ဇော်ဝိတ်: တည်းဖြတ်မှု မူကွဲများ

အလေးမ အားကစားသမား
စာမျက်နှာအသစ်: :အသက်ရှည်ရှည် ကမ္ဘာတည် :ဇာနည်ဇော်ဝိတ် ဖြစ်လတ္တံ့။ :ဇော်ဝ...
(ကွဲပြားမှု မရှိ)

၀၄:၃၃၊ ၃၀ အောက်တိုဘာ ၂၀၁၀ ရက်နေ့က မူ

အသက်ရှည်ရှည် ကမ္ဘာတည်
ဇာနည်ဇော်ဝိတ် ဖြစ်လတ္တံ့။
ဇော်ဝိတ်ဖြစ်ကာ ပြည်မြန်မာ
ရတနာမိုး ရွာသွန်းဖြိုး
ကောင်းကျိုးခပ်သိမ်း တည်လတ္တံ့။
သခင်ကိုယ်တော်မှိုင်း

တောင်ဥက္ကလာပမြို့ သစ္စာလမ်းထိပ်တွင် သစ်သား ၂ ထပ်အိမ်တစ်လုံးရှိသည်။ ထိုအိမ်၌ တစ်ခါက တောရောမြို့ပါမကျန် လူသိများ၍ ထင်ရှားကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး နေထိုင်ခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ အခြားသူမဟုတ်။ လူသန်ကြီး ဦးဇော်ဝိတ်ပင် ဖြစ်လေသည်။ ဦးဇော်ဝိတ်သည် မြန်မာနိုင်ငံတွင်သာလူသန်ကြီးအဖြစ် ထင်ရှားသည် မဟုတ်ချေ။ အိန္ဒိယနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတစ်ခုလုံး၌လည်း လူသန်ကြီးအဖြစ် ထင်ရှားသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသာမက အိန္ဒိယနိုင်ငံနှင့် ဗြိတိသျှအင်ပါယာ တစ်ခုလုံးတွင်ပါ အလေးမ တံခွန်စိုက်ဘွဲ့ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်သို့ မြန်မာလူမျိုးများ သွားရောက်ယှဉ်ပြိုင်ရန် အိမ်မက်မျှပင် မမက်ဖူးစဉ် ဦးဇော်ဝိတ်သည် မြန်မာလူမျိုးများထဲမှ ပထမဆုံးသွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သူဖြစ်ပေသည်။ ဦးဇော်ဝိတ်ကို ၁၉၉၁ ခုမတ်လ ၇ ရက်နေ့တွင် ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့အပိုင် နတ်စင်ကုန်းကျေးရွာ၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။ အဖမှာ ဦးပေတေ၊ အမိမှာ ဒေါ်လေးမေ ဖြစ်၍ လယ်ပိုင်ရှင်များ ဖြစ်ကြသည်။ ဇော်ဝိတ်ဟူသော အမည်သည် ကြီးပြင်းသောအခါမှ ပြောင်းလဲမှည့်ခေါ်သည် မဟုတ်ချေ။ ငယ်စဉ်ကပင် မှည့်ခေါ်လာသော အမည်ဖြစ်သည်။ အဘိုးဖြစ်သူမှာ ပညာရှိတစ်ဦးဖြစ်၍ မြေးငယ်များကို အမည်ထူးထူးဆန်းဆန်း မှည့်ခေါ်သောကြောင့် ဖြစ်သည်။ ဦးဇော်ဝိတ်တွင် မွေးချင်း ၃ ယောက်ရှိရာ အစ်မနှစ်ယောက်မှာ ဒေါ်လှဗျော်နှင့် ဒေါ်ဇော်ရှိန်တို့ ဖြစ်ကြသည်။ အဘိုးဖြစ်သူသည် ဦးဇော်ဝိတ်တို့ကိုသာမက အခြားသော ဆွေမျိုးသားချင်းများကိုလည်း အံ့ချီး၊ တော်ဦး၊ သာတော်၊ ဝေဖြိုး စသည်ဖြင့် အမည်ထူး အမည်ဆန်းများ ပေးခဲ့သူဖြစ်သည်။ ဦးဇော်ဝိတ်သည် ကြီးပြင်းမှသာ လူသန်ကြီးဖြစ်သော်လည်း ငယ်စဉ်ကမူ အလွန် ချူချာခဲ့သည်။ ၄နှစ်သား အရွယ်ရောက်မှ မတ်တတ်သွားနိုင်သည်။