လူထုဦးလှ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၇ -
 
[[File:LuduUHla.JPG|thumb|လူထု ဦးလှ (၁၉၁၀ - ၁၉၈၂)]]
ဆယ်တန်း အောင်ပြီးနောက် စာရင်းကိုင် စာရေး သင်တန်း တက်ခဲ့သည်။ ထိုသို့တက်နေရင်း မှာပင် [[လူငယ်များ ကြီးပွားရေး အသင်း]] သတင်းများကို သတင်းစာ များသို့ ပေးပို့ ခဲ့သည်။ ၁၉၃၁ တွင် ဘောလုံးသမား တဦး အဖြစ် [[မြူနီစီပယ်]]တွင် ရာပြတ် [[အင်စပက်တော်]] ဝင်လုပ် ခဲ့သည်။ တပြိုင်တည်း မှာပင် လူငယ်များ ကြီးပွားရေး အသင်းတိုက် [[စာကြည့်တိုက်မှူး]]၊ လူငယ်များ ကြီးပွားရေး အသင်း ညကျောင်း ဆရာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၂ တွင် "ကြီးပွားရေး မဂ္ဂဇင်း" ထုတ်ဝေသည့် အခါ စာ စရေး ခဲ့သည်။ ၁၉၃၃ တွင် "ကြီးပွားရေး လမ်းညွှန် မဂ္ဂဇင်း" ထုတ်ဝေသည့် အခါတွင် "ကြီးပွားရေး မဂ္ဂဇင်း" ကို မန္ဈလေးသို့မန္တလေးသို့ ပြောင်းရွှေ့ ထုတ်ဝေ ခဲ့သည်။ စစ်အတွင်း၌ မဂ္ဂဇင်း ရပ်ဆိုင်း ထားပြီး ကိုယ်ပိုင် စာအုပ်များ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ထိုကာလ အထိ 'ကြီးပွားရေး မောင်လှ'၊ 'ကြီးပွားရေး အယ်ဒီတာ မောင်လှ' ကလောင် အမည်များကို အသုံးပြု ခဲ့သည်။
 
လူထု ဂျာနယ် ၁၅ ရက် တကြိမ်ထုတ်ကို ၁၉၄၅ တွင် လည်းကောင်း၊ လူထု သတင်းစာကို ၁၉ ဧပြီ ၁၉၄၆ တွင် လည်းကောင်း စတင် ထုတ်ဝေသော အခါ "လူထုဦးလှ" ကလောင် အမည် တွင်လာ ခဲ့သည်။ ၁၉၅၁ - ၅၂ တွင် လူထု ဂျာနယ်နှင့် သတင်းစာကို ပူးတွဲ ထုတ်ဝေ ခဲ့သည်။ ထိုအခါမှ စ၍ သတင်းစာ ဂျာနယ် လုပ်ငန်းကို ဇောက်ချ လုပ်ကိုင် ခဲ့သည်မှာ ၇ ဇူလိုင် ၁၉၆၇ တွင် လူထု သတင်းစာ ရပ်ဆိုင်း သွားခဲ့သည် အထိပင် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် လုံးချင်း စာအုပ်များ ကိုသာ ဆက်တိုက် ရေးထုတ် ခဲ့သည်။
 
စာပေနှင့် လူထု လူတန်းစား အဖွဲ့အစည်း များတွင် ပါဝင် ခဲ့သည်။ စာရေးဆရာ အသင်း အမှုဆောင် (၁၉၃၇) မန္ဈလေးမန္တလေး အာဇာနည် ၁၇ ဦး ဈာပနသို့ [[စာရေးဆရာ အသင်း]] ကိုယ်စားလှယ် (၁၉၃၈) ၊ ဂျပန်ခေတ် စာရေးဆရာ အသင်း အဝေးရောက် အမှုဆောင်၊ အာရှ လူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ (၁၉၄၃)၊ အထက် မြန်မာနိုင်ငံ ဖဆပလ အဖွဲ့ ဝါဒ ဖြန့်ချိရေးမှူး (၁၉၄၅)၊ အထက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ (၁၉၄၇)၊ [[ဗထူး]] အားကစားကွင်း ဒုတိယ ဥက္ကဋ္ဌ (၁၉၅၀) တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ဂျပန်ခေတ် [[အာရှလူငယ် အသင်း]] ခရိုင် ဥက္ကဋ္ဌ လုပ်ခဲ့ သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်းဆီး ခံရခြင်း အပါအဝင်၊ [[ဖဆပလ]]ခေတ်၊ [[မဆလ]] ခေတ်တို့၌ ၅ ကြိမ်တိတိ ဖမ်းဆီး ခံခဲ့ ရသည်။
 
သတင်းစာနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ် ၁၉၅၂ တွင် ဆိုဗီယက်၊ တရုတ်၊ ချက်၊ အရှေ့ဂျာမနီ၊ ၁၉၅၇ တွင် သီရိလင်္ကာ၊ ၁၉၆၀ တွင် အင်္ဂလန်၊ ပြင်သစ်နှင့် အနောက် ဂျာမနီ၊ ဂျပန်၊ ၁၉၆၂ တွင် အင်ဒိုနီးရှားနိုင်ငံ များသို့ သွားရောက်ခဲ့သည်။