ပန်ဒါနီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၄ -
== တွေ့ရှိရာအရပ်နှင့် ကျက်စားရာ သဘာဝပတ်ဝန်းကျင် ==
ပန်ဒါနီကို ဟိမဝန္တာတောင်တန်းရှိ သမပိုင်းသစ်တောများတွင်သာ တွေ့ရသည်။ [[နီပေါနိုင်ငံ]]အနောက်ပိုင်းမှသည် အရှေ့ဘက်တွင် [[တရုတ်ပြည်]]အထိ တွေ့ရသည်။ ပန်ဒါနီကို တွေ့ရသည့် အရှေ့ဘက်စွန်းနယ်နမိတ်မှာ တရုတ်ပြည်၊ [[ရှန်ရှီးပြည်နယ်]]ရှိ [[ကျင်လင်တောင်တန်း]]များ ဖြစ်သည်။ [[တိဘက်]]တောင်ပိုင်း၊ [[အိန္ဒိယနိုင်ငံ]]၏ [[အာသံ]]နှင့် [[ဆစ်ကင်]] ပြည်နယ်၊ [[ဘူတန်]]၊ [[မြန်မာနိုင်ငံ]]မြောက်ပိုင်း၊ တရုတ်ပြည်အနောက်တောင်ပိုင်း တို့တွင်လည်း တွေ့ရသည်။
 
ပန်ဒါနီတို့ကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၂၀ဝ မှ ၄၈၀ဝ (၇၂၀ဝ မှ ၁၅၇၀ဝ ပေ) အတွင်းတွင် တွေ့ရသည်။ ပန်ဒါနီများသည် ၁၀ မှ ၂၅ ဒီဂရီ စင်တီဂရိတ်အတွင်းရှိသည့် အပူချိန် ကို နှစ်သက်သည်။
 
== မျိုးပွားခြင်း ==
ပန်ဒါနီများသည် မိတ်လိုက်ရာသီမှလွဲလျှင် ကျန်အချိန်များတွင် တစ်ကောင်တည်းနေတတ်သောသတ္တဝါများ ဖြစ်သည်။ (၁၈)လသားအရွက်တွင် ကြင်ဖက်ကို ရှာဖွေတတ်သည်။ ဇန်နဝါရီလလယ်မှ မတ်လအထိမှာ မိတ် လိုက်ရာသီ ဖြစ်သည်။ အဆိုပါအချိန်တွင် နေထိုင်ရန်အတွက် ငှက်သိုက်ကဲ့သို့သော အသိုက်မျိုးကို သစ်ပင်ကြီး များပေါ်တွင် ဆောက်လုပ်တတ်ပါသည်။ အသိုက်ကို သစ်ကိုင်း၊ သစ်ရွက်များဖြင့် ဆောက်လုပ်ကြပါသည်။
ပျမ်းမျှအားဖြင့် ပန်ဒါနီအမတစ်ကောင်၏ သားလွယ်ကာလမှာ ၁၁၂ မှ ၁၅၈ ရက် အတွင်း ဖြစ်ပြီး ဇူလိုင်လ နှောင်းပိုင်းမှ ဇွန်လလယ်အတွင်း သားပေါက်တတ်သည်။ သား တစ်ကောင်မှ ၄ကောင်အထိ ပေါက်တတ်သည်။ မွေးကင်းစပန်ဒါနီအကောင်လေး၏ ကိုယ်အလေးချိန်မှာ ၁၁၀ မှ ၁၃၀ ဂရမ် (၃.၉ မှ ၄.၆ အောင်စ) ဖြစ်သည်။ မွေးကင်းစမှ ရက်ပေါင်း(၉၀)တိုင်အောင် မိခင်မှ စောင့်ရှောက်ပေးပြီး ယင်းနောက်ပိုင်းတါင် မိမိဖာသာ ရှာဖွေစား သောက်ပြီး သီးခြားလည်း နေထိုင်ကျက်စားကြသည်။ သက်တမ်းမှာ ၈နှစ်မှ ၁၀နှစ်အတွင်း ရှိသော်လည်း ၁၅ နှစ်အထိ အသက်ရှင်နေထိုင်သွားသည့်မှတ်တမ်းများ ရှိပါသည်။
 
== ခြိမ်းခြောက်နေသော အန္တရာယ်များ ==
ပန်ဒါနီများအတွက် အဓိကခြိမ်းခြောက်နေသောအန္တရာယ်များမှာ သစ်တောများ ခုတ်ထွင်ရှင်းလင်းရာမှ နောက် ဆက်တွဲ ဖြစ်ပေါ်လာသည့် သစ်တောများ ပျက်စီးဆုံးရှုံးလာမှု၊ လူသားတို့၏ပယောဂကြောင့် သေကြေပျက်စီးမှု၊ ပြည်တွင်း အသားထုတ်ကုန်ဈေးကွက်နှင့်အပြိုင် ဖမ်းဆီးသတ်ဖြတ်ခံရမှုများက အနာဂတ်ကာလတွင် ပန်ဒါနီ များအား မျိုးသုဉ်းပျောက်ကွယ်နိုင်သည့်အခြေအနေများ ဖြစ်ပါသည်။
ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် ပန်ဒါနီများအား ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သစ်တောများ ခုတ်ထွင်ရှင်း လင်းခြင်းတို့က ပန်ဒါနီများအား မျိုးသုဉ်းလုနီးပါးအခြေအနေသို့ ဆိုက်ရောက်စေပါသည်။ ထို့အတူ တရုတ်ပြည် တွင်လည်း အစားအစာအတွက် ပန်ဒါနီများအား ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေပါသည်။ အိုင်ယူစီအန်၏ အစီရင်ခံစာအရ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်အတွင်းကပင် ဟိမဝန္တာ၏အနောက်ပိုင်းဒေသများအတွင်း ဥပဒေ မဲ့ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ပန်ဒါနီ ၄၀ % ခန့် သေကြေပျက်စီးခဲ့ရသည်။ ပန်ဒါနီများ၏ အဓိကရန်သူမှာ နှင်းကျားသစ်နှင့် လူသား ဖြစ်သည်။
 
== ကာကွယ်ထိန်းသိမ်းမှု ==
အိုင်ယူစီအန်၏အနီရောင်စာရင်းတွင် ပါဝင်သည့် ပန်ဒါနီများသည် လက်ရှိအချိန်တွင် ကောင်ရေတစ်သောင်းခန့် သာ ကျန်ရစ်တော့သည်။ ပန်ဒါနီများ ရှင်သန်ကျက်စားရာနိုင်ငံများတွင်လည်း တရားမဝင်ဖမ်းဆီးမှုများ မပြုလုပ်ရန် ကာကွယ်တားဆီးသည့် ဥပဒေများ ထုတ်ပြန်ထားသည်။ သာဓကအားဖြင့် တရုတ်နိုင်ငံတွင် ပန်ဒါနီ များ ကျက်စားသည့်နေရာများကို ကာကွယ်ထားသည်။ ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း ပန်ဒါနီများအတွက် ဘေးမဲ့တောများ သတ်မှတ်ထားရာ ယင်းဘေးမဲ့တောများတွင် ကန်ချန်ဇွန်ဂါ အမျိုးသားဥယျာဉ်၊ နန်ဒါဖ အမျိုးသားဥယျာဉ်တို့လည်း ပါဝင်သည်။ ထိုနည်းတူ နီပေါနှင့် ဘူတန်နိုင်ငံများတွင်လည်း ပန်ဒါနီများအား မျိုးမ ပြုန်းစေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက် ရှိနေသည်။
 
 
== ကိုးကား ==