ညွန့်ဝင်း: တည်းဖြတ်မှု မူကွဲများ

အမည်နာမအား ပြုပြင်ထားပါသည်
စာကြောင်း ၅ -
မြဇော်ဖလင်မှာ ရွှေမန်းတင်မောင်နှင့် '''[[ဝိမာန ဇာတ်ကား]]'''ရိုက်ကူးရာမှစ၍ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ညွန့်ဝင်းသည် ရုပ်ရှင်မှာ သူနှင့်အလှမ်းမကွာလှ မစိမ်းလှဟု ယူဆသည်။ နိုင်ငံခြားရုပ်ရှင် အကြည့်အရှုများခဲ့ခြင်း၊ ကျောင်းကပွဲ ဆိုပွဲများမှ အလေ့အကျင့်ရခဲ့ခြင်းတို့က သူ့အား အထောက်အကူပြုလိမ့်မည်ဟု မြော်လင့်သည်။ ငယ်စဥ်ကလည်း ရုပ်ရှင်မင်းသား ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက်ထားခဲ့ဖူးသည်။ ထို့ကြောင့် ရုပ်ရှင်လောကသို့ ခြေချခွင့်ရမည်ကို ဝမ်းပန်းတသာ လက်ခံလိုက်သည်။
 
ပထမဆုံး စတင်သရုပ်ဆောင်သော ဇာတ်ကားမှာ မြဇော်ဖလင်မှ '''[[ဒါရိုက်တာသိန်းဇော်]]''' ရိုက်ကူးသော '''[[သတို့သမီးအလိုရှိသည်]]''' ဇာတ်ကားဖြစ်သည်။ ကြည်စိုး၊ အောင်တင်၊ [[ခင်သန်းနု]]၊ [[အေးအေးသင်း]] ၊ [[ဘေဘီနွဲ့]]၊ ကြယ်နီတို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်း၏ သရုပ်ဆောင်မှုအပိုင်းမှာ ထူးခြားမှုမရှိသော်လည်း '''အချော့တော်''' သီချင်းကိုမူ ပရိသတ်က လက်ခံခဲ့ကြသည်။ ဒုတိယမြောက် ပါဝင်သရုပ်ဆောင်သော ဇာတ်ကားမှာ ဒါရိုက်တာ[[ဒါရိုက်တာအေဝမ်းမောင်တင်မောင်|ဒါရိုက်တာအေဝမ်းဦးတင်မောင်အေဝမ်းတင်မောင်]] ရိုက်ကူးသော '''မမထားနှင့် အပါ''' ဇာတ်ကားဖြစ်သည်။ [[မြင့်⁠မြင့်​ခင် (ရုပ်ရှင်သရုပ်​ဆောင်)|မြင့်မြင့်ခင်]]၊ အောင်တင်၊ ဘေဘီနွဲ့တို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဤဇာတ်ကားမှ စတင်ပြီး ညွန့်ဝင်း၏သရုပ်ဆောင်မှုကို ပရိသတ်လက်ခံလာကြသည်။ အေဝမ်းမောင်တင်မောင်ထံမှ ရုပ်ရှင်ပညာရရန်သာ အဓိကထားပြီး ငွေကြေးတောင်းဆိုမှု လုံးဝမရှိဘဲ သရုပ်ဆောင်ခဲ့သော ဇာတ်ကားဖြစ်သည်။ ခေါင်းဆောင်မင်းသမီး မြင့်မြင့်ခင်ကလည်း သရုပ်ဆောင်မှုများ၌ ညွန့်ဝင်းကို လက်တွဲခေါ်ခဲ့သည်။
 
ရုပ်ရှင်လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သော ဇာတ်ကားမှာ [[ဒါရိုက်တာအေဝမ်းမောင်လှမျို|ဒါရိုက်တာအေဝမ်းမောင်လှမျိုး]] ရိုက်ကူးသော [[ဗန်တိုလူလေးနှင့် သူဇာ]] ဇာတ်ကားပင် ဖြစ်သည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်းသည် လူကောင်းနှင့်လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ ဇာတ်လမ်းနှင့် အံဝင်သောသရုပ်ဆောင်ချက်များကြောင့် [[မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု|မြန်မာ့ရုပ်ရှင်ထူးချွန်ဆု]] ပထမဆုံး ဆွတ်ခူးရရှိခဲ့သည်။ ညွန့်ဝင်း၏အနုပညာသက်တမ်းတစ်လျှောက် အများဆုံးတွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီး ၂ ဦးမှာ အကယ်ဒမီ[[ဝါဝါဝင်းရွှေ]]နှင့် အကယ်ဒမီခင်သန်းနုတို့ ဖြစ်သည်။ ညွန့်ဝင်း၏ဇာတ်ကားများစွာကို ကြီးကြပ်ရိုက်ကူးခဲ့သော ဒါရိုက်တာမှာ အေဝမ်းမောင်လှမျိုး ဖြစ်သည်။