပွားချက်များအရ ဝေဖန်ခြင်း ခံနေရသည်။
 
လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်ကို ရည်ရွယ်သူ တစ်ဦးချင်းအား ရွေးချယ်ပေးအပ်သော နိုင်ငံတွင်းလာရောက်နေထိုင်မှု ပေါ်လစီများသည် အိမ်ရှင်နိုင်ငံအတွက် စီးပွားရေးတိုးတက်မှု ရှိစေရန် ရည်ရွယ်သည်။ ၎င်းတို့သည် ဦးနှောက်ဖောက်စားခံရခြင်းဖြစ်သည့် ပညာတတ်လူနည်းစုကို ဆုံးရှုံးရသည့်အတွက် ဆင်းရဲသော နိုင်ငံ၏ အသားတင် အရှုံးကိုလည်း ဆိုလိုနိုင်သည်။ ဤသည်မှာ အစဦးပိုင်းတွင် လူများကို ရွှေ့ပြောင်းအခြေချရန် လှုံ့ဆော်ပေးသော လူနေမှုအဆင့်အတန်းဆိုင်ရာ တစ်ကမ္ဘာလုံး တန်းတူညီမျှမှုရှိရေးကို ပိုမိုဆိုးရွားစေနိုင်သည်။ ‘ကျွမ်းကျင်အလုပ်သမား ပြိုင်ဆိုင်မှု’ ဥပမာတစ်ခုမှာ ပထမ[[ကမ္ဘာ]]နိုင်ငံများခေါ် ဖွံ့ဖြိုးပြီးနိုင်ငံများက တတိယ[[ကမ္ဘာ]]နိုင်ငံများခေါ် ဖွံ့ဖြိုးဆဲနိုင်ငံများမှ [[ကျန်းမာရေး]]လုပ်သားများကို အမြဲ ခေါ်ယူအလုပ်အကိုင်ပေးခြင်းဖြစ်သည်။