အာဟာရချို့တဲ့ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၃ -
 
==ဆင်းရဲခြင်းနှင့် စားနပ်ရိက္ခာဈေးနှုန်းများ==
စားနပ်ရိက္ခာများပြားစွာ ပြတ်လပ်ခြင်းသည် နည်းပညာချို့တဲ့သည့်နိုင်ငံများတွင် အာဟာရချို့တဲ့ စေသည့် အကြောင်း အရာ တစ်ရပ်အဖြစ် ပါဝင်နေသည်။ [[FAO]] (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) မှ ခန့်မှန်းသည် မှာ ရှစ်ဆယ်ရာခိုင်နှုန်းသော အာဟာရမပြည့်ဝသည့် ကလေးသူငယ်များသည် စားနပ်ရိက္ခာပိုလျှံစွာ ထုတ်လုပ် သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသည်။ စီးပွားရေးပညာရှင် အမတ်ရဆန် (Amartya Sen) က မကြာသေးမီ ဆယ်စုနှစ်အများအတွင်းက ကမ္ဘာ့ပေါ်ရှိ လူသား အားလုံးကို ကျွေးနိုင်ရန် စားနပ်ရိက္ခာမှာ လုံလောက်မှုရှိသောကြောင့် စားနပ်ရိက္ခာ ခေါင်းပါးမှုတွင် ရိက္ခာ ဖြန့်ဖြူးမှု ပြဿနာသည် အမြဲတမ်းရှိနေသည်/သို့မဟုတ် ဆင်းရဲမှုကြောင့်ဖြစ်သည် ဟုလေ့လာတွေ့ရှိထားသည်။ သူကပြောဆိုထားသည်မှာ အာဟာရချို့တဲ့ မှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့သည် စားနပ်ရိက္ခာဖြန့်ဖြူးမှုပြဿနာနှင့် ဝယ်လိုအားတို့နှင့် ပိုပြီးဆက်နွယ်နေသည်။
 
ယင်းအချက်သည် စားသောက်ကုန်ဈေးကစားသူများကြောင့် ဈေးနှုန်းများမြင့်တက်လာသည်ကို ညွှန်းဆိုသည်။ [[အမေရိကန်ပြည်ထောင်စု|အမေရိကန်နိုင်ငံ]]တွင် အိမ်ခြံမြေလုပ်ငန်းများ ကျဆုံးပြိုလဲခဲ့ပြီးနောက် သန်းပေါင်းများစွာ သော ဒေါ်လာငွေများသည် အစားအစာနှင့် အဓိက လူသုံးကုန်ပစ္စည်းများတွင် ထည့်သွင်းရင်းနှီးခဲ့ကြသည့် အတွက် 2007-2008 စားသောက်ကုန်ဈေးနှုန်း ပြဿနာ ဖြစ်ရသည်ဟု ပြောဆိုခဲ့သည်။ သုံးစွဲနေကျ လောင်စာများနေရာတွင် ဇီဝလောင်စာများ အစားထိုး သုံးစွဲလာသည့် အတွက်ကြောင့် အာဟာရဓာတ်အတွက် အစားအစာ ထောက်ပံ့မှု လျောနည်းလာပြီး စားသောက်ကုန်ဈေးနှုန်းများကို တက်လာစေပါသည်။ [[ကုလသမဂ္ဂ]]အဖွဲ့၏ စားနပ်ရိက္ခာ အခွင့်အရေးအတွက် အထူးသတင်းထောက်ဖြစ်သူ ဂျင်းဇီးဂလာ (Jean Ziegler) အဆိုပြုထားသည်မှာ သီးနှံများထက် ပြောင်းဖူးရိုး ၊ ငှက်ပျောရွက်စသည့် လယ်ယာစွန့်ပစ်ပစ္စည်းများကို လောင်စာအဖြစ် သုံးစွဲနိုင်သည်။