ဘာသာဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီစစ် +စိစစ်)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၅ -
ဘာသာစကားရပ် ပညာကို လေ့လာစူးစမ်းကြသောပညာရှင်များသည် ကမ္ဘာ့ဘာသာစကားများကို အထက်ပါအတိုင်း ၄ မျိုးခွဲခြားနိုင်သည်သာမက၊ ဘာသာစကားများ၏ စည်းကမ်းချက်များကိုပါ တွေ့ရှိလာကြသည်။ ယင်းတို့ကို တွေ့ရှိခြင်းဖြင့် ဘာသာစကားပေါင်း များစွာတို့သည် မူလပင်မ ဘာသာစကားမျိုးမှ ခွဲထွက် ခဲ့ခြင်းများ ဖြစ်သည်ကိုလည်း တွေ့လာကြရသည်။ အထူးသဖြင့် ထိုပညာရှင်များသည် အင်ဒို-ဥရောပဘာသာ စကားများ၏ ပင်မမျိုးရင်းကိုစူးစမ်းသုတေသန ပြုကြသည်။ ထိုအခါ သက္ကတ၊ ပါးရှင်း၊ ဂရိ၊ လက်တင်၊ ဂျာမန်၊ အင်္ဂလိပ်နှင့် နော့စ ဘာသာစကာတို့သည် မူလအင်ဒို-ဥရောပ ဘာသာစကား ပင်မကြီးမှ ဆင်းသက် ဆက်နွှယ်သော ဘာသာစကားများ ဖြစ်ကြောင်းတွေ့ရသည်။ အင်ဒို-ဥရောပ ပင်မဘာသာစကားဝင် ဘာသာစကားပေါင်း မြောက်မြားစွာ ရှိသေးသည်။
 
ထိုဘာသာစကားများတွင် မူလဇာစ်မြစ်ချင်းတူသော စကားလုံးများကို တွေ့ရသည်။ သိပ္ပံပညာရှင်များ၏ ယူဆချက်မှာ ရှေးရှေးအခါက ဥရောပအလယ်ပိုင်းတွင် လူမျိုးတစ်မျိုးတည်းရှိ၍ အင်ဒို-ဥရောပ မူလဘာသာ စကားကို ပြောဆိုခဲ့ကြဟန်တူသည်။ နောင်အခါ လူဦးရေ တိုးပွားလာသဖြင့် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြရာ၊ အရက်လေးမျက်နှာသို့ရောက်သွားကြသည်။အရပ်လေးမျက်နှာသို့ရောက်သွားကြသည်။ အချို့သည် ဂရိသို့ရောက်သည်။ အချို့သည် ပြင်သစ်တို့လည်းကောင်း၊ အင်္ဂလန်သို့လည်းကောင်း ရောက်ရှိကြသည်။ အုပ်စုကွဲသွားသော လူစုများ၏ သားသမီး မြေးမြစ် အစဉ်အဆက်များ လက်ထက်တွင် နှစ်ကာလ ရှည်ကြာသော် မူလဘာသာစကားသည် တဖြည်းဖြည်း ပြောင်းခဲ့ကြဟန် တူပေသည်။ ထို့ကြောင့် မူလဇာစ်မြစ်တူသော်လည်း အသံနှင့် အသွင်အပြင် ပြောင်းလဲသော စကားလုံး များ တွေ့ရှိကြရခြင်း ဖြစ်ပေသည်။ သက္ကတဘာသာစကား၌ ပီတာ ဟူသော စကားလုံးသည် လက်တင်ဘာသာ၌ ပေတာဟူ၍လည်းကောင်း၊ ဂျာမန်၌ ဖောတာ ဟူ၍လည်းကောင်း၊ အင်္ဂလိပ်၌ ဖားသား ဟူ၍လည်းကောင်း တွေ့ကြရလေသည်။
 
ဥရောပနှင့် အာရှမိုင်းနား၊ မြောက်အိန္ဒိယတို့၌ အင်ဒို-ဥရောပ ဘာသာမျိုးရင်းမှ ဆင်းသက်သော ဘာသာစကားများကို သုံးနှုန်းပြောဆိုခဲ့ကြသည်။ ဘာသာစကားရပ်ပညာကိုလေ့လာသူ ပညာရှင်များက ကမ္ဘာတွင်မူလဘာသာစကားမျိုးရင်းသည် အင်ဒို-ဥရောပ ဘာသာစကားတစ်ခုတည်း မဟုတ်ကြောင်း သိရှိလာကြသည်။ ထို့ကြောင့် မူလပင်မ ဘာသာစကားကြီးများကို စူးစမ်းရှာဖွေ လေ့လာကြသောအခါ အောက်ပါတို့သည် ကမ္ဘာ၌ ထင်ရှားသော မူလပင်မ ဘာသာစကားကြီးများ ဖြစ်ကြကြောင်း တွေ့ရလေသည်။
 
ယင်းတို့ကား အင်ဒို-ဥရောပ၊ သို့မဟုတ် အာရိယန် ဘာသာစကား၊ ဟမီတို-ဆီးမစ်တစ် ဘာသာစကား၊ အင်ဒို-တရုတ်၊ သို့မဟုတ်၊ တိဗက်-တရုတ် ဘာသာစကား၊ယူရယ်-အယ်လတစ် ဘာသာစကားတို့ဖြစ်ကြသည်။ အင်ဒို-ဥရောပ ဘာသာစကားကြီး၏ အဆက်အနွယ်များတွင် ယခုကမ္ဘာ၌ အရေးပါ ထင်ရှားသော ဘာသာစကားများ ပါဝင်သည်။ ဟမီတို-ဆီးမစ်တစ် ဘာသာစကားကြီးတွင် ယဟူဒီ၊ ဗက်ဗီလုံးနီးယား၊ ဆီးရီးယား၊ အာရေဗျ၊ အီဂျစ်စသော ဘာသာစကားများ ပါဝင်သည်။ အင်ဒို-တရုတ်၊ သို့မဟုတ် တိဗက်-တရုတ် ဘာသာစကားကြီးတွင် တရုတ်၊ ယိုဒယား၊ တိဗက်၊ မြန်မာ စသော ဘာသာစကားများ ပါဝင်သည်။ ယူရယ်-အယ်လတစ် ဘာသာစကား ကြီးတွင်ဘာသာစကားကြီးတွင် ဖင်းနစ် ဘာသာစကား၊ အင်စတိုးနီးယန်း ဘာသာစကား၊ တူရကီ ဘာသာစကား၊ မွန်ဂိုလီယန် ဘာသာ စကားနှင့် မန်ချူး ဘာသာစကားတို့ပါဝင်လလေသည်။
 
အမေရိကတိုက်များမှ တိုင်းရင်းသား လူမျိုးများသည် လူမျိုး တစ်မျိုးလျှင် ဘာသာစကား တစ်မျိုးစီ ပြောဆိုကြ၍ တစ်မျိုးနှင့် တစ်မျိုး ဆက်သွယ်မှုလည်း မတွေ့ရ။ ပင်ရင်းမူလဘာသာစကား တစ်မျိုးတည်းမှ ဆင်းသက်သည့် လက္ခဏာများလည်း မတွေ့ရချေ။ အမေရိကတိုက်များတွင် ဘာသာစကားအမျိုးကွဲ အများဆုံး တွေ့ရသည်။
 
အာဖရိကတိုက်တွင် ဘာသာစကား အသုံးအနှုန်းတိုသည် များစွာ ထူးခြား၍ မျိုးစုအားဖြင့် အနည်းဆုံး ၅ မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ (၁) ဗွတ်ရှမန်းအစု (၂) ဗန္တူအစု (၃) ဆူဒန်အစု (၄) ဟမီတစ်အစုနှင့် (၅) ဆီးမစ်တစ်အစုတို့ဖြစ်ကြသည်။ အာဖရိကတိုက် ဘာသာစကားများကို လေ့လာရာတွင် များစွာ စိတ်ဝင်စား ဖွယ်စိတ်ဝင်စားဖွယ် ပြဿနာများနှင့် တွေ့ရ၍၊ ဘာသာစကား ဖြစ်ပေါ်လာပုံ၊ ကြီးပွားပုံ၊ စကားလုံး ပြောင်းလဲလာပုံတို့ကို ကောင်းစွာ လေ့လာနိုင်သည်ဟု ပညာရှင်တို့က ဆိုလေသည်။
 
အချို့ဘာသာစကားတို့မှာ ယခုထက်တိုင် မည်သည့အုပ်စု၊မည်သည့်အုပ်စု၊ မည်သည့်မျိုးရင်းတွင်မှ မပါဝင်ကြောင်း တွေ့ရသည်။ ပုံစံအားဖြင့် ဂျပန်ဘာသာစကားနှင့် ပြင်သစ်တောင်ပိုင်းဒေသ၌ လည်းကောင်း၊ စပိန်မြောက်ပိုင်းဒေသ တို့၌ လည်းကောင်း ပြောဆိုကြသော ဗတ်စ ဘာသာစကားတို့ဖြစ်ကြလေသည်။ဘာသာစကား တစ်မျိုးသည် ရှိရင်းစွဲအတိုင်း ရပ်တံ့တည်နေသည် မဟုတ်ချေ။ ယင်းတို့သည် နည်းအမျိုး မျိုးဖြင့် တိုးတက်ပြောင်းလဲနေကြသည်။ စစ်မက်အရေးကြောင့် လည်းကောင်း၊ ကုန်သွယ်မှုကြောင့်လည်းကောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံကြရသဖြင့် တစ်နိုင်ငံမှ စကားလုံးများ တစ်နိုင်ငံသို့ရောက်ကြရသည်။ ထိုအခါ ရှိရင်းဘာသာစကားတွင် စကားလုံး သစ်များ တိုးလာကြသည်။ ထို့ပြင် အချိန်ကာလ ကြာမြင့်သည့်အခါ၊ စကား လုံးများ၏စာလုံးပေါင်းများ၊ အသံထွက်များ၊ အဓိပ္ပာယ်များသည်လည်း ပြောင်းလာကြသည်။ စကားလုံးများ သည် ခက်ခဲသောအသံမှ လွယ်ကူသော အသံသို့လည်း ပြောင်းကြသည်။ အရေးခက်သော စကားလုံးများကို အရေးလွယ်အောင် ပြောင်းကြသည်။ လူတို့သည် ခက်ခက်ခဲခဲ ရှိခဲ့လျှင် လွယ်လွယ်ကူကူ ဖြစ်လေအောင် ကြိုးစား တက်ကြသည်မှာ ဓမ္မတာပေတည်း။ ထို့ကြောင့် ပုဂံခေတ်မြန်မာစာ အရေးအသားနှင့် ယခုခေတ် မြန်မာစာ အရေး အသားမတူသကဲ့သို့၊ ယခုခေတ် အင်္ဂလိပ်ဘာသာ အရေးအသားနှင့် ရှေးခေတ် အင်္ဂလိပ်ဘာသာ အရေးအသား တို့သည်လည်း မတူတော့ချေ။ ထို့ပြင် လူတို့သည် အသုံးအနှုန်းသစ်များကိုလည်း ထွင်လာကြသည်။ စက်မှုလုပ်ငန်း၊ သိပ္ပံပညာတို့တိုးတက်ထွန်းကားခြင်းသည် ဘာသာစကားတို့အား ဝေါဟာရ စကားလုံးအသစ်များဖြင့် တိုးပွားစေသည်။
 
ဘာသာစကားတို့သည် လွန်ခဲ့သောခေတ်များက စကားလုံးများပြောင်းလဲခြင်း၊ အသစ်အသစ် တိုးပွားခြင်းတို့ဖြစ်ခဲ့သည့်နည်းတူ ရှေ့အဖို့တွင်လည်း စကားလုံးများ ပြောင်းလဲခြင်း အသစ်အသစ် တိုးပွားခြင်း တို့ရှိနေမည်သာ ဖြစ်လေသည်။ စကားသစ်များ တိုးတက်နေစဉ် အချို့စကားလုံးများသည် တဖြည်းဖြည်း အသုံး နည်းကာ တိမ်ကော ပပျောက်သွားခြင်းများလည်း ရှိလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>